ဆွီဒင်ကြောင့် အီလန်ဂါကိုခေါ်ယူဖို့ ကင်မရွန်းနဲ့ အင်္ဂလန်တို့ရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်ပြီ

ဒီလထဲမှာကစားဖို့ရှိနေတဲ့ ကမ္ဘာ့ဖလား play-offs အဆင့်ပွဲတွေအတွက်

မန်ယူအသင်းတောင်ပံတိုက်စစ်မှူး အီလန်ဂါ ကို ဆွီဒင်အသင်းက

ရွေးချယ်လိုက်ပြီဖြစ်လို့ သူ့ကိုအင်္ဂလန်လက်ရွေးစင်အသင်းကိုယ်စားပြုဖို့

ရည်ရွယ်ထားမှုကလည်းအဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ အီလန်ဂါ ဟာကင်မရွန်း၊ ဆွီဒင်နဲ့

အင်္ဂလန် တို့ကိုကိုယ်စားပြုခွင့်ရှိခဲ့သူဖြစ်ပြီး ခြေစွမ်းကလည်းကောင်းမွန်တာကြောင့်

သူ့ကိုခေါ်ယူနိုင်ဖို့ ၃ နိုင်ငံစလုံးကကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

သူဟာ မန်ယူအသင်းမှာခြေစွမ်းပြနေပြီး လက်ရှိနည်းပြ ရန်းနစ်ခ်ရဲ့

ယုံကြည်မှုကိုလည်းရယူနိုင်ခဲ့လို့ ဒီရာသီပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

သူ့ဖခင်ဟာ ကင်မရွန်းနိုင်ငံသားဖြစ်ပြီး သူငယ်စဉ်ကတည်းက

ဆွီဒင်ကိုပြောင်းလာခဲ့တာပါ။ မန်ယူ အကယ်ဒမီကိုလည်းအသက် ၁၂ နှစ်မှာတင်

ရောက်လာခဲ့လို့ အဲဒီ ၃ နိုင်ငံစလုံးကိုကိုယ်စားပြုခွင့်ရှိခဲ့တာပါ။

သူဟာ အရင်ကတော့ ဆွီဒင်လူငယ်အဆင့်ဆင့်မှာဘဲ ကစားခဲ့ပေမယ့်

အခုချိန်မှာတော့ ဆွီဒင်လက်ရွေးစင်အသင်းကြီးမှာပါအရွေးခံလိုက်ရပြီဖြစ်လို့

အင်္ဂလန်နဲ့ ကင်မရွန်းတို့ရဲ့မျှော်လင့်ချက်တွေအဆုံးသတ်ခဲ့ရပါတယ်။

ဆွီဒင်ဟာ ကြာသပတေးနေ့မှာ ချက်နဲ့အိမ်ကွင်းကစားရမှာဖြစ်ပြီး သူတို့နှစ်သင်းက

အနိုင်ရတဲ့အသင်းဟာ ပိုလန်နဲ့တွေ့ဆုံဦးမှာဖြစ်ပြီး အနိုင်ရမှသာလျင်

၂၀၂၂ ကမ္ဘာ့ဖလားကိုချီတက်နိုင်မှာဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်မှုကြောင့် ပိုလန်နဲ့ ချက်တို့က ရုရှားနဲ့

ခြေစစ်ပွဲတွေမှာ ကစားတော့မှာမဟုတ်ဘူးလို့ဆိုခဲ့သလို

ဖီဖာကလည်းရုရှားကိုခြေစစ်ပွဲတွေကနေထုတ်ပယ်ခဲ့လို့ ပိုလန်က

မကစားရဘဲ play-offs ဗိုလ်လုပွဲကိုတက်လှမ်းသွားတာဖြစ်ပါတယ်။

ဆွီဒင်အသင်းနည်းပြ အန်ဒါဆန်က” အီလန်ဂါကို ကျွန်တော်တို့

အနီးကပ်စောင့်ကြည့်ခဲ့ပြီး ကောင်းမွန်တဲ့ခြေစွမ်းပြနိုင်လို့ အခုလိုရွေးခဲ့တာပါ။

သူဟာ ဆွီဒင်ယူ ၂၁ အသင်းမှာရော မန်ယူမှာပါအားရစရာခြေစွမ်းမျိုး

ပြနိုင်ခဲ့ပါတယ်” လို့ပြောသွားပါတယ်။ သူဟာ ဆွီဒင်အသင်းမှာ

မန်ယူကစားဖော် လင်ဒီလော့ဖ်နဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။

zawgyi

ဆြီဒင္ေၾကာင့္ အီလန္ဂါကိုေခၚယူဖို႔ ကင္မ႐ြန္းနဲ႔ အဂၤလန္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ အဆုံးသတ္ၿပီ

