ဆီဗီလာကို ဂိုးဒါဇင်ဝက်သွင်းပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တဲ့ အာဆင်နယ်

အမ်းမရိတ်စ်ဖလားပွဲမှာ ဆီဗီလာကို ၆-၀ ဂိုးနဲ့အနိုင်ယူပြီး အာဆင်နယ်ဟာ သူတို့လာပြီဆိုတဲ့အကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ရှင်းရှင်းလင်းလင်း အသိပေးလိုက်ပါတယ်။

အာတီတာရဲ့အသင်းဟာ ပွဲစလို့ ၁၀ မိနစ်မှာတင် အဖွင့်ဂိုးရခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ဂန်းနားတွေအတွက် အရေးပါခဲ့တဲ့ဆာကာက အေးဆေးပဲကန်သွင်းပြီး ပွဲကိုအသာစီးရယူနိုင်ခဲ့ပါတယ်။

ထူးခြားတာက အသင်းခေါင်းအသစ်စက်စက်လေး အိုဒီဂတ် လှမ်းမပေးလိုက်တာကို ဆာကာပြေးလိုက်ရင်း ရီကစ်တွန်းတာကြောင့် ပင်နယ်တီရခဲ့တာပါပဲ။ ၃ မိနစ်အကြာမှာတော့

ဆီဗီလာခံစစ်ရှင်းထုတ်မှု မပီပြင်တာကနေ ဂျီဆပ်က ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ မန်စီးတီးကရောက်လာတဲ့ ဘရာဇီးလ်တိုက်စစ်မှူးဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘ၀ လာခြင်းကောင်းမှုကို

ဆက်ထိန်းနိုင်ခဲ့တာပါ။ နောက် ၂ မိနစ်အကြာမှာ သူပဲ ဂိုးထပ်သွင်းနိုင်ခဲ့ပါတယ်။ မာတင်နယ်လီ ဖြတ်တင်ပေးရာမှာ လူကျွံထောင်ချောက်ကိုရုန်းထွက်ပြီး ကိုယ်ကိုလှဲအိပ်ကန်သွင်းသွားတဲ့

ဂျီဆပ်ရဲ့ပါးနပ်မှုက ဆရာကျခဲ့ပါတယ်။ အာဆင်နယ်ရဲ့တိုက်စစ်က ဆီဗီလာဂိုးသမားကို ဖိအားပေးနိုင်ခဲ့ပြီး ၁၉ မိနစ်မှာ စတုတ္ထဂိုးရခဲ့ပါတယ်။ ဂိုးသမားဘိုနူ နောက်တန်းကိုပေးလိုက်တဲ့ဘောလုံး

အားနည်းသွားတာကို ဆာကာက ပြေးဝင်ကန်သွင်းသွားခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ဂန်းနားတွေပဲပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဂျီဆပ်က သူ့အတွက် ဟက်ထရစ်ရစေမယ့်

တတိယဂိုးကိုသွင်းပေးနိုင်ခဲ့သလို လူစားဝင်လာတဲ့ အန်ကီတီရက်က ပွဲသိမ်းဂိုးသွင်းပေးခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲ ၅ ပွဲလုံး အနိုင်ရခဲ့တာဖြစ်ပြီး ဂိုး ၂၀ အထိ သွင်းနိုင်ခဲ့တာပါ။

(zawgyi)

အမ္းမရိတ္စ္ဖလားပြဲမွာ ဆီဗီလာကို ၆-၀ ဂိုးနဲ႔အႏိုင္ယူၿပီး အာဆင္နယ္ဟာ သူတို႔လာၿပီဆိုတဲ့အေၾကာင္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို ရွင္းရွင္းလင္းလင္း အသိေပးလိုက္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ပြဲစလို႔ ၁၀ မိနစ္မွာတင္ အဖြင့္ဂိုးရခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းက ဂန္းနားေတြအတြက္ အေရးပါခဲ့တဲ့ဆာကာက ေအးေဆးပဲကန္သြင္းၿပီး ပြဲကိုအသာစီးရယူႏိုင္ခဲ့ပါတယ္။

ထူးျခားတာက အသင္းေခါင္းအသစ္စက္စက္ေလး အိုဒီဂတ္ လွမ္းမေပးလိုက္တာကို ဆာကာေျပးလိုက္ရင္း ရီကစ္တြန္းတာေၾကာင့္ ပင္နယ္တီရခဲ့တာပါပဲ။ ၃ မိနစ္အၾကာမွာေတာ့

ဆီဗီလာခံစစ္ရွင္းထုတ္မႈ မပီျပင္တာကေန ဂ်ီဆပ္က ဒုတိယဂိုးသြင္းေပးခဲ့ပါတယ္။ မန္စီးတီးကေရာက္လာတဲ့ ဘရာဇီးလ္တိုက္စစ္မႉးဟာ သူ႔ရဲ႕အာဆင္နယ္ကစားသမားဘ၀ လာျခင္းေကာင္းမႈကို

ဆက္ထိန္းႏိုင္ခဲ့တာပါ။ ေနာက္ ၂ မိနစ္အၾကာမွာ သူပဲ ဂိုးထပ္သြင္းႏိုင္ခဲ့ပါတယ္။ မာတင္နယ္လီ ျဖတ္တင္ေပးရာမွာ လူကြၽံေထာင္ေခ်ာက္ကို႐ုန္းထြက္ၿပီး ကိုယ္ကိုလွဲအိပ္ကန္သြင္းသြားတဲ့

ဂ်ီဆပ္ရဲ႕ပါးနပ္မႈက ဆရာက်ခဲ့ပါတယ္။ အာဆင္နယ္ရဲ႕တိုက္စစ္က ဆီဗီလာဂိုးသမားကို ဖိအားေပးႏိုင္ခဲ့ၿပီး ၁၉ မိနစ္မွာ စတုတၳဂိုးရခဲ့ပါတယ္။ ဂိုးသမားဘိုႏူ ေနာက္တန္းကိုေပးလိုက္တဲ့ေဘာလုံး

အားနည္းသြားတာကို ဆာကာက ေျပးဝင္ကန္သြင္းသြားခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ဂန္းနားေတြပဲပြဲကို စိုးမိုးႏိုင္ခဲ့ၿပီး ဂ်ီဆပ္က သူ႔အတြက္ ဟက္ထရစ္ရေစမယ့္

တတိယဂိုးကိုသြင္းေပးႏိုင္ခဲ့သလို လူစားဝင္လာတဲ့ အန္ကီတီရက္က ပြဲသိမ္းဂိုးသြင္းေပးခဲ့ပါတယ္။ အာဆင္နယ္ဟာ ရာသီႀကိဳေျခစမ္းပြဲ ၅ ပြဲလုံး အႏိုင္ရခဲ့တာျဖစ္ၿပီး ဂိုး ၂၀ အထိ သြင္းႏိုင္ခဲ့တာပါ။