
စပါးဟာ မနေ့ညက ဝက်စ်ဟမ်းကို အနိုင်ရကာ ယခုပြက္ခဒိန်နှစ်အတွင်း
ပရီးမီးယားလိဂ်တွင်ပထမဦးဆုံးအကြိမ်အဖြစ် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် စပါးဟာ အဆင့် ၅ နေရာသို့ ရောက်လာခဲ့ပါတယ်။
ကတ်ဇူးမားက ကိုယ့်ဂိုးကိုယ်သွင်းခြင်းနှင့် ကိန်းရဲ့ဖန်တီးမှုမှတစ်ဆင့်
ဆွန်ဟောင်မင်က ၂ ဂိုး သွင်းယူနိုင်တာတွေကြောင့် စပါးဟာ
ဝက်စ်ဟမ်းကို ဝ-၃ ဖြင့် အနိုင်ရရှိလိုက်ပါတယ်။
ယမန်နေ့က စပါးကွင်းကြီးထဲကို ဆန္ဒပြသူတွေဝင်ရောက်လာပြီး
ဂိုးတိုင်တွေဆီကိုပြေးခဲ့ပြန်ပါတယ်။ သူတို့ကိုကွင်းစောင့်တွေက
တားဆီးခဲ့တာဖြစ်ပြီး အချိန်အတန်ငယ်အကြာမှာတော့ ဂိုးတိုင်တွေဆီကနေ
ခွာထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုကွင်းထဲကို ကျူးကျော်မှုတွေကို ဖြစ်စေခဲ့သူဟာ
အသက် ၂၁ နှစ်အရွယ် မက်ကနီဖြစ်ပြီး သူဟာ ဆီတွေရပ်ပါတော့ ဆိုတဲ့
စာတန်းပါတဲ့တီရှပ်ကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။
“၂၀၂၂ ရောက်နေပါပြီ၊ အခြေအနေကို သေချာစောင့်ကြည့်ရတော့မယ့်အချိန်ပါ။
နောက်မှာ ရပ်နေတာထက် ရှေ့ကိုခြေတစ်လှမ်းတိုးသင့်ပါပြီ။
အရေးပေါ်ကိစ္စလိုမျိုး ဆောင်ရွက်သင့်ပါပြီ”လို့ သူက ဆိုရှယ်မီဒီယာမှာ ရှင်းပြခဲ့ပါတယ်။
“ကျွန်တော့်အနာဂတ် ဒုက္ခရောက်နေချိန်ရှိနေပါပြီ။
အစိုးရက မစိုးရိမ်ဖို့၊ ဆန္ဒမပြဘဲနားဖို့တော့ပြောနေပါတယ်။
ဒါပေမဲ့ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ကျွန်တော်တို့ရာသီဥတုကြီးပျက်စီးနေတာတောင် အစိုးရက
ကျွန်တော်တို့ကို သစ္စာဖောက်နေတာကို ကျွန်တော်တို့ငြင်းဆိုရပါမယ်။
အနောက်မှာရပ်မနေတော့ဘဲ ရှေ့ကို ခြေလှမ်းတွေဆက်ဖို့သင့်ပါပြီ” လို့
သူကပြောသွားခဲ့တာပါ။
zawgyi
ဆီတွေ ရပ်တန်ဖို့ ဆန္ဒပြမှု ထပ်မံဖြစ်ပွားခဲ့တဲ့ စပါးပွဲစဉ်
သူကပြောသွားခဲ့တာပါ။
Leave a Reply