ဇနီးသည်ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုအကြောင်း ရင်နာနာနဲ့ဖွင့်ဟလာခဲ့တဲ့ ရိုးမားသစ္စာရှင် တော့တီ

၂၀၀၅ ခုနှစ် ဇွန်လ ၁၉ ရက်တုန်းက ရောမရဲ့ဆန်တာမာရီယာဘုရားကျောင်းမှာ ခမ်းနားသိုက်မြိုက်တဲ့ မင်္ဂလာပွဲတစ်ခုရှိခဲ့ဖူးတယ်။ ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခံရတဲ့အထိ ပရိသတ်စိတ်ဝင်စားခဲ့သလို သန်းနဲ့ချီပြီး ကြည့်ရှုအားပေးခဲ့ကြတယ်။

ရရှိလာတဲ့ မူပိုင်အခကြေးငွေကို ပရဟိတအဖွဲ့တွေဆီ လှူဒန်းခဲ့တာကြောင့်လည်း မင်္ဂလာမောင်နှံရဲ့မွန်မြတ်မှုကို အားလုံးကောင်းချီးပေးခဲ့ကြတယ်။ အဲဒါ တော့တီရဲ့မင်္ဂလာပွဲပါ။ ရိုးမားတစ်သင်းတည်းမှာကစားခဲ့တဲ့ သစ္စရှင်အီတလီသားကြီးရဲ့မင်္ဂလာပွဲဖြစ်ပါတယ်။

ဒါပေမဲ့ ဇနီးသည် အိုင်လာရီဘလာစီနဲ့အတူ ၁၇ နှစ်ကြာဖြတ်သန်းခဲ့တဲ့ မိသားစုရိပ်မြုံလေးဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ပြိုကွဲပျက်စီးသွားခဲ့ရပါပြီ။ အီတလီရဲ့ဘက်ခမ်းမောင်နှံလို့ တင်စားခံခဲ့ရတဲ့ အားကျစရာအိမ်ထောင်ရေးတစ်ခု ပြိုလဲသွားခဲ့ရပါပြီ။

သားသမီး ၃ ဦးပိုင်ဆိုင်တဲ့အထိ ချည်နှောင်ထားတဲ့ သံယောဇဉ်နှောင်ကြိုးတွေ ဘာကြောင့် ပြတ်တောက်သွားခဲ့ရတာလဲဆိုတာ Corriere della Sera နဲ့ အင်တာဗျူးမှာ တော့တီက ဖွင့်ဟလာခဲ့ပါတယ်။ “ ကျွန်တော့်ဘက်က သစ္စာဖောက်တာမဟုတ်ဘူးဆိုတာ

အရင်ပြောပါရစေ။ ကောလာဟလတွေများလွန်းလို့သာ ကျွန်တော် အမှန်တရားကို မပြောချင်ဘဲပြောရတော့မှာပါ။ ပေါင်းသင်းလာတဲ့သက်တမ်းတစ်လျှောက် ဇနီးသည်ဖုန်းကို စစ်တာမျိုး ကျွန်တော်တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။

ယုံကြည်ရတဲ့သူတွေ ပြောလွန်းအားကြီးတော့မှ ကျွန်တော် စစ်မိခဲ့တာပါ။ ဒီတော့ အောင်သွယ်တော်တစ်ယောက်ကို တွေ့ခဲ့ရတယ်။ ဟိုတယ်မှာတွေ့မယ်ဆိုတာမျိုးတွေ ကျွန်တော် တွေ့ခဲ့ရတာပါ ” လို့ အီတလီတိုက်စစ်မှူးဟောင်းက ဖွင့်ဟသွားခဲ့ပါတယ်။ သတင်းတွေအရတော့

ဘလာစီနဲ့ဖောက်ပြန်ခဲ့သူဟာ သူ့ရဲ့သီးသန့်ထရိန်နာ ခရစ္စတီယာနိုလိုဗီနိုဖြစ်ကြောင်း သိရပါတယ်။ အဲဒီတုန်းက စိတ်ကျရောဂါခံစားရတဲ့အထိ တော့တီတစ်ယောက် အသည်းကွဲခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူ့ထက် ၁၁ နှစ်ငယ်တဲ့ နိုမီဘော့ချီဆိုတဲ့ကောင်မလေးရင်ခွင်မှာ အေးချမ်းနေပါပြီ။

(zawgyi)

