ဇနီးသည်ရဲ့မှတ်ချက်ကြောင့် စောင့်ကြည့်ရဦးမယ့် လီဝမ်ဒေါစကီး အနာဂတ်

ဘိုင်ယန်မြူးနစ်နဲ့အတူ တိုက်စစ်မှူးလီဝမ်ဒေါစကီး လေ့ကျင့်ခန်းပြန်ဆင်းနေပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့နောက် ပိုလန်သား

အသင်းမပြောင်းဖြစ်တော့ဘူးဆိုတဲ့အသံတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ဇနီးသည် အန်နာလီဝမ်ဒေါစကာရဲ့မှတ်ချက်ကြောင့် စောင့်ကြည့်ရဦးမယ့်အနေအထားလည်း ဖြစ်နေပြန်ပါတယ်။

တကယ်တော့ လီဝမ်ဒေါစကီးကိုယ်တိုင် ဘာစီလိုနာကိုပြောင်းရွှေ့ခွင့် တောင်းခံထားတယ်လို့ သတင်းထွက်နေတာပါ။ ကက်တာလန်ကလပ်ကလည်း ပြောင်းရွှေ့ကြေး

ပေါင် ၄၂ သန်းနဲ့ ထပ်မံကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးအတွက် တွန့်ဆုတ်နေပေမယ့်

လိဒ်တောင်ပံလူရာဖင်ဟာကို ပေါင် ၅၆ သန်းနဲ့ခေါ်ယူနိုင်တော့မယ့် အနေအထားအရ ဈေးကွက်မှာငွေသုံးကြမ်းလာဖို့ရှိနေပါတယ်။ လီဝမ်ဒေါစကီးကတော့ လေ့ကျင့်ကွင်းမှာ ခပ်ပြုံးပြုံးပါပဲ။

ပြီးခဲ့တဲ့ မေလတုန်းကတော့ ပိုလန်သားဟာ သူ့ရဲ့ဘိုင်ယန်ကစားသမားဘ၀ အဆုံးသတ်သွားပြီဖြစ်ကြောင်း နိုင်ငံတကာပွဲကစားရင်းပြောခဲ့တာပါ။

ဒါကြောင့် အခုလို ဘိုင်ယန်နဲ့ပြန်လေ့ကျင့်နေတာဟာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး ပရိသတ်တစ်ယောက်ကလည်း အင်စတာဂရမ်မှာ ဇနီးသည်အန်နာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူတို့မိသားစု ဘာစီလိုနာကိုပြောင်းရွှေ့မှာလားဆိုတဲ့ ပရိသတ်မေးခွန်းကို အန်နာက “ ကျွန်မလည်း အဲဒါကို သိချင်နေတာပါပဲ ” လို့ ဖြေသွားခဲ့တာပါ။

(zawgyi)

ဘိုင္ယန္ျမဴးနစ္နဲ႔အတူ တိုက္စစ္မႉးလီဝမ္ေဒါစကီး ေလ့က်င့္ခန္းျပန္ဆင္းေနပုံေတြ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ေနာက္ ပိုလန္သား အသင္းမေျပာင္းျဖစ္ေတာ့ဘူးဆိုတဲ့အသံေတြ ထြက္ေနပါတယ္။

ဒါေပမဲ့ ဇနီးသည္ အန္နာလီဝမ္ေဒါစကာရဲ႕မွတ္ခ်က္ေၾကာင့္ ေစာင့္ၾကည့္ရဦးမယ့္အေနအထားလည္း ျဖစ္ေနျပန္ပါတယ္။ တကယ္ေတာ့ လီဝမ္ေဒါစကီးကိုယ္တိုင္ ဘာစီလိုနာကိုေျပာင္းေ႐ႊ႕ခြင့္

ေတာင္းခံထားတယ္လို႔ သတင္းထြက္ေနတာပါ။ ကက္တာလန္ကလပ္ကလည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂ သန္းနဲ႔ ထပ္မံကမ္းလွမ္းေတာ့မယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ အသက္ ၃၃ ႏွစ္အ႐ြယ္တိုက္စစ္မႉးအတြက္ တြန႔္ဆုတ္ေနေပမယ့္ လိဒ္ေတာင္ပံလူရာဖင္ဟာကို ေပါင္ ၅၆ သန္းနဲ႔ေခၚယူႏိုင္ေတာ့မယ့္ အေနအထားအရ

ေဈးကြက္မွာေငြသုံးၾကမ္းလာဖို႔ရွိေနပါတယ္။ လီဝမ္ေဒါစကီးကေတာ့ ေလ့က်င့္ကြင္းမွာ ခပ္ၿပဳံးၿပဳံးပါပဲ။ ၿပီးခဲ့တဲ့ ေမလတုန္းကေတာ့ ပိုလန္သားဟာ သူ႔ရဲ႕ဘိုင္ယန္ကစားသမားဘ၀ အဆုံးသတ္သြားၿပီျဖစ္ေၾကာင္း

ႏိုင္ငံတကာပြဲကစားရင္းေျပာခဲ့တာပါ။ ဒါေၾကာင့္ အခုလို ဘိုင္ယန္နဲ႔ျပန္ေလ့က်င့္ေနတာဟာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး ပရိသတ္တစ္ေယာက္ကလည္း အင္စတာဂရမ္မွာ ဇနီးသည္အန္နာကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။

သူတို႔မိသားစု ဘာစီလိုနာကိုေျပာင္းေ႐ႊ႕မွာလားဆိုတဲ့ ပရိသတ္ေမးခြန္းကို အန္နာက “ ကြၽန္မလည္း အဲဒါကို သိခ်င္ေနတာပါပဲ ” လို႔ ေျဖသြားခဲ့တာပါ။