ဆောက်သမ်တန်နဲ့ပွဲကို တာဝန်ယူမယ့်ဒိုင်အကြောင်းတွေအားလုံး ကက်စ်မီရို သိနေလောက်ပြီ

ကက်စ်မီရိုဟာ အင်္ဂလိပ်စကားအားနည်းတာကြောင့် မန်ယူပရိသတ်တွေ စိတ်မပျက်လိုက်ကြပါနဲ့ဦး။ သူ့မှာ နောက်ထပ် အားသာချက်တစ်ရပ်ရှိနေပါသေးတယ်။ ပွဲတစ်ပွဲမကစားခင် အသေးစိတ် ကြိုတင်ပြင်ဆင်တတ်တဲ့

အလေ့အကျင့်ကောင်းပါ။ ဘရာဇီးလ်သားဟာ သူကစားရမယ့်ပွဲမတိုင်ခင် တာဝန်ယူမယ့် ဒိုင်လူကြီးတွေအကြောင်းအပါအဝင် ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်စာရွက်စာတမ်းတွေကို တောင်းခံတတ်တယ်လို့

ရင်းနှီးတဲ့မိတ်ဆွေလည်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ဘရူနိုဒေါ့စ်အန်ဂျို့စ်က The Telegraph သတင်းစာနဲ့အင်တာဗျူးမှာ ဖွင့်ဟလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်နဲ့ပွဲကို တာဝန်ယူမယ့်

ကွင်းလယ်ဒိုင်အန်ဒီမက်ဒ်လေးရဲ့ အချက်အလက်တွေလည်း ကက်စ်မီရိုဆီရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ မက်ဒ်လေးဟာ ၂၀၁၉ ကတည်းက ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးလုပ်လာတာဖြစ်ပြီး ၄၈ ပွဲ တာဝန်ယူခဲ့ပါတယ်။

တနည်းအားဖြင့် ကက်စ်မီရိုဟာ မက်ဒ်လေးရဲ့ဂုဏ်သတင်း၊ သူ့ကို ဘယ်လိုခေါ်ရင်ကြိုက်တာ၊ မွေးရပ်မြေ၊ တစ်ခြားအလုပ်အကိုင်နဲ့ ပွဲစီမံခန့်ခွဲပုံတွေကို သိရှိထားပြီလို့ ယူဆရပါတယ်။  “ သူက ဒိုင်တွေနဲ့ စကားအများကြီးပြောရမယ့်နေရာမှာရှိနေတာကြောင့်

ကတ်လည်း အပြခံရဖို့ အလားအလာပိုများနေပါတယ်။ ဒါကြောင့် သူတို့ပြောတာနားလည်ပြီး လိုအပ်ရင် ငြင်းခုန်နိုင်ဖို့က အရေးကြီးပါတယ်။ တစ်ချို့အခြေအနေတွေမှာ ဒါက အထောက်အကူဖြစ်နိုင်ပါတယ် ” လို့ ဘရူနိုက

ဘရာဇီးလ်ကွင်းလယ်လူနဲ့ပတ်သက်ပြီး ဖွင့်ဟသွားခဲ့ပါတယ်။ ကက်စ်မီရိုဟာ မန်ယူဝက်ဘ်ဆိုက်နဲ့ ပထမဆုံးအင်တာဗျူးမှာ ဘာသာစကားအခက်အခဲကြောင့် အဆင်မပြေမှုတွေရှိခဲ့ပြီး ဒါကိုလည်းဝန်ခံသွားသလို ကြိုးစားသင်ယူသွားမယ်လို့လည်း ပြောသွားခဲ့တာပါ။

(zawgyi)

ကက္စ္မီ႐ိုဟာ အဂၤလိပ္စကားအားနည္းတာေၾကာင့္ မန္ယူပရိသတ္ေတြ စိတ္မပ်က္လိုက္ၾကပါနဲ႔ဦး။ သူ႔မွာ ေနာက္ထပ္ အားသာခ်က္တစ္ရပ္ရွိေနပါေသးတယ္။ ပြဲတစ္ပြဲမကစားခင္ အေသးစိတ္ ႀကိဳတင္ျပင္ဆင္တတ္တဲ့ အေလ့အက်င့္ေကာင္းပါ။

ဘရာဇီးလ္သားဟာ သူကစားရမယ့္ပြဲမတိုင္ခင္ တာဝန္ယူမယ့္ ဒိုင္လူႀကီးေတြအေၾကာင္းအပါအဝင္ ပြဲနဲ႔ပတ္သက္တဲ့ အေသးစိတ္စာ႐ြက္စာတမ္းေတြကို ေတာင္းခံတတ္တယ္လို႔ ရင္းႏွီးတဲ့မိတ္ေဆြလည္းျဖစ္

အသင္းေဖာ္ေဟာင္းလည္းျဖစ္တဲ့ ဘ႐ူႏိုေဒါ့စ္အန္ဂ်ိဳ႕စ္က The Telegraph သတင္းစာနဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟလိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဆာက္သမ္တန္နဲ႔ပြဲကို တာဝန္ယူမယ့္ ကြင္းလယ္ဒိုင္အန္ဒီမက္ဒ္ေလးရဲ႕ အခ်က္အလက္ေတြလည္း

ကက္စ္မီ႐ိုဆီေရာက္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ မက္ဒ္ေလးဟာ ၂၀၁၉ ကတည္းက ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးလုပ္လာတာျဖစ္ၿပီး ၄၈ ပြဲ တာဝန္ယူခဲ့ပါတယ္။ တနည္းအားျဖင့္ ကက္စ္မီ႐ိုဟာ မက္ဒ္ေလးရဲ႕ဂုဏ္သတင္း၊ သူ႔ကို

ဘယ္လိုေခၚရင္ႀကိဳက္တာ၊ ေမြးရပ္ေျမ၊ တစ္ျခားအလုပ္အကိုင္နဲ႔ ပြဲစီမံခန႔္ခြဲပုံေတြကို သိရွိထားၿပီလို႔ ယူဆရပါတယ္။ “ သူက ဒိုင္ေတြနဲ႔ စကားအမ်ားႀကီးေျပာရမယ့္ေနရာမွာရွိေနတာေၾကာင့္ ကတ္လည္း

အျပခံရဖို႔ အလားအလာပိုမ်ားေနပါတယ္။ ဒါေၾကာင့္ သူတို႔ေျပာတာနားလည္ၿပီး လိုအပ္ရင္ ျငင္းခုန္ႏိုင္ဖို႔က အေရးႀကီးပါတယ္။ တစ္ခ်ိဳ႕အေျခအေနေတြမွာ ဒါက အေထာက္အကူျဖစ္ႏိုင္ပါတယ္ ” လို႔ ဘ႐ူႏိုက

ဘရာဇီးလ္ကြင္းလယ္လူနဲ႔ပတ္သက္ၿပီး ဖြင့္ဟသြားခဲ့ပါတယ္။ ကက္စ္မီရိုဟာ မန္ယူ၀က္ဘ္ဆိုက္နဲ႔ ပထမဆံုးအင္တာဗ်ဴးမွာ ဘာသာစကားအခက္အခဲေၾကာင့္ အဆင္မေျပမႈေတြရွိခဲ့ၿပီး ဒါကိုလည္း၀န္ခံသြားသလို ႀကိဳးစားသင္ယူသြားမယ္လို႔လည္း ေျပာသြားခဲ့တာပါ။