





နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ် ဗန်ဟားလ်က သူခံစားနေရတဲ့
ဆီးကျိတ်ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှုက အောင်မြင်ခဲ့ကြောင်း





ပြောကြားခဲ့ပါတယ်။ ( ၂၀၁၄ ) ကနေ ( ၂၀၁၆ ) ခုနှစ်ထိ မန်ချက်စတာ
ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အသက် ( ၇၀ ) အရွယ် နည်းပြဟာ
ပြီးခဲ့တဲ့ ဧပြီလ ( ၃ ) ရက်နေ့မှာ ဒတ်ချ် ရုပ်မြင်သံကြားကနေ အဆိုပါ ရောဂါခံစားနေရကြောင်း





ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဗန်ဟားလ်က ( ၂၀၂၂ ) ကမ္ဘာ့ဖလားပြီးဆုံးချိန်မှာ
နိုင်ငံလက်ရွေးစင်အသင်းနည်းပြရာထူးကနေ တတိယအကြိမ်မြောက်





အနားယူဖို့ရှိကြောင်း ပြောဆိုထားပါတယ်။ သူဟာ ယခင်ကလည်း အေဂျက် ၊
ဘာစီလိုနာ နှင့် ဘိုင်ယန်မြူးနစ်အသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပါတယ်။
ဗန်ဟားက ANP နဲ့ တွေ့ဆုံစဉ် “ ကျွန်တော် အရာရာ ဖြတ်ကျော်ခဲ့ပြီးပါပြီ။





ကျွန်တော် ( ၂၅ ) ကြိမ်တိတိ ဓာတ်ကင်ခဲ့ပြီးပါပြီ။
အဲ့ဒီနောက် ကျွန်တော့်အနေနဲ့ အောင်မြင်လား ၊ မအောင်မြင်ဘူးလားဆိုတာသိရဖို့





( ၅ ) လ ၊ ( ၆ )လ လောက်ထိ စောင့်ဆိုင်းခဲ့ရပါတယ်။ အောင်မြင်ခဲ့ပါတယ်။”လို့ဆိုပါတယ်။
သူက ကစားသမားတွေတောင် သူ့ရဲ့ ဝေဒနာနဲ့ ပတ်သက်လို့ အသိမပေးခဲ့ကြောင်း ဆိုပါတယ်။
“ ကျွန်တော် ကစားသမားတွေကို ဒီအကြောင်း မပြောချင်ပါဘူး။





ဒါက သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိနိုင်လို့ပါ။”
“ ကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောက်ရွက်နေစဉ် ညပိုင်းတွေမှာ





ကစားသမားတွေ မသိအောင် ဆေးရုံကို တိတ်တဆိတ်သွားခဲ့ရပါတယ်။
ကျွန်တော်နေကောင်းတယ်လို့ ထင်ကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။”
သူ့ရဲ့ နယ်သာလန်အသင်းက ပြီးခဲ့တဲ့လအတွင်း ပြုလုပ်တဲ့ ( ၂၀၂၂ ) ကမ္ဘာ့ဖလား





ခြေစစ်ပွဲမှာ ကာတာ ၊ ဆီနီဂေါ ၊ အီကွေဒေါတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှာ လူးဝစ်ဗန်ဟား နေရာကို ရော်နယ်ကိုးမန်းက အစားဝင်ပါလိမ့်မယ်။





zawgyi
ဆီးက်ိတ္ကင္ဆာ ကုသမႈ ေအာင္ျမင္ခဲ့တဲ့ လူးဝစ္ ဗန္ဟားလ္
နယ္သာလန္လက္ေ႐ြးစင္အသင္းနည္းျပ လူးဝစ္ ဗန္ဟားလ္က သူခံစားေနရတဲ့





