ဆဲလ်ဘတ်နဲ့ပွဲက ဒါဝင်နူနက်ဇ်ရဲ့အဆိုးဆုံးအလွဲများ ၄၆ စက္ကန့်စာဗွီဒီယို ကြည့်ရှုသူသန်းချီနေ

ဒါဝင်နူနက်ဇ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပွဲဆူစေခဲ့ပြန်ပါပြီ။ ဆဲလ်ဘတ်ကို လီဗာပူးလ် ၁-၀ ဂိုးနဲ့ ရှုံးတဲ့ပွဲအပြီးမှာ နူနက်ဇ်ရဲ့အကြောင်းတွေ ထွက်ပေါ်လာခဲ့ပြန်တာပါ။

ဒီပွဲမှာ မန်ယူစိတ်ဝင်စားနေတဲ့ ဘန်ဂျာမင်ဆက်ကိုက ဆဲလ်ဘတ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုး သွင်းပေးခဲ့တယ်။ ဟာလန်းလက်သစ်လို့ ဘာကြောင့် အသင်းဖော်တွေတင်စားနေကြတာလဲဆိုတာ

အသက် ၁၉ နှစ်သားလေး ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ လီဗာပူးလ်ရဲ့ပေါင် ၈၅ သန်းတန် ပြောင်းရွှေ့ကြေးစံချိန်ရှင်ဟာ ပြိုင်ဘက်ပရိသတ်တွေအတွက်

လှောင်ပြောင်စရာဖြစ်လာခဲ့ရပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ မန်ယူ၊ ပဲလေ့စ်တို့နဲ့ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့တာ၊ အခွင့်အရေးတွေရပေမယ့် မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် သူ့အပေါ်ဝေဖန်သံတွေကို

လစ်ပ်ဇစ်နဲ့ပွဲမှာ ၄ ဂိုးသွင်းပြီး တိတ်ဆိတ်စေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆဲလ်ဘတ်နဲ့ပွဲမှာတော့ ဒီသူရဲကောင်းပုံရိပ်ဟာ ပြန်လည်ပျောက်ကွယ်ခဲ့တာပါ။ အခုတော့

“ နူနက်ဇ်ဟာ လွယ်လွယ်လေးတွေကို မဖြစ်နိုင်ဘူးထင်ရအောင် ဖန်တီးသူပါ ” လို့ အမည်ပေးထားတဲ့ ဗွီဒီယိုကလစ်နဲ့ လှောင်ပြောင်ခံနေရပြီပေါ့။ တွစ်တာမှာပျံ့နှံ့နေတဲ့ ၄၆ စက္ကန့်စာဗွီဒီယိုမှာ

ဆဲလ်ဘတ်နဲ့ပွဲ ၄၅ မိနစ်အတွင်း နူနက်ဇ်ရဲ့အဆိုးဆုံးအလွဲတွေကို စုစည်းဖေါ်ပြထားပါတယ်။ ပြိုင်ဘက်ကစားသမားတွေကို ခပ်တည်တည်နဲ့ကျော်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့တာ၊

ဘောလုံးဖြတ်လုခံရတာ၊ ပေးပို့မှုတွေ ဖြတ်တင်ဘောတွေ တလွဲဖြစ်ခဲ့တာ၊ အခွင့်အရေးတွေ အသုံးမချနိုင်တာတွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒီဗွီဒီယိုကိုကြည့်ရှုသူ ၂ သန်းနီးပါးရှိနေသလို ကောင်းချီးပေးသံတွေလည်း ညံနေပါပြီ။

(zawgyi)

ဒါဝင္ႏူနက္ဇ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ပြဲဆူေစခဲ့ျပန္ပါၿပီ။ ဆဲလ္ဘတ္ကို လီဗာပူးလ္ ၁-၀ ဂိုးနဲ႔ ရႈံးတဲ့ပြဲအၿပီးမွာ ႏူနက္ဇ္ရဲ႕အေၾကာင္းေတြ ထြက္ေပၚလာခဲ့ျပန္တာပါ။

ဒီပြဲမွာ မန္ယူစိတ္ဝင္စားေနတဲ့ ဘန္ဂ်ာမင္ဆက္ကိုက ဆဲလ္ဘတ္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုး သြင္းေပးခဲ့တယ္။ ဟာလန္းလက္သစ္လို႔ ဘာေၾကာင့္

အသင္းေဖာ္ေတြတင္စားေနၾကတာလဲဆိုတာ အသက္ ၁၉ ႏွစ္သားေလး ျပႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အျခားတစ္ဖက္မွာေတာ့ လီဗာပူးလ္ရဲ႕ေပါင္ ၈၅ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ရွင္ဟာ

ၿပိဳင္ဘက္ပရိသတ္ေတြအတြက္ ေလွာင္ေျပာင္စရာျဖစ္လာခဲ့ရပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဟာ မန္ယူ၊ ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ ေျခစြမ္းမျပႏိုင္ခဲ့တာ၊ အခြင့္အေရးေတြရေပမယ့္

မိုးေပၚေထာင္ကန္ခဲ့တာေၾကာင့္ သူ႔အေပၚေဝဖန္သံေတြကို လစ္ပ္ဇစ္နဲ႔ပြဲမွာ ၄ ဂိုးသြင္းၿပီး တိတ္ဆိတ္ေစႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဆဲလ္ဘတ္နဲ႔ပြဲမွာေတာ့ ဒီသူရဲေကာင္းပုံရိပ္ဟာ

ျပန္လည္ေပ်ာက္ကြယ္ခဲ့တာပါ။ အခုေတာ့ “ ႏူနက္ဇ္ဟာ လြယ္လြယ္ေလးေတြကို မျဖစ္ႏိုင္ဘူးထင္ရေအာင္ ဖန္တီးသူပါ ” လို႔ အမည္ေပးထားတဲ့ ဗြီဒီယိုကလစ္နဲ႔ ေလွာင္ေျပာင္ခံေနရၿပီေပါ့။

တြစ္တာမွာပ်ံ႕ႏွံ႔ေနတဲ့ ၄၆ စကၠန႔္စာဗြီဒီယိုမွာ ဆဲလ္ဘတ္နဲ႔ပြဲ ၄၅ မိနစ္အတြင္း ႏူနက္ဇ္ရဲ႕အဆိုးဆုံးအလြဲေတြကို စုစည္းေဖၚျပထားပါတယ္။ ၿပိဳင္ဘက္ကစားသမားေတြကို ခပ္တည္တည္နဲ႔ေက်ာ္ျဖတ္ဖို႔ႀကိဳးစားေပမယ့္

မေအာင္ျမင္ခဲ့တာ၊ ေဘာလုံးျဖတ္လုခံရတာ၊ ေပးပို႔မႈေတြ ျဖတ္တင္ေဘာေတြ တလြဲျဖစ္ခဲ့တာ၊ အခြင့္အေရးေတြ အသုံးမခ်ႏိုင္တာေတြ ပါဝင္ေနပါတယ္။ အခုဆိုရင္ ဒီဗြီဒီယိုကိုၾကည့္ရႈသူ ၂ သန္းနီးပါးရွိေနသလို ေကာင္းခ်ီးေပးသံေတြလည္း ညံေနပါၿပီ။