ဆာဂျင်မ်ရက်ကလစ်ဖ် ဝယ်ချင်တဲ့အသံကြားရုံနဲ့ မန်ယူ အစုရှယ်ယာတန်ဖိုးတွေ ထိုးတက်သွားခဲ့

ယူနိုက်တက်အသင်းကို ဝယ်ချင်တယ်လို့ ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ဆီက အသံထွက်လာတဲ့နောက် နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှာ မန်ယူအသင်းရဲ့ရှယ်ယာတန်ဖိုးတွေ

ထိုးတက်သွားခဲ့တယ်လို့ သိရပါတယ်။ ဂလေဇာမိသားစုက သူတို့ပိုင်ဆိုင်တဲ့ မန်ယူအစုရှယ်ယာအချို့ကို ထုတ်ရောင်းတော့မယ်လို့ လေသံပစ်လိုက်ချိန်မှာ ရက်ကလစ်ဖ်ရဲ့စိတ်ဝင်စားမှု ထွက်ပေါ်လာခဲ့တာပါ။

အဲဒီနောက် တစ်ပတ်အတွင်းမှာ မန်ယူအစုရှယ်ယာတန်ဖိုးဟာ ၁၅ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တာလို့ The Sun သတင်းစာက ဖေါ်ပြလိုက်တာဖြစ်ပါတယ်။ အစုရှယ်ယာ တစ်ခုကို ၁၁.၄၇ ပေါင်

မြင့်တက်သွားခဲ့တာဖြစ်ပြီး လောလောဆယ်တော့ ဂလေဇာမိသားစုအိတ်ထဲကို တစ်ပတ်အတွင်းမှာ ပေါင် သန်း ၂၀၀ ကျော် ရောက်သွားခဲ့တာပါ။ နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှာ

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မန်ယူအစုရှယ်ယာတန်ဖိုးက ၉.၄၆ ပေါင်သာရှိခဲ့ပြီး လက်ရှိပေါက်ဈေးထက် ၂၁ ရာခိုင်းနှုန်းလျော့နည်းခဲ့ပါတယ်။ ပေါင် ၁၁ ဘီလီယံလောက်ကြွယ်ဝတဲ့ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်

ရက်ကလစ်ဖ်ကလည်း မန်ယူကို ချက်ချင်းဝယ်ယူခွင့် မရရင်တောင် အစုရှယ်ယာတွေများများဝယ်ပြီး ရာခိုင်းနှုန်းများများ ပိုင်ဆိုင်နိုင်ဖို့ကြိုးစားလာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ရှယ်ယာဈေးတွေထိုးတက်သွားတဲ့

အကြောင်းရင်းတစ်ရပ်လည်းဖြစ်ပါတယ်။ ဂလေဇာမိသားစုကတော့ ပေါင် ၆ ဘီလီယံလောက်ရရင် မန်ယူကို အပြီးသတ်ရောင်းမယ်ဆိုတဲ့ သတင်းထွက်နေပေမယ့် တရားဝင်ကြေညာတာမျိုး မရှိသေးပါဘူး။

(zawgyi)

ယူႏိုက္တက္အသင္းကို ဝယ္ခ်င္တယ္လို႔ ၿဗိတိန္ဘီလ်ံနာ ဆာဂ်င္မ္ရက္ကလစ္ဖ္ဆီက အသံထြက္လာတဲ့ေနာက္ နယူးေယာ့ခ္စေတာ့ရွယ္ယာေဈးကြက္မွာ မန္ယူအသင္းရဲ႕ရွယ္ယာတန္ဖိုးေတြ ထိုးတက္သြားခဲ့တယ္လို႔ သိရပါတယ္။

ဂေလဇာမိသားစုက သူတို႔ပိုင္ဆိုင္တဲ့ မန္ယူအစုရွယ္ယာအခ်ိဳ႕ကို ထုတ္ေရာင္းေတာ့မယ္လို႔ ေလသံပစ္လိုက္ခ်ိန္မွာ ရက္ကလစ္ဖ္ရဲ႕စိတ္ဝင္စားမႈ ထြက္ေပၚလာခဲ့တာပါ။ အဲဒီေနာက္ တစ္ပတ္အတြင္းမွာ

မန္ယူအစုရွယ္ယာတန္ဖိုးဟာ ၁၅ ရာခိုင္ႏႈန္း ထိုးတက္သြားခဲ့တာလို႔ The Sun သတင္းစာက ေဖၚျပလိုက္တာျဖစ္ပါတယ္။ အစုရွယ္ယာ တစ္ခုကို ၁၁.၄၇ ေပါင္ ျမင့္တက္သြားခဲ့တာျဖစ္ၿပီး ေလာေလာဆယ္ေတာ့

ဂေလဇာမိသားစုအိတ္ထဲကို တစ္ပတ္အတြင္းမွာ ေပါင္ သန္း ၂၀၀ ေက်ာ္ ေရာက္သြားခဲ့တာပါ။ နယူးေယာ့ခ္စေတာ့ရွယ္ယာေဈးကြက္မွာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက မန္ယူအစုရွယ္ယာတန္ဖိုးက ၉.၄၆ ေပါင္သာရွိခဲ့ၿပီး

လက္ရွိေပါက္ေဈးထက္ ၂၁ ရာခိုင္းႏႈန္းေလ်ာ့နည္းခဲ့ပါတယ္။ ေပါင္ ၁၁ ဘီလီယံေလာက္ႂကြယ္ဝတဲ့ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ ရက္ကလစ္ဖ္ကလည္း မန္ယူကို ခ်က္ခ်င္းဝယ္ယူခြင့္

မရရင္ေတာင္ အစုရွယ္ယာေတြမ်ားမ်ားဝယ္ၿပီး ရာခိုင္းႏႈန္းမ်ားမ်ား ပိုင္ဆိုင္ႏိုင္ဖို႔ႀကိဳးစားလာဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒါဟာ ရွယ္ယာေဈးေတြထိုးတက္သြားတဲ့ အေၾကာင္းရင္းတစ္ရပ္လည္းျဖစ္ပါတယ္။

ဂေလဇာမိသားစုကေတာ့ ေပါင္ ၆ ဘီလီယံေလာက္ရရင္ မန္ယူကို အၿပီးသတ္ေရာင္းမယ္ဆိုတဲ့ သတင္းထြက္ေနေပမယ့္ တရားဝင္ေၾကညာတာမ်ိဳး မရွိေသးပါဘူး။