
အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုဟာ ဖေဖော်ဝါရီလအတွက် ဆော်ဒီလိဂ်(၁)လတာ
အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းကမှ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့
ခဲ့သူ စီရော်နယ်လ်ဒိုဟာ အစပိုင်းပွဲတွေမှာ ရုန်းကန်ခဲ့ရပေမယ့်
Al Fateh အသင်းနဲ့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ
ပယ်နယ်တီကနေ ဂိုးသွင်းပြီးနောက်ပိုင်း ရပ်တန့်လို့မရတဲ့ ခြေစွမ်းပြနေပြီး
လိဂ်ပွဲစဉ်နောက်ဆုံး(၄)ပွဲအတွင်း (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်
ပြုလုပ်ခဲ့ပါတယ်။
Al Wehda အသင်းကို (၄-ဝ)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ စီရော်နယ်လ်ဒိုက
တစ်ပွဲတည်း Super Hat-trick အဖြစ် (၄)ဂိုးသွင်းယူခဲ့သလို ပြီးခဲ့တဲ့
တစ်ပတ်က ဒါမက်ခ်နဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူခဲ့ပြီး ကစားသမား
ဘဝတစ်လျှောက် (၆၂)ကြိမ်မြောက် ဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် စီရော်နယ်လ်ဒိုဟာ
ဖေဖော်ဝါရီလအတွက် ဆော်ဒီလိဂ်(၁)လတာအကောင်းဆုံးကစားသမားဆု
ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်မှာ (၅)ပွဲသာ
ကစားခဲ့ရပေမယ့် (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပြည်တွင်းလိဂ်
သွင်းဂိုးအများဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး သူ့ ကလပ်
အသင်းဖော် တယ်လစ္စကာ(၁၃ဂိုး)ကို အမီလိုက်ဖို့ ကြိုးစားရမှာပါ။
[Zawgyi]
အယ္လ္နာဆာအသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ ေဖေဖာ္ဝါရီလအတြက္ ေဆာ္ဒီလိဂ္(၁)လတာ
အေကာင္းဆုံးကစားသမားဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီလအစပိုင္းကမွ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕
ခဲ့သူ စီေရာ္နယ္လ္ဒိုဟာ အစပိုင္းပြဲေတြမွာ ႐ုန္းကန္ခဲ့ရေပမယ့္
Al Fateh အသင္းနဲ႔ (၂-၂)ဂိုးစီသေရက်ခဲ့တဲ့ ေဆာ္ဒီလိဂ္ပြဲမွာ
ပယ္နယ္တီကေန ဂိုးသြင္းၿပီးေနာက္ပိုင္း ရပ္တန႔္လို႔မရတဲ့ ေျခစြမ္းျပေနၿပီး
လိဂ္ပြဲစဥ္ေနာက္ဆုံး(၄)ပြဲအတြင္း (၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္
ျပဳလုပ္ခဲ့ပါတယ္။
Al Wehda အသင္းကို (၄-ဝ)ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ စီေရာ္နယ္လ္ဒိုက
တစ္ပြဲတည္း Super Hat-trick အျဖစ္ (၄)ဂိုးသြင္းယူခဲ့သလို ၿပီးခဲ့တဲ့
တစ္ပတ္က ဒါမက္ခ္နဲ႔ပြဲမွာလည္း ဟက္ထရစ္သြင္းယူခဲ့ၿပီး ကစားသမား
ဘဝတစ္ေလွ်ာက္ (၆၂)ႀကိမ္ေျမာက္ ဟက္ထရစ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒီလိုေျခစြမ္းေကာင္းေတြျပသႏိုင္တာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ
ေဖေဖာ္ဝါရီလအတြက္ ေဆာ္ဒီလိဂ္(၁)လတာအေကာင္းဆုံးကစားသမားဆု
ဆြတ္ခူးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီလိဂ္မွာ (၅)ပြဲသာ
ကစားခဲ့ရေပမယ့္ (၈)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဒီရာသီ ျပည္တြင္းလိဂ္
သြင္းဂိုးအမ်ားဆုံး ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီး သူ႔ ကလပ္
အသင္းေဖာ္ တယ္လစၥကာ(၁၃ဂိုး)ကို အမီလိုက္ဖို႔ ႀကိဳးစားရမွာပါ။