ဆွန်ဟောင်မင်ကို သားမက်တောင် တော်လိုက်ချင်သေးတယ်ဆိုတဲ့ စပါးနည်းပြကွန်တီ

ဒီရာသီမှာ ဆွန်ဟောင်မင် ဂိုးမသွင်းနိုင်သေးတာနဲ့ပတ်သက်ပြီး မစိုးရိမ်တဲ့အကြောင်း စပါးနည်းပြကွန်တီ ဥပမာပေးသွားပုံလေးက သင်းလွန်းတာကြောင့် ကိုရီးယားသားဖြစ်ချင်တဲ့ ပရိသတ်တွေတောင် ရှိနေကြပါပြီ။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆာလက်နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့သူပါ။ စပါးကတော့ ကွန်တီရဲ့ရက်စက်တဲ့ ရာသီကြိုလေ့ကျင့်မှုတွေ၊ ဈေးကွက်အားဖြည့်မှုတွေနဲ့အတူ ဒီရာသီမှာ

အဆင့် ၄ နေရာနဲ့ မတင်းတိမ်နိုင်ဘူးဆိုတဲ့သဘော ပြနေပါတယ်။ လက်ရှိအချိန်ထိလည်း ရနိုင်ချေ ၁၂ မှတ်အနက် ၁၀ မှတ်ယူပြီး တာထွက်ကောင်းနေတာပါပဲ။ ဒါပေမဲ့ ဆွန်ဟောင်မင်ကတော့ လိဂ် ၄ ပွဲမှာ ၃၁ မိနစ်သာ လွဲခဲ့ပေမယ့်

တစ်ဂိုးမှမသွင်းနိုင်သေးသလို တစ်ဂိုးသာ ဖန်တီးနိုင်ပါသေးတယ်။ ကွန်တီကတော့ ကိုရီးယားသားအတွက် စိတ်မပူဖို့ အားပေးပါတယ်။ ဆွန်ဟောင်မင်ဟာ သူ့သမီးအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ထိုက်သူမျိုးလို့တောင်

ရက်ရက်ရောရော အားပေးခဲ့တာပါ။ “ ဆွန်က ညဏ်ရည်ထက်မြက်သလို တကယ့်ကို ထိပ်တန်းလူကောင်းလေးတစ်ယောက်ပါ။ တကယ်လို့ ဥပမာပေးရရင်.. ကျွန်တော့်သမီးအတွက် သင့်တော်မယ့်ခင်ပွန်းလောင်းတစ်ယောက်ကို

ကျွန်တော်ရှာနေပြီဆိုပါတော့။ ဆွန်လိုလူမျိုးကိုပဲ ကျွန်တော်နှစ်သက်ပါတယ် ” လို့ ကွန်တီက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။ ဒါ့အပြင် “ လက်ရှိအခိုက်အတန့်မှာ ဂိုးမသွင်းနိုင်တာကြောင့် သူလည်း အများကြီးခံစားနေရမှာပါ။

ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင် သူ့ကိုယုံပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတိုင်းမှာ သူ အခွင့်အရေးတွေရခဲ့လို့ပါပဲ။ သူ စိတ်ရှည်ဖို့ပဲလိုပါတယ်။ ကျွန်တော်ကတော့ ဆွန်ကိုရော အသင်းသားတွေကိုပါ ယုံကြည်ပါတယ် ” လို့ အီတလီသားနည်းပြက ဆက်လက်ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ဒီရာသီမွာ ဆြန္ေဟာင္မင္ ဂိုးမသြင္းႏိုင္ေသးတာနဲ႔ပတ္သက္ၿပီး မစိုးရိမ္တဲ့အေၾကာင္း စပါးနည္းျပကြန္တီ ဥပမာေပးသြားပုံေလးက သင္းလြန္းတာေၾကာင့္ ကိုရီးယားသားျဖစ္ခ်င္တဲ့ ပရိသတ္ေတြေတာင္ ရွိေနၾကပါၿပီ။

ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဆာလက္နဲ႔အတူ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို ပူးတြဲဆြတ္ခူးႏိုင္ခဲ့သူပါ။ စပါးကေတာ့ ကြန္တီရဲ႕ရက္စက္တဲ့ ရာသီႀကိဳေလ့က်င့္မႈေတြ၊ ေဈးကြက္အားျဖည့္မႈေတြနဲ႔အတူ ဒီရာသီမွာ အဆင့္ ၄ ေနရာနဲ႔

မတင္းတိမ္ႏိုင္ဘူးဆိုတဲ့သေဘာ ျပေနပါတယ္။ လက္ရွိအခ်ိန္ထိလည္း ရႏိုင္ေခ် ၁၂ မွတ္အနက္ ၁၀ မွတ္ယူၿပီး တာထြက္ေကာင္းေနတာပါပဲ။ ဒါေပမဲ့ ဆြန္ေဟာင္မင္ကေတာ့ လိဂ္ ၄ ပြဲမွာ ၃၁ မိနစ္သာ လြဲခဲ့ေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္ေသးသလို

တစ္ဂိုးသာ ဖန္တီးႏိုင္ပါေသးတယ္။ ကြန္တီကေတာ့ ကိုရီးယားသားအတြက္ စိတ္မပူဖို႔ အားေပးပါတယ္။ ဆြန္ေဟာင္မင္ဟာ သူ႔သမီးအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ထိုက္သူမ်ိဳးလို႔ေတာင္ ရက္ရက္ေရာေရာ အားေပးခဲ့တာပါ။

“ ဆြန္က ညဏ္ရည္ထက္ျမက္သလို တကယ့္ကို ထိပ္တန္းလူေကာင္းေလးတစ္ေယာက္ပါ။ တကယ္လို႔ ဥပမာေပးရရင္.. ကြၽန္ေတာ့္သမီးအတြက္ သင့္ေတာ္မယ့္ခင္ပြန္းေလာင္းတစ္ေယာက္ကို ကြၽန္ေတာ္ရွာေနၿပီဆိုပါေတာ့။

ဆြန္လိုလူမ်ိဳးကိုပဲ ကြၽန္ေတာ္ႏွစ္သက္ပါတယ္ ” လို႔ ကြန္တီက ေနာ္တင္ဟမ္ေဖာရက္စ္ကို အႏိုင္ရတဲ့ပြဲအၿပီးမွာ ေျပာသြားခဲ့တာပါ။ ဒါ့အျပင္ “ လက္ရွိအခိုက္အတန႔္မွာ ဂိုးမသြင္းႏိုင္တာေၾကာင့္ သူလည္း အမ်ားႀကီးခံစားေနရမွာပါ။

ဒါေပမဲ့ ဒီအတိုင္းဆက္သြားရင္ သူ႔ကိုယုံပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပြဲတိုင္းမွာ သူ အခြင့္အေရးေတြရခဲ့လို႔ပါပဲ။ သူ စိတ္ရွည္ဖို႔ပဲလိုပါတယ္။ ကြၽန္ေတာ္ကေတာ့ ဆြန္ကိုေရာ အသင္းသားေတြကိုပါ ယုံၾကည္ပါတယ္ ” လို႔ အီတလီသားနည္းျပက ဆက္လက္ဖြင့္ဟသြားခဲ့ပါတယ္။