ဆိုးလ်ရှားဆီက မက်ဆေ့ချ်ရခဲ့တယ်လို့ မန်ယူကို ထပ်ကလိလိုက်တဲ့ ဟာလန်း

မန်စီးတီးနဲ့စာချုပ် ချုပ်နိုင်ခဲ့တဲ့နောက် မန်ယူနည်းပြဟောင်းဆိုးလ်ရှားဆီက ဂုဏ်ပြုမက်ဆေ့ချ်တစ်စောင် ရခဲ့တယ်လို့ ဟာလန်းက ဖွင့်ဟလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ဒေါ့တ်မန်ကနေ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့သူပါ။ အသက် ၁၆ နှစ်အရွယ် မိုလ်ဒီမှာကစားတုန်းက

ဆရာဖြစ်ခဲ့ဖူးတဲ့ ဆိုးလ်ရှားကတော့ မန်ချက်စတာမြို့ရဲ့တစ်ခြားဖက်ကို သူရောက်သွားပေမယ့် ဆုတောင်းပေးခဲ့တယ်လို့ သရဲနီပရိသတ်တွေကို ကလိလိုက်တာဖြစ်ပါတယ်။

“ မန်စီးတီးနဲ့ ကျွန်တော် စာချုပ်ချုပ်တုန်းက သူ့ရဲ့ဂုဏ်ပြုစာ ရခဲ့ပါတယ်။ မန်ချက်စတာရဲ့မှားယွင်းတဲ့ဘက်ကိုသွားရတာ ကံကောင်းပါစေလို့လည်း ရေးထားပါတယ်။

ကျွန်တော်တို့ တစ်ခါတလေ စကားပြောဖြစ်ကြပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲလေ။ ကျွန်တော် မိုလ်ဒီမှာရှိတုန်းက ကျွန်တော့်ရဲ့ကစားသမားဘဝအပေါ် သူ့ရဲ့သက်ရောက်မှုက ကြီးမားခဲ့ပါတယ်။

သူက လူကောင်းတစ်ယောက်ပါ ” လို့ မန်ချက်စတာညနေခင်း သတင်းစာကို ပြောသွားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူကိုတာဝန်ယူတုန်းက ဆဲလ်ဘတ်မှာကစားနေတဲ့ဟာလန်းကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဟာလန်းကတော့ အဲဒီတုန်းက မန်ယူကိုမရောက်ခဲ့တာနဲ့ပတ်သက်ပြီး နောင်တမရသလို သူ့ရဲ့ကစားသမားဘဝမှာ ပြီးပြည့်စုံတဲ့ရွေးချယ်မှုတွေနဲ့ အဆင်ပြေခဲ့တယ်လို့ ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

မန္စီးတီးနဲ႔စာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့တဲ့ေနာက္ မန္ယူနည္းျပေဟာင္းဆိုးလ္ရွားဆီက ဂုဏ္ျပဳမက္ေဆ့ခ်္တစ္ေစာင္ ရခဲ့တယ္လို႔ ဟာလန္းက ဖြင့္ဟလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ ေဒါ့တ္မန္ကေန ေပါင္ ၅၁ သန္းနဲ႔ မန္စီးတီးကိုေျပာင္းေ႐ႊ႕လာခဲ့သူပါ။ အသက္ ၁၆ ႏွစ္အ႐ြယ္ မိုလ္ဒီမွာကစားတုန္းက ဆရာျဖစ္ခဲ့ဖူးတဲ့

ဆိုးလ္ရွားကေတာ့ မန္ခ်က္စတာၿမိဳ႕ရဲ႕တစ္ျခားဖက္ကို သူေရာက္သြားေပမယ့္ ဆုေတာင္းေပးခဲ့တယ္လို႔ သရဲနီပရိသတ္ေတြကို ကလိလိုက္တာျဖစ္ပါတယ္။

“ မန္စီးတီးနဲ႔ ကြၽန္ေတာ္ စာခ်ဳပ္ခ်ဳပ္တုန္းက သူ႔ရဲ႕ဂုဏ္ျပဳစာ ရခဲ့ပါတယ္။ မန္ခ်က္စတာရဲ႕မွားယြင္းတဲ့ဘက္ကိုသြားရတာ ကံေကာင္းပါေစလို႔လည္း ေရးထားပါတယ္။

ကန္ေတာ္တို႔ တစ္ခါတေလ စကားေျပာျဖစ္ၾကပါတယ္။ ခင္ဗ်ားသိတဲ့အတိုင္းပဲေလ။ ကြၽန္ေတာ္ မိုလ္ဒီမွာရွိတုန္းက ကြၽန္ေတာ့္ရဲ႕ကစားသမားဘဝအေပၚ သူ႔ရဲ႕သက္ေရာက္မႈက ႀကီးမားခဲ့ပါတယ္။

သူက လူေကာင္းတစ္ေယာက္ပါ ” လို႔ မန္ခ်က္စတာညေနခင္း သတင္းစာကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ မန္ယူကိုတာဝန္ယူတုန္းက ဆဲလ္ဘတ္မွာကစားေနတဲ့ဟာလန္းကို ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ဟာလန္းကေတာ့ အဲဒီတုန္းက မန္ယူကိုမေရာက္ခဲ့တာနဲ႔ပတ္သက္ၿပီး ေနာင္တမရသလို သူ႔ရဲ႕ကစားသမားဘဝမွာ ၿပီးျပည့္စုံတဲ့ေ႐ြးခ်ယ္မႈေတြနဲ႔ အဆင္ေျပခဲ့တယ္လို႔ ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။