ဆွစ်ဇာလန်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်မသုံးသင့်ဘူးလို့ ပရီးယားလိဂ်ဂန္ထဝင် သုံးသပ်

ဘလက်ဘန်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူခဲ့ဖူးတဲ့ နာမည်ကျော်

တိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်က ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲမှာ စီရော်နယ်လ်ဒိုကို
ပွဲထွက်သုံးရင် ပေါ်တူဂီတို့ ရှုံးပွဲတွေ့ဖို့ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အုပ်စုအဖွင့်ပွဲတုန်းက ဂါနာကို
(၃-၂)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းပြီး ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်
ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ပေမယ့်လည်း ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ပွဲတွေမှာ
ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

အဲဒါကြောင့် ခရစ္စဆက်တန်က “ပေါ်တူဂီအသင်းမှာ ထိပ်တန်းအဆင့်ကစားသမားကောင်းတွေ
ရှိပေမယ့် ဆွစ်ဇာလန်ကလည်း ဆားဘီးယားလို အသင်းမျိုးကို ကျော်ဖြတ်ပြီး ရှုံးထွက်
(၁၆)သင်းအဆင့် တက်ရောက်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဇွန်လတုန်းက Nations League ပွဲမှာ

ပေါ်တူဂီကို အနိုင်ယူခဲ့ဖူးပါတယ်။

ဒီပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်သုံးမယ်ဆိုရင် ရလဒ်ကောင်းဖို့ထက် ဆိုးကျိုးဖြစ်ဖို့

ပိုများပါတယ်။ စီရော်နယ်လ်ဒို ပါလာလို့ အသင်းအတွက် အကျိုးရှိစေမှာလား . .ဒါမှမဟုတ်
အားလျော့သွားမှာလားဆိုတဲ့ အခြေအနေနှစ်ခုမှာ နည်းပြအနေနဲ့ ရဲရဲဝံ့ဝံ့ ရွေးချယ်
ဆုံးဖြတ်ရမှာပါ။ စီရော်နယ်လ်ဒိုဟာ အသင်းအပေါ် အများကြီး လွှမ်းမိုးမှုပေးနိုင်ပေမယ့်
သူ့ထက် ပိုကောင်းတဲ့ ကစားသမားကို ပွဲထွက်သုံးသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ဘလက္ဘန္းအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူခဲ့ဖူးတဲ့ နာမည္ေက်ာ္
တိုက္စစ္မႉးေဟာင္း ခရစၥဆက္တန္က ဆြစ္ဇာလန္နဲ႔ကစားမယ့္ပြဲမွာ စီေရာ္နယ္လ္ဒိုကို
ပြဲထြက္သုံးရင္ ေပၚတူဂီတို႔ ရႈံးပြဲေတြ႕ဖို႔ရွိတယ္လို႔ သုံးသပ္လိုက္ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အုပ္စုအဖြင့္ပြဲတုန္းက ဂါနာကို
(၃-၂)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ပယ္နယ္တီကေန ဂိုးသြင္းၿပီး ကမာၻ႔ဖလား(၅)ႀကိမ္ဆက္

ဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ခဲ့ေပမယ့္လည္း ဥ႐ုေဂြး၊ ေတာင္ကိုရီးယားတို႔နဲ႔ပြဲေတြမွာ
ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။

အဲဒါေၾကာင့္ ခရစၥဆက္တန္က “ေပၚတူဂီအသင္းမွာ ထိပ္တန္းအဆင့္ကစားသမားေကာင္းေတြ
ရွိေပမယ့္ ဆြစ္ဇာလန္ကလည္း ဆားဘီးယားလို အသင္းမ်ိဳးကို ေက်ာ္ျဖတ္ၿပီး ရႈံးထြက္
(၁၆)သင္းအဆင့္ တက္ေရာက္ခဲ့တာျဖစ္သလို ၿပီးခဲ့တဲ့ ဇြန္လတုန္းက Nations League ပြဲမွာ
ေပၚတူဂီကို အႏိုင္ယူခဲ့ဖူးပါတယ္။

ဒီပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္သုံးမယ္ဆိုရင္ ရလဒ္ေကာင္းဖို႔ထက္ ဆိုးက်ိဳးျဖစ္ဖို႔
ပိုမ်ားပါတယ္။ စီေရာ္နယ္လ္ဒို ပါလာလို႔ အသင္းအတြက္ အက်ိဳးရွိေစမွာလား . .ဒါမွမဟုတ္
အားေလ်ာ့သြားမွာလားဆိုတဲ့ အေျခအေနႏွစ္ခုမွာ နည္းျပအေနနဲ႔ ရဲရဲဝံ့ဝံ့ ေ႐ြးခ်ယ္

ဆုံးျဖတ္ရမွာပါ။ စီေရာ္နယ္လ္ဒိုဟာ အသင္းအေပၚ အမ်ားႀကီး လႊမ္းမိုးမႈေပးႏိုင္ေပမယ့္
သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမားကို ပြဲထြက္သုံးသင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။