ဆီမီးပွဲမှာ ဆွီဒင်အတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ သရဲနီလူငယ်ကြယ်ပွင့်

ဒီရာသီ မန်ယူမှာ တောက်ပလာတဲ့အီလန်ဂါဟာ ကြာသပတေးည

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ငံအသင်းဆွီဒင်အတွက် ပွဲဦထွက်ခွင့်ရခဲ့ပါတယ်။

ချက်ကို အနိုင်ရခဲ့တဲ့ play-off ဆီမီးဖိုင်နယ်မှာ အဲဒီမန်ယူလူငယ်ကြယ်ပွင့်ဟာ

အချိန်ပိုအရောက် လူစားဝင်ကစားခဲ့တာပါ။ ၁၉ နှစ်အရွယ် အီလန်ဂါဟာ

အဲဒီပွဲက အချိန်ပိုနောက်ဆုံး ၅ မိနစ်မှာ ဝင်ကစားခဲ့တာဖြစ်ပြီး

ဆီဒင်က အချိန်ပိုရောက်မှာ အနိုင်ရခဲ့တာပါ။ သူဟာ ဒီရာသီယူနိုက်တက်မှာ

အတော်လေးအခွင့်အရေးပေးခံလာရလို့ နိုင်ငံအသင်းဆွီဒင်မှာ

ရွေးချယ်ခံရတာဟာ အံ့သြစရာတော့ မရှိပါဘူး။

အခုတော့ အီလန်ဂါဟာ ကာတာကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့

တစ်ပွဲအလိုသာ ရှိပါတော့တယ်။ အီလန်ဂါတို့ရဲ့ဆွီဒင်ဟာ ယူရိုမှာ

ကွာတားရောက်ခဲ့တဲ့ချက်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာပါ။

ချက်နဲ့အဲဒီပွဲမှာ ဆွီဒင်ဗဟိုခံစစ်က သူ့ရဲ့မန်ယူအသင်းဖော်လင်ဒီလော့ဖ်ဟာလည်း

ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အီလန်ဂါဟာ မစ်ဒယ်ဘရော့နဲ့အက်ဖ်အေဖလား

တုန်းက ပင်နယ်တီအဆုံးအဖြတ်လွဲခဲ့သူဖြစ်လို့ ပင်နယ်တီအဆုံးအဖြတ်ထိ

ရောက်သွားနိုင်တဲ့အခြေအနေအပေါ် စိုးရိမ်ခဲ့ရဦးမှာပါ။

ဒါပေမဲ့ ဆွီဒင်ဟာ အချိန်ပိုက သူတို့ရဲ့တစ်လုံးတည်းသောဂိုးကို

ပွဲသိမ်းခရာမှုတ်တဲ့အချိန် ထိန်းသွားနိုင်ခဲ့ပါတယ်။

zawgyi

ဆီမီးပြဲမွာ ဆြီဒင္အတြက္ ပထမဦးဆုံး ပြဲထြက္ကစားခြင့္ရခဲ့တဲ့ သရဲနီလူငယ္ၾကယ္ပြင့္

ဒီရာသီ မန္ယူမွာ ေတာက္ပလာတဲ့အီလန္ဂါဟာ ၾကာသပေတးည

ကမာၻ႔ဖလားေျခစစ္ပြဲမွာ ႏိုင္ငံအသင္းဆြီဒင္အတြက္ ပြဲဦထြက္ခြင့္ရခဲ့ပါတယ္။

ခ်က္ကို အႏိုင္ရခဲ့တဲ့ play-off ဆီမီးဖိုင္နယ္မွာ အဲဒီမန္ယူလူငယ္ၾကယ္ပြင့္ဟာ

အခ်ိန္ပိုအေရာက္ လူစားဝင္ကစားခဲ့တာပါ။ ၁၉ ႏွစ္အ႐ြယ္ အီလန္ဂါဟာ

အဲဒီပြဲက အခ်ိန္ပိုေနာက္ဆုံး ၅ မိနစ္မွာ ဝင္ကစားခဲ့တာျဖစ္ၿပီး

ဆီဒင္က အခ်ိန္ပိုေရာက္မွာ အႏိုင္ရခဲ့တာပါ။ သူဟာ ဒီရာသီယူႏိုက္တက္မွာ

အေတာ္ေလးအခြင့္အေရးေပးခံလာရလို႔ ႏိုင္ငံအသင္းဆြီဒင္မွာ

ေ႐ြးခ်ယ္ခံရတာဟာ အံ့ၾသစရာေတာ့ မရွိပါဘူး။

အခုေတာ့ အီလန္ဂါဟာ ကာတာကမာၻ႔ဖလားမွာ ယွဥ္ၿပိဳင္ခြင့္ရႏိုင္ဖို႔

တစ္ပြဲအလိုသာ ရွိပါေတာ့တယ္။ အီလန္ဂါတို႔ရဲ႕ဆြီဒင္ဟာ ယူ႐ိုမွာ

ကြာတားေရာက္ခဲ့တဲ့ခ်က္ကို ခက္ခက္ခဲခဲအႏိုင္ယူခဲ့ရတာပါ။

ခ်က္နဲ႔အဲဒီပြဲမွာ ဆြီဒင္ဗဟိုခံစစ္က သူ႔ရဲ႕မန္ယူအသင္းေဖာ္လင္ဒီေလာ့ဖ္ဟာလည္း

ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ အီလန္ဂါဟာ မစ္ဒယ္ဘေရာ့နဲ႔အက္ဖ္ေအဖလား

တုန္းက ပင္နယ္တီအဆုံးအျဖတ္လြဲခဲ့သူျဖစ္လို႔ ပင္နယ္တီအဆုံးအျဖတ္ထိ

ေရာက္သြားႏိုင္တဲ့အေျခအေနအေပၚ စိုးရိမ္ခဲ့ရဦးမွာပါ။

ဒါေပမဲ့ ဆြီဒင္ဟာ အခ်ိန္ပိုက သူတို႔ရဲ႕တစ္လုံးတည္းေသာဂိုးကို

ပြဲသိမ္းခရာမႈတ္တဲ့အခ်ိန္ ထိန္းသြားႏိုင္ခဲ့ပါတယ္။