ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာနဲ့ (၇)နှစ်အထိ စာချုပ်,ချုပ်ဆိုဖို့ စီရော်နယ်လ်ဒို အသင့်ရှိနေ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ်

အယ်လ်နာဆာအသင်းကို ကမ္ဘာ့စံချိန်တင်လစာငွေ (၁)နှစ် ပေါင်(၁၇၃)သန်းနဲ့
ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက စီရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာတို့ရဲ့
အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပြီး အဲဒီအချိန်မှာ စီရော်နယ်လ်ဒိုတို့ဘက်က
ငြင်းဆန်ခဲ့ပါတယ်။

အခု အယ်လ်နာဆာအသင်းက စီရော်နယ်လ်ဒိုကို (၂)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူသွားမှာ
ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ သံတမန်အဖြစ် လစာငွေတိုးမြှင့်
ပေးပြီးတော့ (၄)နှစ်ခွဲစာချုပ် ထပ်ချုပ်သွားမှာဖြစ်တယ်လို့ စပိန်နာမည်ကျော်
အားကစား သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ အယ်လ်နာဆာအသင်းဟာ လာမယ့်နာရီပိုင်းအတွင်း
စီရော်နယ်လ်ဒိုကို တရားဝင်ခေါ်ယူစာချုပ်သွားမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးတဲ့

အချိန်ကျရင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီဂျစ်၊ ဂရိတို့နဲ့အတူ ဆော်ဒီနိုင်ငံရဲ့ ပူးတွဲ
အိမ်ရှင်လုပ်ခွင်ရဖို့စီမံကိန်းအတွက် အထူးသံတမန်အဖြစ် ခန့်အပ်သွားမှာဖြစ်တယ်လို့
သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုကို စာချုပ်ပြီးရင် အသင်းရဲ့ ဘဏ္ဍာရေ
းအနေအထား တည်ငြိမ်မှုရှိအောင်လို့ ကစားသမား(၃)ဦးကို ရောင်းချသွားဖို့
ပြင်ဆင်နေပါပြီ။

အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုနဲ့အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးမှု
ပြုလုပ်နေပြီဖြစ်ပြီး စီရော်နယ်လ်ဒိုနဲ့ သူ့မိသားစုကလည်း ဒူဘိုင်းမြို့ကို
ရောက်ရှိနေသလို အပြောင်းအရွှေ့ ရလဒ် ဘယ်လိုထွက်လာမလဲဆိုတာ

စောင့်မျှော်နေကြပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီထိပ္သီးကလပ္

အယ္လ္နာဆာအသင္းကို ကမာၻ႔စံခ်ိန္တင္လစာေငြ (၁)ႏွစ္ ေပါင္(၁၇၃)သန္းနဲ႔
ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီလို႔ စပိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ကတည္းက စီေရာ္နယ္လ္ဒိုနဲ႔ အယ္လ္နာဆာတို႔ရဲ႕
အေျပာင္းအေ႐ႊ႕သတင္းေတြထြက္ေပၚခဲ့ၿပီး အဲဒီအခ်ိန္မွာ စီေရာ္နယ္လ္ဒိုတို႔ဘက္က
ျငင္းဆန္ခဲ့ပါတယ္။

အခု အယ္လ္နာဆာအသင္းက စီေရာ္နယ္လ္ဒိုကို (၂)ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေခၚယူသြားမွာ
ျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခါ သံတမန္အျဖစ္ လစာေငြတိုးျမႇင့္
ေပးၿပီးေတာ့ (၄)ႏွစ္ခြဲစာခ်ဳပ္ ထပ္ခ်ဳပ္သြားမွာျဖစ္တယ္လို႔ စပိန္နာမည္ေက်ာ္
အားကစား သတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။

Marca ရဲ႕ ေဖာ္ျပခ်က္အရ အယ္လ္နာဆာအသင္းဟာ လာမယ့္နာရီပိုင္းအတြင္း
စီေရာ္နယ္လ္ဒိုကို တရားဝင္ေခၚယူစာခ်ဳပ္သြားမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့

အခ်ိန္က်ရင္ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲကို အီဂ်စ္၊ ဂရိတို႔နဲ႔အတူ ေဆာ္ဒီႏိုင္ငံရဲ႕ ပူးတြဲ
အိမ္ရွင္လုပ္ခြင္ရဖို႔စီမံကိန္းအတြက္ အထူးသံတမန္အျဖစ္ ခန႔္အပ္သြားမွာျဖစ္တယ္လို႔
သိရပါတယ္။

အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုကို စာခ်ဳပ္ၿပီးရင္ အသင္းရဲ႕ ဘ႑ာေရ
းအေနအထား တည္ၿငိမ္မႈရွိေအာင္လို႔ ကစားသမား(၃)ဦးကို ေရာင္းခ်သြားဖို႔
ျပင္ဆင္ေနပါၿပီ။

အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔အေျပာင္းအေ႐ႊ႕ကိစၥကို ေဆြးေႏြးမႈ
ျပဳလုပ္ေနၿပီျဖစ္ၿပီး စီေရာ္နယ္လ္ဒိုနဲ႔ သူ႔မိသားစုကလည္း ဒူဘိုင္းၿမိဳ႕ကို
ေရာက္ရွိေနသလို အေျပာင္းအေ႐ႊ႕ ရလဒ္ ဘယ္လိုထြက္လာမလဲဆိုတာ

ေစာင့္ေမွ်ာ္ေနၾကပါတယ္။