
ဆော်ဒီထိပ်သီးကလပ်တစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်ဟာ အာဂျင်တီးနား
နာမည်ကျော်ကစားသမား မက်ဆီကို (၁)နှစ် ပေါင်(၂၄၅)သန်းအထိပေးပြီး
ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေသလို မက်ဆီရဲ့ အေးဂျင့်(ဖခင်လည်းဖြစ်သူ)
ဟော်ဟဲမက်ဆီဟာ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့အတွက် Riyadh မြို့ကို
ရောက်ရှိနေပြီလို့ သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့လက အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု
ဆွတ်ခူးနိုင်ခဲ့သူ မက်ဆီဟာ မနေ့က အန်ဂါစ်နဲ့ကစားခဲတဲ့ပွဲမှာ PSG အသင်း
အတွက် ပြန်လည်ပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။
PSG နဲ့ မက်ဆီတို့ရဲ့ စာချုပ်က အခုနှစ်၊ ဇွန်လမှာ သက်တမ်းပြည့်မှာဖြစ်ပြီး
အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ မသေမချာဖြစ်နေချိန်မှာ အယ်လ်ဟီလယ်
အသင်းဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အယ်လ်ဟီလယ်
အသင်းက မက်ဆီကို လစာနဲ့ တခြားခံစားခွင့်အပါအဝင် (၁)နှစ် ပေါင်(၂၄၅)သန်း
အထိပေးပြီး ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ စပိန်အားကစားသတင်းစာ
Mundo Deportivo က ဖော်ပြခဲ့ပါတယ်။
ဆော်ဒီသတင်းစာ The New Arab က မက်ဆီရဲ့ အေးဂျင့်ဖြစ်သူ ဟော်ဟဲမက်ဆီဟာ
အပြောင်းအရွှေ့ကိစ္စအတွက် Riyadh မြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့
ဖော်ပြခဲ့တာကြောင့် ဘောလုံးလောကရဲ့ GOAT နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့
စီရော်နယ်လ်ဒိုတို့ လိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ပြိုင်ဘက်အဖြစ် ပြန်လည်
ရင်ဆိုင်ရတော့မှာလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
အယ်လ်ဟီလယ်ရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းဟာ
မကြာသေးခင်ကမှ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို
ခေါ်ယူခဲ့တာဖြစ်ပြီး လစာအပါအဝင် (၁)နှစ်ကို ပေါင်(၁၇၅)သန်းအထိ
ပေးချေသွားမှာဖြစ်ပါတယ်။ တကယ်လို့ မက်ဆီသာ အယ်လ်ဟီလယ်အသင်းရဲ့
ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင် သူ့ရဲ့ ပြိုင်ဘက် စီရော်နယ်လ်ဒိုထက် ဝင်ငွေ
ရရှိမှု ပိုများမှာလည်းဖြစ်ပါတယ်။
[Zawgyi]
ေဆာ္ဒီထိပ္သီးကလပ္တစ္သင္းျဖစ္တဲ့ အယ္လ္ဟီလယ္ဟာ အာဂ်င္တီးနား
နာမည္ေက်ာ္ကစားသမား မက္ဆီကို (၁)ႏွစ္ ေပါင္(၂၄၅)သန္းအထိေပးၿပီး
ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းေနသလို မက္ဆီရဲ႕ ေအးဂ်င့္(ဖခင္လည္းျဖစ္သူ)
ေဟာ္ဟဲမက္ဆီဟာ အေျပာင္းအေ႐ႊ႕ကိစၥေဆြးေႏြးဖို႔အတြက္ Riyadh ၿမိဳ႕ကို
ေရာက္ရွိေနၿပီလို႔ သတင္းထြက္ေနပါတယ္။
ၿပီးခဲ့တဲ့လက အာဂ်င္တီးနားအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆု
ဆြတ္ခူးႏိုင္ခဲ့သူ မက္ဆီဟာ မေန႔က အန္ဂါစ္နဲ႔ကစားခဲတဲ့ပြဲမွာ PSG အသင္း
အတြက္ ျပန္လည္ပါဝင္ကစားခဲ့ၿပီး (၁)ဂိုးသြင္းယူခဲ့ပါတယ္။
PSG နဲ႔ မက္ဆီတို႔ရဲ႕ စာခ်ဳပ္က အခုႏွစ္၊ ဇြန္လမွာ သက္တမ္းျပည့္မွာျဖစ္ၿပီး
အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မေသမခ်ာျဖစ္ေနခ်ိန္မွာ အယ္လ္ဟီလယ္
အသင္းဟာ မက္ဆီကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ အယ္လ္ဟီလယ္
အသင္းက မက္ဆီကို လစာနဲ႔ တျခားခံစားခြင့္အပါအဝင္ (၁)ႏွစ္ ေပါင္(၂၄၅)သန္း
အထိေပးၿပီး ကမ္းလွမ္းဖို႔ ဆႏၵရွိေနတယ္လို႔ စပိန္အားကစားသတင္းစာ
Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။
ေဆာ္ဒီသတင္းစာ The New Arab က မက္ဆီရဲ႕ ေအးဂ်င့္ျဖစ္သူ ေဟာ္ဟဲမက္ဆီဟာ
အေျပာင္းအေ႐ႊ႕ကိစၥအတြက္ Riyadh ၿမိဳ႕ကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔
ေဖာ္ျပခဲ့တာေၾကာင့္ ေဘာလုံးေလာကရဲ႕ GOAT ႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔
စီေရာ္နယ္လ္ဒိုတို႔ လိဂ္ၿပိဳင္ပြဲတစ္ခုတည္းမွာ ၿပိဳင္ဘက္အျဖစ္ ျပန္လည္
ရင္ဆိုင္ရေတာ့မွာလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။
အယ္လ္ဟီလယ္ရဲ႕ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ အယ္လ္နာဆာအသင္းဟာ
မၾကာေသးခင္ကမွ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကို
ေခၚယူခဲ့တာျဖစ္ၿပီး လစာအပါအဝင္ (၁)ႏွစ္ကို ေပါင္(၁၇၅)သန္းအထိ
ေပးေခ်သြားမွာျဖစ္ပါတယ္။ တကယ္လို႔ မက္ဆီသာ အယ္လ္ဟီလယ္အသင္းရဲ႕
ကမ္းလွမ္းမႈကို လက္ခံမယ္ဆိုရင္ သူ႔ရဲ႕ ၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုထက္ ဝင္ေငြ
ရရွိမႈ ပိုမ်ားမွာလည္းျဖစ္ပါတယ္။