ဆာဂျီယိုရာမို့စ်နေရာမှာ အစားထိုးနိုင်မယ့်ခေါင်းဆောင်တစ်ယောက် ရီးရဲလ်ရှာတွေ့သွားပြီ
နောက်ထပ်ခေါင်းဆောင်တစ်ယောက်ကို ရီးရဲလ်မက်ဒရစ်ရှာတွေ့သွားခဲ့ပြီလို့ စပိန်သတင်းစာ Marca က ရေးသားလာပါတယ်။ တနည်းအားဖြင့် ရာမို့စ်နေရာမှာ ရူဒီဂါနဲ့အစားထိုးနိုင်ပြီလို့ သုံးသပ်လိုက်တာပါ။
ဥရောပချန်ပီယံ ၁၄ ထပ်ကွမ်းအသင်းဟာ သူ့အတွက်ရှိန်စရာမဟုတ်ဘူးလို့ မက်ဒရစ်ကိုခြေချပြီးကတည်းက ရူဒီဂါပြောခဲ့ပါတယ်။ သူ့မှာ လုံလောက်တဲ့အရည်အချင်းရှိကြောင်းကိုလည်း
ပွဲဦးထွက်မှာတင် ဂျာမန်လက်ရွေးစင် ပြသနိုင်ခဲ့ပါတယ်။ ရီးရဲလ်နည်းပြအန်ဆယ်လော့တီကလည်း လက်စ်ဗီးဂတ်စ်မှာကစားတဲ့ ဘာစီလိုနာနဲ့အယ်လ်ကလက်စီကိုပွဲမှာသူ့ကို ပထမဆုံးအကြိမ်အဖြစ် အခွင့်အရေးပေးခဲ့ပါတယ်။
ရူဒီဂါဟာ နောက်တန်းဘယ်အစွန်မှာ ကစားခဲ့ရတယ်။ ချဲလ်ဆီးမှာတုန်းကတော့ ဘယ်ခြမ်းဗဟိုခံစစ်မှူးအဖြစ်ပါ။ရီးရဲလ်ဟာ ဒီပွဲမှာ ၁-၀ ဂိုးနဲ့ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အန်ဆယ်လော့တီကတော့ ရူဒီဂါကစားပုံနဲ့စိတ်ဓာတ်ကို အတော်လေးသဘောကျသွားခဲ့တာပါ။
“ ကျွန်တော် အရမ်းကြိုက်ပါတယ်။ ကျွန်တော် မရူးပါဘူး။ သူ့နေရာမဟုတ်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူက အရမ်းညဏ်ကောင်းပါတယ် ” လို့ ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။
မီလီတာအိုက မကြာခင်ကမှ ၂၀၂၈ ခုနှစ်အထိသက်တမ်းတိုးခဲ့သလို ဗဟိုခံစစ်နေရာမှာ ဒေးဗစ်အယ်လ်ဘာနဲ့ အမြဲတမ်းကစားခွင့်ရနေတာကြောင့် ရူဒီဂါအတွက် စိန်ခေါ်မှုတော့ရှိနေပါတယ်။
သူ့ရဲ့ခြေစွမ်းကတော့ အန်ဆယ်လော့တီအတွက် ခေါင်းစားစရာဖြစ်စေပါလိမ့်မယ်။ ရူဒီဂါဟာ ဘောလုံးပေးပို့မှု ၈၅.၇ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး ၉ ကြိမ်က ပြိုင်ဘက်ကွင်းဘက်မှာပါ။
ပြီးတော့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ပရိသတ်တွေလည်း အာရူဂျိုနဲ့ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တာကိုကြည့်ပြီး ရူဒီဂါကိုခိုက်သွားကြမှာပါ။
(zawgyi)