
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်
အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့
အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားချင်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရယူနေပြီး
အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် အဓိကတိုက်စစ်ကစားသမား ဂျေးဆု
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ
မျှော်လင့်ချက်အတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။
အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက်တိုက်စစ်ကစားသမား မက်ဒ်ဒရပ်ခ်ကို
ခေါ်ယူဖို့ အာရုံစိုက်ချိတ်ဆက်နေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ဆိုရင်
နေရာစုံမှာ နောက်ထပ်ကစားသမားသစ် အင်အားဖြည့်ဖို့ လိုအပ်နေပါတယ်။
ဝက်စ်ဟမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာက “နွေရာသီ
အပြောင်းအရွှေ့တုန်းက,ကစားသမားသစ်တွေကို စောစောစီးစီး ခေါ်ယူနိုင်ခဲ့တာဟာ
ဘယ်လောက်အထိ အကျိုးရှိစေခဲ့လဲဆိုတာ ကျွန်တော်တို့ အားလုံးအသိပဲဖြစ်ပြီး
လာမယ့်ဇန်နဝါရီကျရင်လည်း အဲဒီအတိုင်းပဲ ဆောင်ရွက်သွားချင်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ကစားသမားတွေကို ခပ်မြန်မြန်ခေါ်ပြီး အသင်းမှာ
မြန်မြန်အထိုင်ကျသွားအောင် ဆောင်ရွက်သွားချင်ပါတယ်။ တစ်ခု အာမခံနိုင်တာက
ကျွန်တော်တို့ဟာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားမယ်ဆိုတာပါပဲ။ ဒါပေမဲ့ အသင်းနဲ့
အံမဝင်မယ့် ကစားသမားမျိုးတော့ မခေါ်ပါဘူး။ အသင်းရဲ့ စွမ်းဆောင်ရည်
ပိုကောင်းလာအောင် နိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားကိုပဲ ခေါ်ယူသွားမှာ
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
အာဆင္နယ္အသင္းနည္းျပအာတီတာဟာ ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္
အတြက္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ ကစားသမားသစ္ေခၚယူအားျဖည့္ဖို႔
အျမန္ဆုံး စီစဥ္ေဆာင္႐ြက္သြားခ်င္ေနပါတယ္။
အာဆင္နယ္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းေတြ ရယူေနၿပီး
အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနေပမယ့္ အဓိကတိုက္စစ္ကစားသမား ေဂ်းဆု
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒူးဒဏ္ရာရရွိခဲ့တာေၾကာင့္ အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ
ေမွ်ာ္လင့္ခ်က္အတြက္ ထိုးႏွက္ခ်က္ျဖစ္လာပါတယ္။
အာဆင္နယ္အသင္းဟာ ရွက္တာဒိုးနက္တိုက္စစ္ကစားသမား မက္ဒ္ဒရပ္ခ္ကို
ေခၚယူဖို႔ အာ႐ုံစိုက္ခ်ိတ္ဆက္ေနေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ဖို႔ဆိုရင္
ေနရာစုံမွာ ေနာက္ထပ္ကစားသမားသစ္ အင္အားျဖည့္ဖို႔ လိုအပ္ေနပါတယ္။
ဝက္စ္ဟမ္းပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ အာတီတာက “ေႏြရာသီ
အေျပာင္းအေ႐ႊ႕တုန္းက,ကစားသမားသစ္ေတြကို ေစာေစာစီးစီး ေခၚယူႏိုင္ခဲ့တာဟာ
ဘယ္ေလာက္အထိ အက်ိဳးရွိေစခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ အားလုံးအသိပဲျဖစ္ၿပီး
လာမယ့္ဇန္နဝါရီက်ရင္လည္း အဲဒီအတိုင္းပဲ ေဆာင္႐ြက္သြားခ်င္ပါတယ္။
ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ကစားသမားေတြကို ခပ္ျမန္ျမန္ေခၚၿပီး အသင္းမွာ
ျမန္ျမန္အထိုင္က်သြားေအာင္ ေဆာင္႐ြက္သြားခ်င္ပါတယ္။ တစ္ခု အာမခံႏိုင္တာက
ကြၽန္ေတာ္တို႔ဟာ တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူသြားမယ္ဆိုတာပါပဲ။ ဒါေပမဲ့ အသင္းနဲ႔
အံမဝင္မယ့္ ကစားသမားမ်ိဳးေတာ့ မေခၚပါဘူး။ အသင္းရဲ႕ စြမ္းေဆာင္ရည္
ပိုေကာင္းလာေအာင္ ႏိုင္လိုစိတ္ျပင္းထန္တဲ့ ကစားသမားကိုပဲ ေခၚယူသြားမွာ
ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။