မန်ချက်စတာ စီးတီး နှင့် လီဗာပူးလ်တို့ ( ၂-၂ ) သရေကျခဲ့တဲ့ပွဲစဉ်အပြီး
ထူးခြားတဲ့ အချက်အလက်တစ်ခု ထွက်ပေါ်လာပါတယ်။
အဲ့တာကတော့ မိုဆာလာဟာ နိုင်ငံ နှင့် ကလပ်အသင်းအတွက် open play ကနေ
( ၁၀ ) ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းမရှိတာ ဖြစ်ပြီး ( ၂၀၁၅-၁၆ ) ရာသီ ကတည်းက
ယခုအချိန်ထိ သူ့ရဲ့ အရှည်ကြာဆုံးမှတ်တမ်းဖြစ်ပါတယ်။ မတ်လ ( ၁၂ ) ရက်နေ့က
ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ပင်နယ်တီ သွင်းယူခဲ့လို့သာ လုံးဝ သွင်းဂိုးဗလာဖြစ်မယ့်
အခြေအနေကို ရှောင်လွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်သူကမှ ဆာလာ ခြေစွမ်းကျသွားပြီလို့
ပြောဆိုနေခြင်း မရှိပါဘူး။ သူက တနင်္ဂနွေနေ့မှာ မာနေးရဲ့ ြခေပဂိုးကို ထောက်ပံ့ပေးခဲ့သလို
ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ပြိုင်ပွဲမှာလည်း အနီးဆုံးနေရာက ဆွန်ယောင်မင်ကို
( ၃ ) ဂိုးထိ အသာရနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးပေါက်ရှေ့စွမ်းဆောင်ရည်
အားနည်းလာမှုကြောင့် ကလော့အနေနဲ့ ယနေ့ည ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်
ဒုတိယအကျော့ ပွဲစဉ်အတွက် လူစာရင်းရွေးချယ်ရာမှာ ဝိဝါဒ မကွဲပြားတာမျိုး ဖြစ်လာနိုင်ပါတယ်။
ဆာလာကို မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အတွက် ချန်လှပ်ထားမလား ၊
ဒါမှမဟုတ် သွင်းဂိုးတွေ ပြန်လည်ရှာတွေ့နိုင်ဖို့ ယခုပွဲစဉ်မှာလည်း သူ့ကို ဆက်သုံးမလား ?
အသက် ( ၂၉ ) နှစ်အရွယ် ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအပြည့်ဝဆုံး
ကစားသမားတစ်ဦးဖြစ်ပေမယ့် စူပါဟီးရိုးမဟုတ်တဲ့အတွက် ဒီရာသီ နိုင်ငံ နှင့်
ကလပ်အတွက် ( ၄၈ ) ပွဲကစားထားရတဲ့ အကျိုးဆက်တွေကို ခံစားနေရာမှာ သေချာပါတယ်။
zawgyi
ဆာလာ ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ကလော့?
Leave a Reply