ဆော်ဒီမှာ အဖေဖြစ်သူ စီရော်နယ်လ်ဒိုနဲ့အပြိုင် ခြေစွမ်းပြကစားနေတဲ့ ခရစ္စတီယာနိုဂျူနီယာ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုရဲ့ သားဖြစ်သူ

ခရစ္စတီယာနိုဂျူနီယာဟာ ဆော်ဒီမြေမှာ ခြေစွမ်းပြကစားနေပြီး
သူ့ထက် အသက်(၂)နှစ်ကြီးတဲ့ကစားသမားတွေနဲ့အတူ
လေ့ကျင့်ခန်းဆင်းနေပါတယ်။

စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်
ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းကို (၂)နှစ်ခွဲစာချုပ်နဲ့
ပြောင်းရွှေ့ခဲ့ပြီး တနင်္ဂနွေနေ့က Al Ettifaq အသင်းကို (၁-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ပွဲမှာ အယ်လ်နာဆာအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ စီရော်နယ်လို လမ်းခွဲခဲ့သလို သားဖြစ်သူ ခရစ္စတီယာနို
ဂျူနီယာကလည်း ဖခင်နဲ့အတူ ဆော်ဒီမြေကို လိုက်ပါခဲ့ပြီး

Mahd Academy မှာ လေ့ကျင့်ခန်းဆင်းနေပါတယ်။

အသက်(၁၂)နှစ်သာရှိသေးတဲ့ ခရစ္စတီယာနိုဂျူနီယာဟာ အသင်းဟောင်း

ရီးယဲလ်အကယ်ဒမီကို ပြန်ဖို့ရှိတယ်လို့ သတင်းထွက်ခဲ့ပေမယ့် ရီယက်ဒ်မြို့
အခြေစိုက် Mahd Academy ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုဂျူနီယာဟာ သူ့ထက် အသက်ကြီးတဲ့ ကစားသမားတွေနဲ့အတူ
လေ့ကျင့်ခန်းဆင်းနေပေမယ့် စီနီယာကစားသမားတွေထက် ခြေစွမ်းပိုပြနေလို့
မီဒီယာတွေက ချီးကျူးဖော်ပြနေကြပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုရဲ႕ သားျဖစ္သူ
ခရစၥတီယာႏိုဂ်ဴနီယာဟာ ေဆာ္ဒီေျမမွာ ေျခစြမ္းျပကစားေနၿပီး
သူ႔ထက္ အသက္(၂)ႏွစ္ႀကီးတဲ့ကစားသမားေတြနဲ႔အတူ
ေလ့က်င့္ခန္းဆင္းေနပါတယ္။

စီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္
ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းကို (၂)ႏွစ္ခြဲစာခ်ဳပ္နဲ႔

ေျပာင္းေ႐ႊ႕ခဲ့ၿပီး တနဂၤေႏြေန႔က Al Ettifaq အသင္းကို (၁-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ပြဲမွာ အယ္လ္နာဆာအတြက္ ပြဲဦးထြက္ကစားခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ စီေရာ္နယ္လို လမ္းခြဲခဲ့သလို သားျဖစ္သူ ခရစၥတီယာႏို
ဂ်ဴနီယာကလည္း ဖခင္နဲ႔အတူ ေဆာ္ဒီေျမကို လိုက္ပါခဲ့ၿပီး
Mahd Academy မွာ ေလ့က်င့္ခန္းဆင္းေနပါတယ္။

အသက္(၁၂)ႏွစ္သာရွိေသးတဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ အသင္းေဟာင္း
ရီးယဲလ္အကယ္ဒမီကို ျပန္ဖို႔ရွိတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ရီယက္ဒ္ၿမိဳ႕
အေျခစိုက္ Mahd Academy ကို ေ႐ႊ႕ေျပာင္းခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုဂ်ဴနီယာဟာ သူ႔ထက္ အသက္ႀကီးတဲ့ ကစားသမားေတြနဲ႔အတူ
ေလ့က်င့္ခန္းဆင္းေနေပမယ့္ စီနီယာကစားသမားေတြထက္ ေျခစြမ္းပိုျပေနလို႔
မီဒီယာေတြက ခ်ီးက်ဴးေဖာ္ျပေနၾကပါတယ္။