ဆွစ်ဇာလန်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ စီရော်နယ်လ်ဒို

ဆွစ်ဇာလန်နဲ့ကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအတွက် ပေါ်တူဂီအသင်း ပွဲထွက်

လူစာရင်းထွက်ပေါ်လာပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ အသင်းခေါင်းဆောင်
စီရော်နယ်လ်ဒိုကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အုပ်စုတွင်း(၃)ပွဲမှာ ခြေစွမ်း
မပြနိုင်ဘဲ ဂါနာကို အနိုင်ရတဲ့ အဖွင့်ပွဲတုန်းက ပယ်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်
ကျန်တဲ့ (၂)ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှု မလုပ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် တောင်ကိုရီးယားနဲ့ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဒုတိယပိုင်းအတွင်း
လူစားလဲခံခဲ့ရချိန်မှာ စီရော်နယ်လ်ဒိုဟာ သူ့ကို ကွင်းထဲက မြန်မြန်ထွက်သွားဖို့ ဖိအားပေးနေတဲ့
တောင်ကိုရီးယားကစားသမားကို ‘တိတ်တိတ်နေ’ဆိုတဲ့ သဘောနဲ့ ပါးစပ်ကို လက်ညှိုးနဲ့
ပိတ်ပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီလုပ်ရပ်ကို ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က သိပ်သဘောမကျဘဲ ဆွစ်ဇာလန်နဲ့
ပွဲအတွက် ပွဲထွက်လူစာရင်းမှာ စီရော်နယ်လ်ဒိုကို ချန်လှပ်သွားဖို့ရှိတယ်လို့ မနေ့က

သတင်းစာရှင်းလင်းပွဲမှာ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ ဖာနန်ဒိုဆန်းတို့စ်ဟာ သူပြောတဲ့အတိုင်းပဲ စီရော်နယ်လ်ဒိုကို ချန်လှပ်ပြီး

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဘင်ဖီကာလူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ပွဲထွက်
အသုံးပြုခဲ့ပါတယ်။ ကမ္ဘာ့ဖလားအုပ်စုတွင်းမှာ စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်အပေါ် ပရိသတ်တွေ
အားမရဖြစ်နေပြီး အခုပွဲမတိုင်ခင်ကတည်းက ဆွစ်ဇာလန်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းမှာ
စီရော်နယ်လ်ဒိုကို အသုံးမပြုဖို့ တောင်းဆိုသံတွေထွက်ခဲ့ပါတယ်။

[Zawgyi]

ဆြစ္ဇာလန္နဲ႔ကစားမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအတြက္ ေပၚတူဂီအသင္း ပြဲထြက္
လူစာရင္းထြက္ေပၚလာၿပီး နည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ အသင္းေခါင္းေဆာင္
စီေရာ္နယ္လ္ဒိုကို အံ့အားသင့္စရာေကာင္းေအာင္ ခ်န္လွပ္ခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အုပ္စုတြင္း(၃)ပြဲမွာ ေျခစြမ္း
မျပႏိုင္ဘဲ ဂါနာကို အႏိုင္ရတဲ့ အဖြင့္ပြဲတုန္းက ပယ္နယ္တီကေန ဂိုးသြင္းႏိုင္ခဲ့ၿပီးတဲ့ေနာက္

က်န္တဲ့ (၂)ပြဲမွာ သြင္းဂိုး၊ ဂိုးဖန္တီးမႈ မလုပ္ႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ ေတာင္ကိုရီးယားနဲ႔ကစားခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာ ဒုတိယပိုင္းအတြင္း

လူစားလဲခံခဲ့ရခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ သူ႔ကို ကြင္းထဲက ျမန္ျမန္ထြက္သြားဖို႔ ဖိအားေပးေနတဲ့
ေတာင္ကိုရီးယားကစားသမားကို ‘တိတ္တိတ္ေန’ဆိုတဲ့ သေဘာနဲ႔ ပါးစပ္ကို လက္ညႇိဳးနဲ႔
ပိတ္ၿပီးေတာ့ တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီလုပ္ရပ္ကို ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္က သိပ္သေဘာမက်ဘဲ ဆြစ္ဇာလန္နဲ႔
ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ စီေရာ္နယ္လ္ဒိုကို ခ်န္လွပ္သြားဖို႔ရွိတယ္လို႔ မေန႔က
သတင္းစာရွင္းလင္းပြဲမွာ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ဖာနန္ဒိုဆန္းတို႔စ္ဟာ သူေျပာတဲ့အတိုင္းပဲ စီေရာ္နယ္လ္ဒိုကို ခ်န္လွပ္ၿပီး
အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဘင္ဖီကာလူငယ္တိုက္စစ္မႉး ဂြန္ကာလိုရာမို႔စ္ကို ပြဲထြက္
အသုံးျပဳခဲ့ပါတယ္။ ကမာၻ႔ဖလားအုပ္စုတြင္းမွာ စီေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္အေပၚ ပရိသတ္ေတြ

အားမရျဖစ္ေနၿပီး အခုပြဲမတိုင္ခင္ကတည္းက ဆြစ္ဇာလန္နဲ႔ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ
စီေရာ္နယ္လ္ဒိုကို အသုံးမျပဳဖို႔ ေတာင္းဆိုသံေတြထြက္ခဲ့ပါတယ္။