ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို ရပ်ရှ်ဖို့ဒ်နဲ့ အာတီတာတို့ ဆွတ်ခူး

ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး

ဆုတွေကို မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား
ရပ်ရှ်ဖို့ဒ်နဲ့ အာဆင်နယ်အသင်းနည်းပြအာတီတာတို့ ဆွတ်ခူးခဲ့
ကြပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ
(၃)ဂိုးအထိသွင်းယူခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာတဲ့
အချိန်ကစလို့ ပြိုင်ပွဲစုံ(၁၂)ပွဲကစား၊ (၁၀)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အခုဆုက ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်
(၃)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီ၊ ၂၀၂၂ စက်တင်ဘာနဲ့
၂၀၂၃ ဇန်နဝါရီလတွေမှာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး

ဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ တစ်ရာသီအတွင်း
ပရီးမီးယာလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်
ရရှိခဲ့တာက ဒါ ပထမဆုံးပါပဲ။

ရပ်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုအပြင်
ဇန်နဝါရီလအတွက် ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံး
ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အာဆင်နယ်
အသင်းနဲ့အတူ ရလဒ်ကောင်းတွေ ရယူနေတဲ့ နည်းပြ

အာတီတာကတော့ ဒီရာသီမှာ (၃)ကြိမ်မြောက် ပရီးမီးယားလိဂ်
အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အာတီတာဟာ သြဂုတ်၊ နိုဝင်ဘာ/ဒီဇင်ဘာနဲ့ အခု ဇန်နဝါရီလတွေမှာ
တစ်လတာအကောင်းဆုံးနည်းပြဆု ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဂန္ထဝင်
နည်းပြကြီး အာစင်ဝင်းဂါးတောင် ဒီဆုကို တစ်ရာသီအတွင်း (၃)ကြိမ်
မရခဲ့ဘဲ တစ်ရာသီအတွင်း အကောင်းဆုံးနည်းပြဆု (၃)ကြိမ်ရရှိတဲ့
ပထမဆုံးအာဆင်နယ်နည်းပြအဖြစ် အာတီတာ မှတ်တမ်းဝင်ခဲ့ပါပြီ။

ဇန်နဝါရီလရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ယူနိုက်တက်နဲ့(၁-၁)ဂိုးစီ
သရေကျတဲ့ပွဲမှာ ဖရီးကစ်ကနေ လှလှပပသွင်းယူခဲ့တဲ့

ခရစ္စတယ်ပဲလေ့စ်ကစားသမား အိုလီဆေးက ဆွတ်ခူးခဲ့ပါတယ်။

[Zawgyi]

ဇန္နဝါရီလအတြင္း ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး

ဆုေတြကို မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္နဲ႔ အာဆင္နယ္အသင္းနည္းျပအာတီတာတို႔ ဆြတ္ခူးခဲ့
ၾကပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ ဇန္နဝါရီလအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္(၄)ပြဲမွာ
(၃)ဂိုးအထိသြင္းယူခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ျပန္လာတဲ့
အခ်ိန္ကစလို႔ ၿပိဳင္ပြဲစုံ(၁၂)ပြဲကစား၊ (၁၀)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အခုဆုက ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္
(၃)ႀကိမ္ေျမာက္ရရွိခဲ့တာျဖစ္ၿပီး ၂၀၁၉ ဇန္နဝါရီ၊ ၂၀၂၂ စက္တင္ဘာနဲ႔
၂၀၂၃ ဇန္နဝါရီလေတြမွာ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး

ဆုေတြကို ဆြတ္ခူးခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ တစ္ရာသီအတြင္း
ပရီးမီးယာလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို (၂)ႀကိမ္
ရရွိခဲ့တာက ဒါ ပထမဆုံးပါပဲ။

ရပ္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုအျပင္
ဇန္နဝါရီလအတြက္ ယူႏိုက္တက္အသင္းရဲ႕ အေကာင္းဆုံး
ကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အာဆင္နယ္
အသင္းနဲ႔အတူ ရလဒ္ေကာင္းေတြ ရယူေနတဲ့ နည္းျပ

အာတီတာကေတာ့ ဒီရာသီမွာ (၃)ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္
အေကာင္းဆုံးနည္းျပဆုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အာတီတာဟာ ၾသဂုတ္၊ ႏိုဝင္ဘာ/ဒီဇင္ဘာနဲ႔ အခု ဇန္နဝါရီလေတြမွာ
တစ္လတာအေကာင္းဆုံးနည္းျပဆု ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္ဂႏၴဝင္
နည္းျပႀကီး အာစင္ဝင္းဂါးေတာင္ ဒီဆုကို တစ္ရာသီအတြင္း (၃)ႀကိမ္
မရခဲ့ဘဲ တစ္ရာသီအတြင္း အေကာင္းဆုံးနည္းျပဆု (၃)ႀကိမ္ရရွိတဲ့
ပထမဆုံးအာဆင္နယ္နည္းျပအျဖစ္ အာတီတာ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဇန္နဝါရီလရဲ႕ အေကာင္းဆုံးသြင္းဂိုးဆုကို ယူႏိုက္တက္နဲ႔(၁-၁)ဂိုးစီ
သေရက်တဲ့ပြဲမွာ ဖရီးကစ္ကေန လွလွပပသြင္းယူခဲ့တဲ့

ခရစၥတယ္ပဲေလ့စ္ကစားသမား အိုလီေဆးက ဆြတ္ခူးခဲ့ပါတယ္။