ဆာလာ၊ ဒါဝင်နူးနက်ဇ်တို့ထက် ဂိုးသွင်းပိုသေချာတယ်ဆိုတာ ကိုယ့်ဂိုးကိုယ် (၂)ကြိမ်သွင်းပြီး သက်သေပြခဲ့တဲ့ လက်စတာနောက်ခံလူ

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)အဖြစ် ဒီနေ့မနက်အစောပိုင်းက လက်စတာနဲ့

ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ ကိုယ့်ကစားသမားတွေ တစ်ဂိုးမှ
မသွင်းရဘဲ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

လက်စတာအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၄)မိနစ်မှာပဲ ကွင်းလယ်
တိုက်စစ်ကစားသမား ဒူ့စ်ဘရီဟောလ်က လီဗာပူးလ်နောက်ခံလူတွေကို
ကျော်ဖြတ်ဆွဲပြေးပြီးတော့ သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ (၃၈)မိနစ်မှာတော့ လီဗာပူးလ် ချေပဂိုး ပြန်ရခဲ့ပြီး ညာခြမ်းကနေ
အာနိုးလ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို လက်စတာနောက်ခံလူ ဝုဒ်ဖေ့စ်
ရှင်းထုတ်ဖို့ ကြိုးစားတာကနေ OG ဖြစ်ခဲ့ပါတယ်။

ချေပဂိုးရသွားပြီးတဲ့နောက် လီဗာပူးလ်တို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး ပထမပိုင်းပြီးခါနီး
(၄၅)မိနစ်မှာ ဒါဝင်နူးနက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးဆွဲပြေးပြီးတော့
ကန်သွင်းလိုက်တဲ့ ဘောလုံးက တိုင်ထိထွက်ခဲ့ပေမယ့် ဝုဒ်ဖေ့စ်ဟာ ဘေးကို

မကန်ထုတ်ဘဲ ကိုယ့်ဂိုးပေါက်ထဲကို အားရပါးရ ကန်သွင်းပြီး နောက်တစ်ကြိမ်
OG ထပ်ဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ဝုဒ်ဖေ့စ်ဟာ ကာရေဂါ(လီဗာပူးလ် – ယူနိုက်တက်၊ ၁၉၉၉)၊
မိုက်ကယ်ပရော့တာ (ဆန်းဒါးလန်း – ချာလ်တန်၊ ၂၀၀၃)၊ ဂျိုနသန်ဝေါလ်တာစ်
(စတုတ်စီးတီး – ချယ်လ်ဆီး၊ ၂၀၁၃)တို့နဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ
ကိုယ့်ဂိုးကိုယ် (၂)ကြိမ်သွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္ပြဲစဥ္(၁၈)အျဖစ္ ဒီေန႔မနက္အေစာပိုင္းက လက္စတာနဲ႔
ကစားခဲ့တဲ့ပြဲမွာ လီဗာပူးလ္အသင္းဟာ ကိုယ့္ကစားသမားေတြ တစ္ဂိုးမွ
မသြင္းရဘဲ (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

လက္စတာအသင္းအတြက္ အဖြင့္ဂိုးကို ပြဲအစ(၄)မိနစ္မွာပဲ ကြင္းလယ္
တိုက္စစ္ကစားသမား ဒူ႔စ္ဘရီေဟာလ္က လီဗာပူးလ္ေနာက္ခံလူေတြကို

ေက်ာ္ျဖတ္ဆြဲေျပးၿပီးေတာ့ သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ (၃၈)မိနစ္မွာေတာ့ လီဗာပူးလ္ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ညာျခမ္းကေန

အာႏိုးလ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို လက္စတာေနာက္ခံလူ ဝုဒ္ေဖ့စ္
ရွင္းထုတ္ဖို႔ ႀကိဳးစားတာကေန OG ျဖစ္ခဲ့ပါတယ္။

ေခ်ပဂိုးရသြားၿပီးတဲ့ေနာက္ လီဗာပူးလ္တို႔ တိုက္စစ္ျမႇင့္ကစားခဲ့ၿပီး ပထမပိုင္းၿပီးခါနီး
(၄၅)မိနစ္မွာ ဒါဝင္ႏူးနက္ဇ္ လြတ္လြတ္ကြၽတ္ကြၽတ္ ေဘာလုံးဆြဲေျပးၿပီးေတာ့
ကန္သြင္းလိုက္တဲ့ ေဘာလုံးက တိုင္ထိထြက္ခဲ့ေပမယ့္ ဝုဒ္ေဖ့စ္ဟာ ေဘးကို
မကန္ထုတ္ဘဲ ကိုယ့္ဂိုးေပါက္ထဲကို အားရပါးရ ကန္သြင္းၿပီး ေနာက္တစ္ႀကိမ္
OG ထပ္ျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဝုဒ္ေဖ့စ္ဟာ ကာေရဂါ(လီဗာပူးလ္ – ယူႏိုက္တက္၊ ၁၉၉၉)၊
မိုက္ကယ္ပေရာ့တာ (ဆန္းဒါးလန္း – ခ်ာလ္တန္၊ ၂၀၀၃)၊ ဂ်ိဳနသန္ေဝါလ္တာစ္

(စတုတ္စီးတီး – ခ်ယ္လ္ဆီး၊ ၂၀၁၃)တို႔နဲ႔အတူ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ
ကိုယ့္ဂိုးကိုယ္ (၂)ႀကိမ္သြင္းယူခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။