ဆွန်ဟောင်မင် ပြန်မထနိုင်လောက်အောင် ဆိုးလ်မှာ အပီမောင်းနေတဲ့ ကွန်တီ

တောင်ကိုရီးယားမှာ စပါးအသင်းသားတွေကို နည်းပြကွန်တီမောင်းနေတာက ရက်စက်ပြင်းထန်လွန်းတယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဗွီဒီယိုအထောက်အထားနဲ့ ဖေါ်ပြလာခဲ့ပါတယ်။

ကွန်တီရဲ့လေ့ကျင့်ခန်းတွေ ပြင်းထန်တယ်ဆိုတဲ့သတင်းကတော့ အစောပိုင်းကတည်းက မွှေးပြီးသားပါ။ ဒါပေမဲ့ ကြမ်းပါတယ်ဆိုတဲ့ ဂျာဂင်ကလော့ပ်ထက်တောင်ဆိုးနေပြီလို့

ဒီမှတ်တမ်းကိုကြည့်ပြီး ပရိသတ်တွေက ဝေဖန်နေကြတာပါ။ စပါးကစားသမားတွေဟာ ဆိုးလ်မြို့က ကမ္ဘာ့ဖလားကွင်းကြီးမှာ ၂ နာရီလောက် လေ့ကျင့်ခဲ့ကြရတာဖြစ်ပါတယ်။

ပရိသတ် ၆၀၀၀ လောက် လာရောက်ကြည့်ရှုကြတဲ့လေ့ကျင့်မှုမှာ စပါးကစားသမားတွေအားလုံး ဟန်မဆောင်နိုင်လောက်အောင် ပိုးလိုးပက်လက်ဖြစ်ကုန်ကြတာပါ။

အဆိုးဆုံးကတော့ ဆွန်ဟောင်မင်ပါပဲ။ တောင်ကိုရီးယားတိုက်စစ်မှူးဟာ မောပန်းလွန်းတာကြောင့် မြက်ခင်းပေါ်လဲကျတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ပြန်တောင်မထနိုင်ဘဲ

တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးက ဆွဲထူပေးခဲ့ရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးကိုကြည့်ရတာလည်း အန်နေပုံရပါတယ်။

ဒါတောင် တောင်ကိုရီးယားရဲ့နွေရာသီ နေ့အပူချိန်က ၃၀ ဒီဂရီဆဲစီယက်လောက်ပဲရှိပါသေးတယ်။ ကမ္ဘာ့ဖလားကစားရမယ့် ကာတာမှာ ဒီလိုကစားသမားတွေ ဘယ်လိုလုပ်ကြမလဲလို့လည်း တစ်ချို့က မေးခွန်းထုတ်နေကြပါတယ်။

(zawgyi)