ဒီလထဲမွာကစားဖို႔ရွိေနတဲ့ ကမာၻ႔ဖလား play-offs အဆင့္ပြဲေတြအတြက္

မန္ယူအသင္းေတာင္ပံတိုက္စစ္မႉး အီလန္ဂါ ကို ဆြီဒင္အသင္းက

ေ႐ြးခ်ယ္လိုက္ၿပီျဖစ္လို႔ သူ႔ကိုအဂၤလန္လက္ေ႐ြးစင္အသင္းကိုယ္စားျပဳဖို႔

ရည္႐ြယ္ထားမႈကလည္းအဆုံးသတ္သြားခဲ့ရၿပီျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ အီလန္ဂါ ဟာကင္မ႐ြန္း၊ ဆြီဒင္နဲ႔

အဂၤလန္ တို႔ကိုကိုယ္စားျပဳခြင့္ရွိခဲ့သူျဖစ္ၿပီး ေျခစြမ္းကလည္းေကာင္းမြန္တာေၾကာင့္

သူ႔ကိုေခၚယူႏိုင္ဖို႔ ၃ ႏိုင္ငံစလုံးကႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

သူဟာ မန္ယူအသင္းမွာေျခစြမ္းျပေနၿပီး လက္ရွိနည္းျပ ရန္းနစ္ခ္ရဲ႕

ယုံၾကည္မႈကိုလည္းရယူႏိုင္ခဲ့လို႔ ဒီရာသီၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ ၃ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

သူ႔ဖခင္ဟာ ကင္မ႐ြန္းႏိုင္ငံသားျဖစ္ၿပီး သူငယ္စဥ္ကတည္းက

ဆြီဒင္ကိုေျပာင္းလာခဲ့တာပါ။ မန္ယူ အကယ္ဒမီကိုလည္းအသက္ ၁၂ ႏွစ္မွာတင္

ေရာက္လာခဲ့လို႔ အဲဒီ ၃ ႏိုင္ငံစလုံးကိုကိုယ္စားျပဳခြင့္ရွိခဲ့တာပါ။

သူဟာ အရင္ကေတာ့ ဆြီဒင္လူငယ္အဆင့္ဆင့္မွာဘဲ ကစားခဲ့ေပမယ့္

အခုခ်ိန္မွာေတာ့ ဆြီဒင္လက္ေ႐ြးစင္အသင္းႀကီးမွာပါအေ႐ြးခံလိုက္ရၿပီျဖစ္လို႔

အဂၤလန္နဲ႔ ကင္မ႐ြန္းတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြအဆုံးသတ္ခဲ့ရပါတယ္။

ဆြီဒင္ဟာ ၾကာသပေတးေန႔မွာ ခ်က္နဲ႔အိမ္ကြင္းကစားရမွာျဖစ္ၿပီး သူတို႔ႏွစ္သင္းက

အႏိုင္ရတဲ့အသင္းဟာ ပိုလန္နဲ႔ေတြ႕ဆုံဦးမွာျဖစ္ၿပီး အႏိုင္ရမွသာလ်င္

၂၀၂၂ ကမာၻ႔ဖလားကိုခ်ီတက္ႏိုင္မွာျဖစ္ပါတယ္။

႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္မႈေၾကာင့္ ပိုလန္နဲ႔ ခ်က္တို႔က ႐ုရွားနဲ႔

ေျခစစ္ပြဲေတြမွာ ကစားေတာ့မွာမဟုတ္ဘူးလို႔ဆိုခဲ့သလို

ဖီဖာကလည္း႐ုရွားကိုေျခစစ္ပြဲေတြကေနထုတ္ပယ္ခဲ့လို႔ ပိုလန္က

မကစားရဘဲ play-offs ဗိုလ္လုပြဲကိုတက္လွမ္းသြားတာျဖစ္ပါတယ္။

ဆြီဒင္အသင္းနည္းျပ အန္ဒါဆန္က” အီလန္ဂါကို ကြၽန္ေတာ္တို႔

အနီးကပ္ေစာင့္ၾကည့္ခဲ့ၿပီး ေကာင္းမြန္တဲ့ေျခစြမ္းျပႏိုင္လို႔ အခုလိုေ႐ြးခဲ့တာပါ။

သူဟာ ဆြီဒင္ယူ ၂၁ အသင္းမွာေရာ မန္ယူမွာပါအားရစရာေျခစြမ္းမ်ိဳး

ျပႏိုင္ခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။ သူဟာ ဆြီဒင္အသင္းမွာ

မန္ယူကစားေဖာ္ လင္ဒီေလာ့ဖ္နဲ႔ဆုံေတြ႕ရမွာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*