ဆွန်ဟောင်မင် အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ နေမာတို့ အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်စတေဒီယမ်မှာပြုလုပ်တဲ့ တောင်ကိုးရီးယားနဲ့ဘရာဇီးတို့ရဲ့ ချစ်ကြည်ရေး

ခြေစမ်းပွဲမှာတော့ ဘရာဇီးတို့က တောင်ကိုရီးယားတို့ကို ၅ -၁နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ပွဲချိန်အစ ၇ မိနစ်မှာတင် အဲဗာတန်ကစားသမား ရစ်ချာလီဆန်က

ဘရာဇီးတို့အတွက် ဦးဆောင်ဂိုးယူပေးခဲ့ပါတယ်။

နာရီဝက်လောက် ကြာပြီးနောက် ဟွမ်းအွီဂျိုက ကိုရီးယားတို့အတွက်

ချေပဂိုးသွင်းပေးခဲ့ပေမဲ့လည်း ဧည့်သည်အသင်းကသာ အသာစီးရထားတဲ့ပုံ

အမြဲတမ်းပေါက်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးဖို့ သုံးမိနစ်အလိုမှာ

နေမာကပင်နယ်တီကန်ရပြီး သူ့အသင်းကို ဦးဆောင်မှုပြန်ယူပေးခဲ့ပါတယ်။

အဲဒါကြောင့် ပထမပိုင်းမှာ ဘရာဇီး အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘရာဇီး အသင်းကပဲ ဆက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

၅၇ မိနစ်မှာ နောက်ထပ်ပင်နယ်တီတလုံးထပ်ရပြီး နေမာပဲကန်သွင်းခဲ့ပါတယ်။

အဲဒီနောက်မှာ လူစားဝင်လာတဲ့ ကော်တင်ဟိုနဲ့ ဂျီးဆပ်စ် တို့ကပါ

ဘရာဇီးအတွက် နောက်ထပ် ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပါတယ်။

ဘရာဇီး အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ် ဂိုးပေါက်တည့်မှု

၉ ကြိမ်အထိ ရှိခဲ့ပါတယ်။တောင်ကိုရီးယား အသင်းကတော့ ဂိုးပေါက်

ကန်သွင်းမှု ၇ ကြိမ် ဂိုးပေါက်တည့်မှု ၆ ကြိမ်ရှိခဲ့တာပါ။

နေမာကတော့ ပင်နယ်တီ ၂ လုံးသွင်းခွင့်ရပြီး ဘရာဇီးနိုင်ငံအတွက်

ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ထိပ်ဆုံးကပီလီကိုမီဖို့ ၄ ဂိုးအလိုကို ရောက်ရှိလာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




















Be the first to comment

Leave a Reply

Your email address will not be published.


*