၂၀၀၅ ခုႏွစ္ ဇြန္လ ၁၉ ရက္တုန္းက ေရာမရဲ႕ဆန္တာမာရီယာဘုရားေက်ာင္းမွာ ခမ္းနားသိုက္ၿမိဳက္တဲ့ မဂၤလာပြဲတစ္ခုရွိခဲ့ဖူးတယ္။ ႐ုပ္သံလိုင္းေတြကေန တိုက္႐ိုက္ထုတ္လႊင့္ခံရတဲ့အထိ ပရိသတ္စိတ္ဝင္စားခဲ့သလို သန္းနဲ႔ခ်ီၿပီး ၾကည့္ရႈအားေပးခဲ့ၾကတယ္။

ရရွိလာတဲ့ မူပိုင္အခေၾကးေငြကို ပရဟိတအဖြဲ႕ေတြဆီ လႉဒန္းခဲ့တာေၾကာင့္လည္း မဂၤလာေမာင္ႏွံရဲ႕မြန္ျမတ္မႈကို အားလုံးေကာင္းခ်ီးေပးခဲ့ၾကတယ္။ အဲဒါ ေတာ့တီရဲ႕မဂၤလာပြဲပါ။ ႐ိုးမားတစ္သင္းတည္းမွာကစားခဲ့တဲ့ သစၥရွင္အီတလီသားႀကီးရဲ႕မဂၤလာပြဲျဖစ္ပါတယ္။

ဒါေပမဲ့ ဇနီးသည္ အိုင္လာရီဘလာစီနဲ႔အတူ ၁၇ ႏွစ္ၾကာျဖတ္သန္းခဲ့တဲ့ မိသားစုရိပ္ၿမဳံေလးဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာေတာ့ ၿပိဳကြဲပ်က္စီးသြားခဲ့ရပါၿပီ။ အီတလီရဲ႕ဘက္ခမ္းေမာင္ႏွံလို႔ တင္စားခံခဲ့ရတဲ့ အားက်စရာအိမ္ေထာင္ေရးတစ္ခု ၿပိဳလဲသြားခဲ့ရပါၿပီ။

သားသမီး ၃ ဦးပိုင္ဆိုင္တဲ့အထိ ခ်ည္ေႏွာင္ထားတဲ့ သံေယာဇဥ္ေႏွာင္ႀကိဳးေတြ ဘာေၾကာင့္ ျပတ္ေတာက္သြားခဲ့ရတာလဲဆိုတာ Corriere della Sera နဲ႔ အင္တာဗ်ဴးမွာ ေတာ့တီက ဖြင့္ဟလာခဲ့ပါတယ္။ “ ကြၽန္ေတာ့္ဘက္က သစၥာေဖာက္တာမဟုတ္ဘူးဆိုတာ အရင္ေျပာပါရေစ။

ေကာလာဟလေတြမ်ားလြန္းလို႔သာ ကြၽန္ေတာ္ အမွန္တရားကို မေျပာခ်င္ဘဲေျပာရေတာ့မွာပါ။ ေပါင္းသင္းလာတဲ့သက္တမ္းတစ္ေလွ်ာက္ ဇနီးသည္ဖုန္းကို စစ္တာမ်ိဳး ကြၽန္ေတာ္တစ္ခါမွ မလုပ္ခဲ့ဖူးပါဘူး။ ယုံၾကည္ရတဲ့သူေတြ ေျပာလြန္းအားႀကီးေတာ့မွ ကြၽန္ေတာ္ စစ္မိခဲ့တာပါ။

ဒီေတာ့ ေအာင္သြယ္ေတာ္တစ္ေယာက္ကို ေတြ႕ခဲ့ရတယ္။ ဟိုတယ္မွာေတြ႕မယ္ဆိုတာမ်ိဳးေတြ ကြၽန္ေတာ္ ေတြ႕ခဲ့ရတာပါ ” လို႔ အီတလီတိုက္စစ္မႉးေဟာင္းက ဖြင့္ဟသြားခဲ့ပါတယ္။ သတင္းေတြအရေတာ့ ဘလာစီနဲ႔ေဖာက္ျပန္ခဲ့သူဟာ သူ႔ရဲ႕သီးသန႔္ထရိန္နာ ခရစၥတီယာႏိုလိုဗီႏိုျဖစ္ေၾကာင္း

သိရပါတယ္။ အဲဒီတုန္းက စိတ္က်ေရာဂါခံစားရတဲ့အထိ ေတာ့တီတစ္ေယာက္ အသည္းကြဲခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သူ႔ထက္ ၁၁ ႏွစ္ငယ္တဲ့ ႏိုမီေဘာ့ခ်ီဆိုတဲ့ေကာင္မေလးရင္ခြင္မွာ ေအးခ်မ္းေနပါၿပီ။