” ဆီမြွန်နီသာ ယူနိုက်တက်နည်းပြဆိုရင် သရဲနီတွေ ကွာတားဖိုင်နယ်တက်မှာ သေချာတယ် “

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်ဒုတိယအကျော့မှာတော့ အက်သလက်တီကိုဟာ

ယူနိုက်တက်ကို (ဝ-၁) ရလဒ်နဲ့အနိုင်ယူခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွါစေခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာတုန်းက သရေကစားနိုင်ခဲ့ပေမယ့်

အိုးထရက်ဖို့ဒ်မှာတော့ ဆီမြွန်နီရဲ့ကျစ်လစ်တဲ့ခံစစ်ကို မထိုးဖောက်နိုင်ဘဲ

အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘောလုံး အရေး ဝေဖန်သုံးသပ်သူ

ပေါလ်စခိုးလ်ကတော့ ရန်းနစ်ခ် ကို ဝေဖန်ထားပါတယ်။

ပေါလ်စခိုးလ်က “အရင်ဆုံးအနေနဲ့ ယူနိုက်တက်က သင့်တော်တဲ့

နည်းပြတစ်ယောက် လိုအပ်ပါတယ်။ ပြီးရင် ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့

လူစာရင်းကို တည်ဆောက်နိုင်ဖို့ သူ့အတွက် အချိန် နှစ်နှစ်၊ သုံးနှစ်လောက် ပေးရပါမယ်။

အက်သလက်တီကိုက ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်းတစ်သင်း မဟုတ်ပါဘူး”

“ဒါပေမယ့် သူတို့မှာ ပိုကောင်းတဲ့၊ အတွေ့အကြုံပိုရှိတဲ့ နည်းပြရှိပါတယ်။

တကယ်လို့ ဆီမြွန်နီသာ ယူနိုက်တက်ကို ကိုင်တွယ်မယ်ဆိုရင်

ကွာတားဖိုင်နယ်တက်မယ့်အသင်းက ယူနိုက်တက်ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ မြေလှန်ပြုပြင်မှပဲ ဆုဖလား ရရှိမယ့် အနေအထားမျိုးပါ။

zawgyi

” ဆီႁမြန္နီသာ ယူႏိုက္တက္နည္းျပဆိုရင္ သရဲနီေတြ ကြာတားဖိုင္နယ္တက္မွာ ေသခ်ာတယ္ ”

ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ဒုတိယအေက်ာ့မွာေတာ့ အက္သလက္တီကိုဟာ

ယူႏိုက္တက္ကို (ဝ-၁) ရလဒ္နဲ႔အႏိုင္ယူခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြါေစခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ အေဝးကြင္းမွာတုန္းက သေရကစားႏိုင္ခဲ့ေပမယ့္

အိုးထရက္ဖို႔ဒ္မွာေတာ့ ဆီႁမြန္နီရဲ႕က်စ္လစ္တဲ့ခံစစ္ကို မထိုးေဖာက္ႏိုင္ဘဲ

အေရးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။ ေဘာလုံး အေရး ေဝဖန္သုံးသပ္သူ

ေပါလ္စခိုးလ္ကေတာ့ ရန္းနစ္ခ္ ကို ေဝဖန္ထားပါတယ္။

ေပါလ္စခိုးလ္က “အရင္ဆုံးအေနနဲ႔ ယူႏိုက္တက္က သင့္ေတာ္တဲ့

နည္းျပတစ္ေယာက္ လိုအပ္ပါတယ္။ ၿပီးရင္ ဆုဖလားေတြ စိန္ေခၚႏိုင္တဲ့

လူစာရင္းကို တည္ေဆာက္ႏိုင္ဖို႔ သူ႔အတြက္ အခ်ိန္ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ ေပးရပါမယ္။

အက္သလက္တီကိုက ယူႏိုက္တက္ထက္ ပိုေကာင္းတဲ့ အသင္းတစ္သင္း မဟုတ္ပါဘူး”

“ဒါေပမယ့္ သူတို႔မွာ ပိုေကာင္းတဲ့၊ အေတြ႕အႀကဳံပိုရွိတဲ့ နည္းျပရွိပါတယ္။

တကယ္လို႔ ဆီႁမြန္နီသာ ယူႏိုက္တက္ကို ကိုင္တြယ္မယ္ဆိုရင္

ကြာတားဖိုင္နယ္တက္မယ့္အသင္းက ယူႏိုက္တက္ျဖစ္ပါလိမ့္မယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္ကေတာ့ ေျမလွန္ျပဳျပင္မွပဲ ဆုဖလား ရရွိမယ့္ အေနအထားမ်ိဳးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*