ဆုဖလားရယူဖို့ မျှော်လင့်ချက်ရှိလာပြီဖြစ်ပေမယ့် အခုထက် ပိုကြိုးစားဖို့ လိုအပ်တယ်လို့ ကတ်စ်မဲရိုး ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ

ကတ်စ်မဲရိုးက နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ အသင်း
အနေအထားက လမ်းကြောင်းမှန်ပေါ်ရောက်လာပြီး ဆုဖလားတွေ
ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်ရှိလာပေမယ့် အခုထက် ပိုကောင်းအောင်
ကြိုးစားဖို့ လိုသေးတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ရီးယဲလ်ကနေ ပေါင်သန်း(၇၀)နဲ့ပြောင်းရွှေ့ခဲ့သူ
ကတ်စ်မဲရိုးဟာ ယူနိုက်တက်ကွင်းလယ်မှာ အဓိက,ကစားသမားအဖြစ်
ခြေစွမ်းပြကစားနေပြီး ရက်ဒင်းကို အနိုင်ရတဲ့ FA ဖလားပွဲမှာ (၂)ဂိုး

သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ဖို့

အခြေအနေကောင်းနေသလို FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်၊
ယူရိုပါလိဂ်မှာ ရှုံးထွက် Play off အဆင့် တက်ရောက်ခဲ့ပြီး ၂၀၁၇
နောက်ပိုင်းကတည်းက ဖလားလက်မဲ့ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို
အဆုံးသတ်နိုင်ဖို့ နီးစပ်နေပါပြီ။

ကတ်စ်မဲရိုးက “ကျွန်တော်တို့အသင်းဟာ လမ်းကြောင်းမှန်ပေါ်
ရောက်ရှိနေပြီး ဆုဖလားတွေ ရယူနိုင်တဲ့အနေအထားဖြစ်နေပါပြီ။
ဒါပေမဲ့ အခုထက် ပိုကောင်းအောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။

အနာဂတ်မှာ ချန်ပီယံဆုဖလားတွေ ပိုင်ဆိုင်ချင်ရင် အခုကတည်းက
ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မှဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ဝါရင့္ကြင္းလယ္လူ
ကတ္စ္မဲ႐ိုးက နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ အသင္း
အေနအထားက လမ္းေၾကာင္းမွန္ေပၚေရာက္လာၿပီး ဆုဖလားေတြ
ဆြတ္ခူးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာေပမယ့္ အခုထက္ ပိုေကာင္းေအာင္
ႀကိဳးစားဖို႔ လိုေသးတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက ရီးယဲလ္ကေန ေပါင္သန္း(၇၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ
ကတ္စ္မဲ႐ိုးဟာ ယူႏိုက္တက္ကြင္းလယ္မွာ အဓိက,ကစားသမားအျဖစ္

ေျခစြမ္းျပကစားေနၿပီး ရက္ဒင္းကို အႏိုင္ရတဲ့ FA ဖလားပြဲမွာ (၂)ဂိုး
သြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ လိဂ္ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ဖို႔
အေျခအေနေကာင္းေနသလို FA ဖလားၿပိဳင္ပြဲမွာ ပၪၥမအဆင့္၊
ယူ႐ိုပါလိဂ္မွာ ရႈံးထြက္ Play off အဆင့္ တက္ေရာက္ခဲ့ၿပီး ၂၀၁၇
ေနာက္ပိုင္းကတည္းက ဖလားလက္မဲ့ျဖစ္ေနတဲ့ မွတ္တမ္းဆိုးကို
အဆုံးသတ္ႏိုင္ဖို႔ နီးစပ္ေနပါၿပီ။

ကတ္စ္မဲ႐ိုးက “ကြၽန္ေတာ္တို႔အသင္းဟာ လမ္းေၾကာင္းမွန္ေပၚ
ေရာက္ရွိေနၿပီး ဆုဖလားေတြ ရယူႏိုင္တဲ့အေနအထားျဖစ္ေနပါၿပီ။

ဒါေပမဲ့ အခုထက္ ပိုေကာင္းေအာင္ ႀကိဳးစားဖို႔ေတာ့ လိုအပ္ပါတယ္။
အနာဂတ္မွာ ခ်န္ပီယံဆုဖလားေတြ ပိုင္ဆိုင္ခ်င္ရင္ အခုကတည္းက
ခိုင္မာတဲ့ အုတ္ျမစ္ခ်ႏိုင္မွျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။