ဆီနီဂေါကို အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ဆုံတွေ့ရမယ့် အင်္ဂလန်

နာမည်ကြီးအင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဆီနီဂေါကို (၃-ဝ)ဂိုးပြတ်နဲ့

အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အင်္ဂလန်တို့ အခုပွဲမှာ
အနိုင်ရခဲ့ပေမယ့် ပထမပိုင်းမိနစ်(၃၀)ကျော်အတွင်း ဆီဂေါအသင်း အပိုင်အခွင့်အရေး
(၂)ကြိမ်ကိုသာ အသုံးချနိုင်မယ်ဆိုရင် တော်တော်လေး ရုန်းကန်ရမယ့်အနေအထားပါပဲ။

ပထမပိုင်း (၂၂)မိနစ်မှာ တောင်ပံတိုက်စစ်ကစားသမား အစ္စမိုင်လာဆားရဲ့ အနီးကပ်ပိတ်ချက်
အပေါ်ထောင်တက်သွားသလို မကြာခင်မှာပဲ တိုက်စစ်မှူးဒီယာ အပိုင်ကန်သွင်းမှုကို
အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန်အသင်း သက်သာခဲ့ရတာပါ။

(၃၈)မိနစ်မှာတော့ အင်္ဂလန် အဖွင့်ဂိုးရခဲ့ပြီး ဘယ်လင်ဂမ် ချိုးပေးလိုက်တာကို
ဟန်ဒါဆင်က အလိုက်သင့်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးရပြီးနောက်ပိုင်းမှာ အင်္ဂလန်တို့
ပွဲကို လွှမ်းမိုးနိုင်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာပဲ တိုက်စစ်မှူးဟယ်ရီကိန်းက ဖိုဒန် ဖန်တီးပေးတဲ့

အခွင့်အရေးကို အပိုင်အဆုံးသတ်ပြီး အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးဂိုး
သွင်းယူခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် တတိယမြောက်ဂိုးကို ဘယ်ခြမ်းကနေ ဖိုဒန် ခင်းပေးလိုက်တာကို
ပယ်နယ်တီဧရိယာထဲ အသင့်ရှိနေတဲ့ ဆာကာက ပိတ်သွင်းခဲ့ပြီး ဖိုဒန်ဟာ ဘရာဇီးလ်
ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို (၂၁ နှစ်၊ ၂၈၄ ရက် – ဒိန်းမတ်၊ ၁၉၉၈)နောက်ပိုင်း
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲမှာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တဲ့ အသက်အငယ်ဆုံး
ကစားသမားအဖြစ် အသက်(၂၂)နှစ်၊ (၁၉၀)ရက်နဲ့ မှတ်တမ်းဝင်သွားပါတယ်။

အခုပွဲအနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်းတွေနဲ့
ဆုံတွေ့တိုင်း ရှုံးပွဲမရှိတဲ့မှတ်တမ်းကောင်း(၅ပွဲနိုင်၊ ၃ပွဲသရေ)ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး

ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

[Zawgyi]

နာမည္ႀကီးအဂၤလန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ဆီနီေဂါကို (၃-ဝ)ဂိုးျပတ္နဲ႔

အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ခြင့္ရရွိသြားၿပီျဖစ္ပါတယ္။ အဂၤလန္တို႔ အခုပြဲမွာ
အႏိုင္ရခဲ့ေပမယ့္ ပထမပိုင္းမိနစ္(၃၀)ေက်ာ္အတြင္း ဆီေဂါအသင္း အပိုင္အခြင့္အေရး
(၂)ႀကိမ္ကိုသာ အသုံးခ်ႏိုင္မယ္ဆိုရင္ ေတာ္ေတာ္ေလး ႐ုန္းကန္ရမယ့္အေနအထားပါပဲ။

ပထမပိုင္း (၂၂)မိနစ္မွာ ေတာင္ပံတိုက္စစ္ကစားသမား အစၥမိုင္လာဆားရဲ႕ အနီးကပ္ပိတ္ခ်က္
အေပၚေထာင္တက္သြားသလို မၾကာခင္မွာပဲ တိုက္စစ္မႉးဒီယာ အပိုင္ကန္သြင္းမႈကို
အဂၤလန္ဂိုးသမား ပစ္ဖို႔ဒ္ ကာကြယ္ႏိုင္ခဲ့လို႔ အဂၤလန္အသင္း သက္သာခဲ့ရတာပါ။

(၃၈)မိနစ္မွာေတာ့ အဂၤလန္ အဖြင့္ဂိုးရခဲ့ၿပီး ဘယ္လင္ဂမ္ ခ်ိဳးေပးလိုက္တာကို
ဟန္ဒါဆင္က အလိုက္သင့္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဂိုးရၿပီးေနာက္ပိုင္းမွာ အဂၤလန္တို႔
ပြဲကို လႊမ္းမိုးႏိုင္ခဲ့သလို ပထမပိုင္းၿပီးခါနီးမွာပဲ တိုက္စစ္မႉးဟယ္ရီကိန္းက ဖိုဒန္ ဖန္တီးေပးတဲ့

အခြင့္အေရးကို အပိုင္အဆုံးသတ္ၿပီး အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သူ႔ရဲ႕ ပထမဆုံးဂိုး
သြင္းယူခဲ့ပါတယ္။

အဂၤလန္အသင္းအတြက္ တတိယေျမာက္ဂိုးကို ဘယ္ျခမ္းကေန ဖိုဒန္ ခင္းေပးလိုက္တာကို
ပယ္နယ္တီဧရိယာထဲ အသင့္ရွိေနတဲ့ ဆာကာက ပိတ္သြင္းခဲ့ၿပီး ဖိုဒန္ဟာ ဘရာဇီးလ္
ဂႏၴဝင္တိုက္စစ္မႉး ေရာ္နယ္လ္ဒို (၂၁ ႏွစ္၊ ၂၈၄ ရက္ – ဒိန္းမတ္၊ ၁၉၉၈)ေနာက္ပိုင္း
ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲစဥ္တစ္ပြဲမွာ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့တဲ့ အသက္အငယ္ဆုံး
ကစားသမားအျဖစ္ အသက္(၂၂)ႏွစ္၊ (၁၉၀)ရက္နဲ႔ မွတ္တမ္းဝင္သြားပါတယ္။

အခုပြဲအႏိုင္ရခဲ့တဲ့ အဂၤလန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဖရိကအသင္းေတြနဲ႔
ဆုံေတြ႕တိုင္း ရႈံးပြဲမရွိတဲ့မွတ္တမ္းေကာင္း(၅ပြဲႏိုင္၊ ၃ပြဲသေရ)ကို ဆက္လက္ထိန္းသိမ္းခဲ့ၿပီး

ကြာတားဖိုင္နယ္မွာ လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။