
ဆီနီဂေါနဲ့ အီဂျစ် ပွဲအပြီး လီဗာပူး အသင်းဖော်တွေ ဖြစ်တဲ့ မာနေးနဲ့
ဆာလာတို့ထဲကမှ တစ်ယောက်က ကာတာ သွားခွင့် လက်မှတ်ရပြီး
တစ်ယောက်ကတော့ ဂိတ်ပေါက်ဝက လှည့်ပြန်ခဲ့ရပါတယ်။
ဗန်ဒိုက်ကတော့ တစ်ယောက်ကို နှစ်သိမ့်ထားပြီး၊ နောက်တစ်ယောက်ကို
ဆုတောင်းနေဖို့ သတိပေးထားပါတယ်။ ဗန်ဒိုက်က“လက်ရှိ အခြေအနေက
မိုဆာလာနဲ့ အီဂျစ် အသင်းအတွက် စိတ်ပျက်စရာ ဖြစ်နေမှာ သေချာပါတယ်။
သူတို့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဘောလုံးလောကမှာ
တစ်ခါတလေ အခုလိုပဲ ဖြစ်တတ်ပါတယ်။ သူ့အနေနဲ့ အီဂျစ် အသင်းမှာ
ကြုံခဲ့ရတဲ့ စိတ်ပျက် အားငယ်မှုတွေကို လက်ကျန် ဘောလုံးရာသီမှာ
အောင်မြင်မှုတွေ ဖြစ်လာအောင် ပြောင်းလဲ နိုင်လိမ့်မယ်လို့ ကျွန်တော်
ယုံကြည်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ဒီနှစ် ဘောလုံးရာသီမှာ
ပြိုင်ပွဲအားလုံး ကစားဖို့ ရှိနေသေးတာကြောင့် သူ့အနေနဲ့ကလပ်အသင်းနဲ့
ရယူစရာ အောင်မြင်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ပြောရမှာပါ။
ဆာဒီယို အတွက်ကတော့ အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ်။
သူ့ရဲ့ ဆီနီဂေါ အသင်းသာ ကျွန်တော်တို့နဲ့ အုပ်စုတစ်ခုတည်း
ကျရောက်ခဲ့မယ်ဆိုရင် သူ့အတွက် ကံကောင်းဖို့ လိုအပ်ပါလိမ့်မယ်။”လို့ ပြောဆိုထားပါတယ်။
zawgyi
ဆာလာကို ႏွစ္သိမ့္ခဲ့ေပမယ့္ မာေနးကို ဒဲ့စိန္ေခၚလိုက္တဲ့ ဗန္ဒိုက္ 😱
ဆီနီေဂါနဲ႔ အီဂ်စ္ ပြဲအၿပီး လီဗာပူး အသင္းေဖာ္ေတြ ျဖစ္တဲ့ မာေနးနဲ႔
ဆာလာတို႔ထဲကမွ တစ္ေယာက္က ကာတာ သြားခြင့္ လက္မွတ္ရၿပီး
တစ္ေယာက္ကေတာ့ ဂိတ္ေပါက္ဝက လွည့္ျပန္ခဲ့ရပါတယ္။
ဗန္ဒိုက္ကေတာ့ တစ္ေယာက္ကို ႏွစ္သိမ့္ထားၿပီး၊ ေနာက္တစ္ေယာက္ကို
ဆုေတာင္းေနဖို႔ သတိေပးထားပါတယ္။ ဗန္ဒိုက္က“လက္ရွိ အေျခအေနက
မိုဆာလာနဲ႔ အီဂ်စ္ အသင္းအတြက္ စိတ္ပ်က္စရာ ျဖစ္ေနမွာ ေသခ်ာပါတယ္။
သူတို႔အတြက္ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ ေဘာလုံးေလာကမွာ
တစ္ခါတေလ အခုလိုပဲ ျဖစ္တတ္ပါတယ္။ သူ႔အေနနဲ႔ အီဂ်စ္ အသင္းမွာ
ႀကဳံခဲ့ရတဲ့ စိတ္ပ်က္ အားငယ္မႈေတြကို လက္က်န္ ေဘာလုံးရာသီမွာ
ေအာင္ျမင္မႈေတြ ျဖစ္လာေအာင္ ေျပာင္းလဲ ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္
ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ အသင္းဟာ ဒီႏွစ္ ေဘာလုံးရာသီမွာ
ၿပိဳင္ပြဲအားလုံး ကစားဖို႔ ရွိေနေသးတာေၾကာင့္ သူ႔အေနနဲ႔ကလပ္အသင္းနဲ႔
ရယူစရာ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ ေျပာရမွာပါ။
ဆာဒီယို အတြက္ကေတာ့ အေကာင္းဆုံး ျဖစ္ပါေစလို႔ပဲ ကြၽန္ေတာ္ ဆုေတာင္းပါတယ္။
သူ႔ရဲ႕ ဆီနီေဂါ အသင္းသာ ကြၽန္ေတာ္တို႔နဲ႔ အုပ္စုတစ္ခုတည္း
က်ေရာက္ခဲ့မယ္ဆိုရင္ သူ႔အတြက္ ကံေကာင္းဖို႔ လိုအပ္ပါလိမ့္မယ္။”လို႔ ေျပာဆိုထားပါတယ္။
Leave a Reply