





ချဲလ်ဆီးကတော့ ဂိုးသမား မန်ဒီရဲ့ ရှေ့မှာ သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊
ရူဒီဒါတို့နဲ့ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကန်တေ၊ ကိုဗာချစ်၊ အလွန်ဆိုနဲ့





လော့ဖ်တပ်စ်-ချိခ်တို့ ကစားခဲ့ကြပြီး တိုက်စစ်ပိုင်းမှာ တီမို ဗာနာ၊ ဟာဗတ်ဇ်နဲ့
မေဆန်မောင့်တို့ ပွဲထွက်လာခဲ့ကြတာပါ။ အိမ်ရှင် ဆောက်သမ်တန်တို့ကတော့
ခံစစ်မှာ ဂိုးသမား ဖရေဆာ ဖော်စတာ၊ လီဗရာမန်တို၊ ဆာလီဆူး၊ ဘက်ဒ်နာရက်ခ်၊





ဝေါ်လ်ကာ-ပီတာစ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဝါ့ဒ်-ပရောက်စ်၊ ရိုမီယူ၊
စတူးဝပ် အမ်းစ်ထရောင်းနဲ့ အယ်လ်ယူနူဆီတို့ ပါဝင်ခဲ့ကြသလို တိုက်စစ်မှာတော့





ရှေအက်ဒမ်စ်နဲ့ အဒမ် အမ်းစ်ထရောင်းတို့ကို သုံးခဲ့တာဖြစ်ပါတယ်။
ပထမပိုင်း မိနစ် (၃၀) အတွင်းမှာတင် ချဲလ်ဆီးတို့ လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။
မေဆန်မောင့် ဧရိယာထဲမှာ အပိုင်ချပေးလိုက်တဲ့ ဘောလုံးကို အလွန်ဆိုက





အပိုင်ကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးရရှိခဲ့ပါတယ်။
ဒုတိယဂိုးကိုတော့ မေဆန်မောင့် ကိုယ်တိုင်က ဧရိယာထိပ်ကနေ ကန်သွင်းပြီး ရယူခဲ့ပါတယ်။





နောက်ထပ် ၅ မိနစ်အကြာမှာတော့ အသင်းအတွက် ဂိုးမသွင်းနိုင်လို့ ဝေဖန်ခံနေရသူဖြစ်တဲ့
တီမို ဗာနာက တတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာတော့
ချဲလ်ဆီးတို့ အတွက် စတုတ္ထ ဦးဆောင်ဂိုး ကို ဟာဗတ်ဇ်က စွမ်းဆောင်ခဲ့ပါတယ်။





ဂိုးတွေက မပြီး သေးပါဘူး။ ဒုတိယပိုင်းစပြီး (၁၀) မိနစ်မပြည့်ခင်မှာတင် နောက်ထပ်နှစ်ဂိုး
ထပ်သွင်းခဲ့ပါတယ်။ ကန်တေရဲ့ ကန်ချက်က ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို





ဗာနာက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ပါတယ်။
နောက် (၅) မိနစ်အကြာမှာ မေဆန်မောင့်က ချဲလ်ဆီးအတွက် (၆) ဂိုးမြောက်သွင်းဂိုးကို
သွင်းယူပေးခဲ့ပါတယ်။





zawgyi
ေဆာက္သမ္တန္ဘက္ကို ဂိုးတစ္ဝႀကီး သြင္းယူခဲ့တဲ့ ခ်ဲလ္ဆီး





ခ်ဲလ္ဆီးကေတာ့ ဂိုးသမား မန္ဒီရဲ႕ ေရွ႕မွာ သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊
႐ူဒီဒါတို႔နဲ႔ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကန္ေတ၊ ကိုဗာခ်စ္၊ အလြန္ဆိုနဲ႔
ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္ပိုင္းမွာ တီမို ဗာနာ၊ ဟာဗတ္ဇ္နဲ႔





ေမဆန္ေမာင့္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။ အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့
ခံစစ္မွာ ဂိုးသမား ဖေရဆာ ေဖာ္စတာ၊ လီဗရာမန္တို၊ ဆာလီဆူး၊ ဘက္ဒ္နာရက္ခ္၊





ေဝၚလ္ကာ-ပီတာစ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဝါ့ဒ္-ပေရာက္စ္၊ ႐ိုမီယူ၊
စတူးဝပ္ အမ္းစ္ထေရာင္းနဲ႔ အယ္လ္ယူႏူဆီတို႔ ပါဝင္ခဲ့ၾကသလို တိုက္စစ္မွာေတာ့
ေရွအက္ဒမ္စ္နဲ႔ အဒမ္ အမ္းစ္ထေရာင္းတို႔ကို သုံးခဲ့တာျဖစ္ပါတယ္။





ပထမပိုင္း မိနစ္ (၃၀) အတြင္းမွာတင္ ခ်ဲလ္ဆီးတို႔ ေလးဂိုးျပတ္နဲ႔ ဦးေဆာင္ခဲ့တာပါ။
ေမဆန္ေမာင့္ ဧရိယာထဲမွာ အပိုင္ခ်ေပးလိုက္တဲ့ ေဘာလုံးကို အလြန္ဆိုက





အပိုင္ကန္သြင္းၿပီး ခ်ဲလ္ဆီးအတြက္ အဖြင့္ဂိုးရရွိခဲ့ပါတယ္။
ဒုတိယဂိုးကိုေတာ့ ေမဆန္ေမာင့္ ကိုယ္တိုင္က ဧရိယာထိပ္ကေန ကန္သြင္းၿပီး ရယူခဲ့ပါတယ္။
ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ အသင္းအတြက္ ဂိုးမသြင္းႏိုင္လို႔ ေဝဖန္ခံေနရသူျဖစ္တဲ့





တီမို ဗာနာက တတိယဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့
ခ်ဲလ္ဆီးတို႔ အတြက္ စတုတၳ ဦးေဆာင္ဂိုး ကို ဟာဗတ္ဇ္က စြမ္းေဆာင္ခဲ့ပါတယ္။





ဂိုးေတြက မၿပီး ေသးပါဘူး။ ဒုတိယပိုင္းစၿပီး (၁၀) မိနစ္မျပည့္ခင္မွာတင္ ေနာက္ထပ္ႏွစ္ဂိုး
ထပ္သြင္းခဲ့ပါတယ္။ ကန္ေတရဲ႕ ကန္ခ်က္က ဂိုးသမား ပုတ္ထုတ္လို႔ ျပန္ထြက္လာတာကို
ဗာနာက ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခဲ့ပါတယ္။





ေနာက္ (၅) မိနစ္အၾကာမွာ ေမဆန္ေမာင့္က ခ်ဲလ္ဆီးအတြက္ (၆) ဂိုးေျမာက္သြင္းဂိုးကို
သြင္းယူေပးခဲ့ပါတယ္။
Leave a Reply