ဆွန်ဟောင်မင်ကို ကိုယ်ရံတော်လုပ်ပေးခဲ့တဲ့ ရစ်ချာလီဆန်ကြောင့် စပါးပရိသတ်တွေ ကျေနပ်နေကြ

“ ကျွန်တော်ထင်တယ်.. ဒီနေ့ကတော့ တကယ်ကစားတဲ့ပွဲဗျ ” လို့ ကွန်တီ ခပ်နောက်နောက် ပြောရလောက်အောင် စပါးနဲ့ဆီဗီလာတို့ခြေစမ်းပွဲက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာကစားခဲ့တဲ့ဒီပွဲဟာ ဟယ်ရီကိန်းနဲ့ ရာကီတစ်တို့သွင်းဂိုးတွေကြောင့် ၁-၁ နဲ့အဆုံးသတ်ခဲ့ပေမယ့် အကြိတ်အနယ်ရှိခဲ့ပါတယ်။

စပါးပရိသတ်တွေကတော့ တိုက်စစ်မှူးသစ်ရစ်ချာလီဆန်ကို အတော်လေးကျေနပ်သွားခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ကြယ်ပွင့် ဆွန်ဟောင်မင်ကို ကာကွယ်ပေးခဲ့လို့ပါ။

တန်ပြတိုက်စစ်ကနေ ဘောလုံးဆွဲပြေးလာတဲ့ ဆွန်ဟောင်မင်ကို မွန်တီရယ်က ဘော်ဒီခုပြီးဝင်တားခဲ့ပါတယ်။ ဆီဗီလာညာနောက်ခံလူ အဝင်ကြမ်းပေမယ့်

တောင်ကိုရီးယားတိုက်စစ်မှူးရဲ့တံတောင်နဲ့ရိုက်မိပြီး နှုတ်ခမ်းပေါက်သွားခဲ့ပါတယ်။ အဲဒီနောက် မွန်တီရယ်ဟာ ဆွန်ဟောင်မင်ကိုမဲလာခဲ့သလို

ပထမပိုင်းပြီးတာနဲ့ ပြေးသွားပြီးရန်စခဲ့ပါတယ်။ ကိုရီးယားသာက ပခုံးနဲ့တိုက်တဲ့အထိ ငြိကြချိန်မှာ ရစ်ချာလီဆန်နဲ့ရိုမဲရိုးတို့က ကြားဝင်တားဆီးပေးခဲ့ကြတာပါ။

ရစ်ချာလီဆန်ကတော့ ကွင်းထဲကရန်ပွဲတွေမှာ အတွေ့အကြုံရှိသူပီပီ မွန်တီရယ်ကို တွန်းထုတ်လိုက်သလို ကိုယ့်လူကိုလည်းကာကွယ်ပေးခဲ့ပါတယ်။

အဲဗာတန်ကနေ ပေါင် သန်း ၆၀ နဲ့ပြောင်းရွှေ့လာတဲ့ ဘရာဇီးလ်သားဟာ လိုအပ်ရင်ဖြဲတော့မယ့်အနေအထားကြောင့်လည်း စပါးပရိသတ်တွေကျေနပ်နေကြတာပါ။

(zawgyi)

“ ကြၽန္ေတာ္ထင္တယ္.. ဒီေန႔ကေတာ့ တကယ္ကစားတဲ့ပြဲဗ် ” လို႔ ကြန္တီ ခပ္ေနာက္ေနာက္ ေျပာရေလာက္ေအာင္ စပါးနဲ႔ဆီဗီလာတို႔ေျခစမ္းပြဲက ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ပါတယ္။

ေတာင္ကိုရီးယားမွာကစားခဲ့တဲ့ဒီပြဲဟာ ဟယ္ရီကိန္းနဲ႔ ရာကီတစ္တို႔သြင္းဂိုးေတြေၾကာင့္ ၁-၁ နဲ႔အဆုံးသတ္ခဲ့ေပမယ့္ အႀကိတ္အနယ္ရွိခဲ့ပါတယ္။ စပါးပရိသတ္ေတြကေတာ့

တိုက္စစ္မႉးသစ္ရစ္ခ်ာလီဆန္ကို အေတာ္ေလးေက်နပ္သြားခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ သူတို႔ရဲ႕ၾကယ္ပြင့္ ဆြန္ေဟာင္မင္ကို ကာကြယ္ေပးခဲ့လို႔ပါ။ တန္ျပန္တိုက္စစ္ကေန

ေဘာလုံးဆြဲေျပးလာတဲ့ ဆြန္ေဟာင္မင္ကို မြန္တီရယ္က ေဘာ္ဒီခုၿပီးဝင္တားခဲ့ပါတယ္။ ဆီဗီလာညာေနာက္ခံလူ အဝင္ၾကမ္းေပမယ့္ ေတာင္ကိုရီးယားတိုက္စစ္မႉးရဲ႕တံေတာင္နဲ႔႐ိုက္မိၿပီး

ႏႈတ္ခမ္းေပါက္သြားခဲ့ပါတယ္။ အဲဒီေနာက္ မြန္တီရယ္ဟာ ဆြန္ေဟာင္မင္ကိုမဲလာခဲ့သလို ပထမပိုင္းၿပီးတာနဲ႔ ေျပးသြားၿပီးရန္စခဲ့ပါတယ္။ ကိုရီးယားသာက ပခုံးနဲ႔တိုက္တဲ့အထိ ၿငိၾကခ်ိန္မွ

ာ ရစ္ခ်ာလီဆန္နဲ႔႐ိုမဲ႐ိုးတို႔က ၾကားဝင္တားဆီးေပးခဲ့ၾကတာပါ။ ရစ္ခ်ာလီဆန္ကေတာ့ ကြင္းထဲကရန္ပြဲေတြမွာ အေတြ႕အႀကဳံရွိသူပီပီ မြန္တီရယ္ကို တြန္းထုတ္လိုက္သလို

ကိုယ့္လူကိုလည္းကာကြယ္ေပးခဲ့ပါတယ္။ အဲဗာတန္ကေန ေပါင္ သန္း ၆၀ နဲ႔ေျပာင္းေ႐ႊ႕လာတဲ့ ဘရာဇီးလ္သားဟာ လိုအပ္ရင္ၿဖဲေတာ့မယ့္အေနအထားေၾကာင့္လည္း စပါးပရိသတ္ေတြေက်နပ္ေနၾကတာပါ။