ဆီးက်ိတ္ကင္ဆာအတြက္ ဓာတ္ေရာင္ျခည္ကုသမႈက ေအာင္ျမင္ခဲ့ေၾကာင္း
ေျပာၾကားခဲ့ပါတယ္။ ( ၂၀၁၄ ) ကေန ( ၂၀၁၆ ) ခုႏွစ္ထိ မန္ခ်က္စတာ





ယူႏိုက္တက္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့တဲ့ အသက္ ( ၇၀ ) အ႐ြယ္ နည္းျပဟာ
ၿပီးခဲ့တဲ့ ဧၿပီလ ( ၃ ) ရက္ေန႔မွာ ဒတ္ခ်္ ႐ုပ္ျမင္သံၾကားကေန အဆိုပါ ေရာဂါခံစားေနရေၾကာင္း
ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဗန္ဟားလ္က ( ၂၀၂၂ ) ကမာၻ႔ဖလားၿပီးဆုံးခ်ိန္မွာ





ႏိုင္ငံလက္ေ႐ြးစင္အသင္းနည္းျပရာထူးကေန တတိယအႀကိမ္ေျမာက္
အနားယူဖို႔ရွိေၾကာင္း ေျပာဆိုထားပါတယ္။ သူဟာ ယခင္ကလည္း ေအဂ်က္ ၊





ဘာစီလိုနာ ႏွင့္ ဘိုင္ယန္ျမဴးနစ္အသင္းေတြကို တာဝန္ယူကိုင္တြယ္ခဲ့ဖူးပါတယ္။
ဗန္ဟားက ANP နဲ႔ ေတြ႕ဆုံစဥ္ “ ကြၽန္ေတာ္ အရာရာ ျဖတ္ေက်ာ္ခဲ့ၿပီးပါၿပီ။
ကြၽန္ေတာ္ ( ၂၅ ) ႀကိမ္တိတိ ဓာတ္ကင္ခဲ့ၿပီးပါၿပီ။





အဲ့ဒီေနာက္ ကြၽန္ေတာ့္အေနနဲ႔ ေအာင္ျမင္လား ၊ မေအာင္ျမင္ဘူးလားဆိုတာသိရဖို႔
( ၅ ) လ ၊ ( ၆ )လ ေလာက္ထိ ေစာင့္ဆိုင္းခဲ့ရပါတယ္။ ေအာင္ျမင္ခဲ့ပါတယ္။”လို႔ဆိုပါတယ္။





သူက ကစားသမားေတြေတာင္ သူ႔ရဲ႕ ေဝဒနာနဲ႔ ပတ္သက္လို႔ အသိမေပးခဲ့ေၾကာင္း ဆိုပါတယ္။
“ ကြၽန္ေတာ္ ကစားသမားေတြကို ဒီအေၾကာင္း မေျပာခ်င္ပါဘူး။
ဒါက သူတို႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ သက္ေရာက္မႈရွိႏိုင္လို႔ပါ။”





“ ကြၽန္ေတာ္ ႏိုင္ငံလက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ ေဆာက္႐ြက္ေနစဥ္ ညပိုင္းေတြမွာ
ကစားသမားေတြ မသိေအာင္ ေဆး႐ုံကို တိတ္တဆိတ္သြားခဲ့ရပါတယ္။





ကြၽန္ေတာ္ေနေကာင္းတယ္လို႔ ထင္ၾကေပမယ့္ တကယ္ေတာ့ မဟုတ္ပါဘူး။”
သူ႔ရဲ႕ နယ္သာလန္အသင္းက ၿပီးခဲ့တဲ့လအတြင္း ျပဳလုပ္တဲ့ ( ၂၀၂၂ ) ကမာၻ႔ဖလား
ေျခစစ္ပြဲမွာ ကာတာ ၊ ဆီနီေဂါ ၊ အီေကြေဒါတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ခဲ့ပါတယ္။





ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာ လူးဝစ္ဗန္ဟား ေနရာကို ေရာ္နယ္ကိုးမန္းက အစားဝင္ပါလိမ့္မယ္။
Leave a Reply