ဆရာကြီးအထာနဲ့ အမ်ဘာပီ တစ်ကိုယ်ကောင်းဆန်နေသမျှ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်အိပ်မက် ရွှေပြည်တော်မျှော်တိုင်းဝေးသွားနိုင်တယ်

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ဂျူဗင်တပ်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တယ်။ ဘင်ဖီကာနဲ့မက္ကာဘီဟိုင်ဖာတို့ပါဝင်တဲ့ အုပ်စု H မှာ အဓိကပြိုင်ဘက်ကို အနိုင်ရလိုက်တာကြောင့် တာထွက်လှခဲ့တယ်။

ဒါပေမဲ့ ပါရီကလပ်ဟာ ၃ မှတ်ရဖို့ ရိုလာကိုစတာစီးရသလို ရင်ခုန်ခဲ့ရတာပါ။ ဂယ်လ်တီယာလက်ထက် ပီအက်စ်ဂျီကစားပုံဟာ တစ်ချိန်က ဘာစီလိုနာကိုပြန်မြင်ယောင်မိစေခဲ့တယ်။ ပွဲချိန် ၂၂ မိနစ်အတွင်းမှာတင် သူတို့ ၂ ဂိုးရခဲ့တယ်။

နေမာက ဂျူဗင်တပ်နောက်တန်းကိုကျော်ပြီး လှမ်းမပေးလိုက်တာလှသလို အမ်ဘာပီရဲ့မြေမကျကန်ချက်ကလည်း သေသပ်ခဲ့တယ်။ ပြီးတော့ ဟာကီမီဖန်တီးပေးတာကို ပြင်သစ်တိုက်စစ်မှူးပဲ အဆုံးသတ်နိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီ ဒုတိယဂိုးရခဲ့တယ်။

ဒုတိယပိုင်းမှာလည်း တတိယဂိုးရဖို့ ပါရီကလပ်ပဲ ဖိအားပေးနိုင်ခဲ့တာပါ။ မက်ဆီထိုးပေးလိုက်တာကနေ အမ်ဘာပီ ညာခြမ်းကဘောလုံးရလာခဲ့တယ်။ ဘယ်ခြမ်းမှာ နေမာ ပြေးတက်လာတယ်။ ဘရာဇီးလ်တိုက်စစ်မှူးကို ကပ်မယ့်သူမရှိပါဘူး။

ဒါပေမဲ့ အမ်ဘာပီဟာ တစ်ကိုယ်ကောင်းဆန်စွာပဲ နေမာကိုမပေးဘဲ ကန်လိုက်ရာမှာ ဂိုးပေါက်လွဲသွားခဲ့ပါတယ်။ နေမာဟာ လုံးဝမပျော်နိုင်ဖြစ်သွားပြီး အသင်းဖော်ကို အော်ဟစ်နေခဲ့တယ်။ ဒါဟာ အိမ်ရှင်အတွက် အထူးအခွင့်အရေးပါ။

ဒီဂိုးဝင်ရင် နိုင်ပွဲရဖို့သေချာသလောက်ဖြစ်သွားမှာပါ။ တနည်းအားဖြင့် ဒီဂိုးမဝင်တာကြောင့် ဂျူဗင်တပ် ချေပဂိုးတစ်ဂိုးသွင်းသွားတဲ့နောက် ပီအက်စ်ဂျီ သတိကြီးစွာထားပြီး ရုန်းကန်ခဲ့ရတာပါ။ အမ်ဘာပီ ဂိုးသွင်းနိုင်ဖို့

နေမာ ဖန်တီးမှုတွေလုပ်ပေးနေပေမယ့် ပြင်သစ်တိုက်စစ်မှူးရဲ့သဘောထားကြောင့် သူတို့နှစ်ဦးကြား ကောလာဟလတွေပြန်ထွက်လာသလို ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ကိုပါ ထိခိုက်သွားနိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အဖြင့္ပြဲစဥ္မွာ ဂ်ဴဗင္တပ္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တယ္။ ဘင္ဖီကာနဲ႔မကၠာဘီဟိုင္ဖာတို႔ပါဝင္တဲ့ အုပ္စု H မွာ အဓိကၿပိဳင္ဘက္ကို အႏိုင္ရလိုက္တာေၾကာင့္ တာထြက္လွခဲ့တယ္။

ဒါေပမဲ့ ပါရီကလပ္ဟာ ၃ မွတ္ရဖို႔ ႐ိုလာကိုစတာစီးရသလို ရင္ခုန္ခဲ့ရတာပါ။ ဂယ္လ္တီယာလက္ထက္ ပီအက္စ္ဂ်ီကစားပုံဟာ တစ္ခ်ိန္က ဘာစီလိုနာကိုျပန္ျမင္ေယာင္မိေစခဲ့တယ္။ ပြဲခ်ိန္ ၂၂ မိနစ္အတြင္းမွာတင္ သူတို႔ ၂ ဂိုးရခဲ့တယ္။

ေနမာက ဂ်ဴဗင္တပ္ေနာက္တန္းကိုေက်ာ္ၿပီး လွမ္းမေပးလိုက္တာလွသလို အမ္ဘာပီရဲ႕ေျမမက်ကန္ခ်က္ကလည္း ေသသပ္ခဲ့တယ္။ ၿပီးေတာ့ ဟာကီမီဖန္တီးေပးတာကို ျပင္သစ္တိုက္စစ္မႉးပဲ အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီ ဒုတိယဂိုးရခဲ့တယ္။

ဒုတိယပိုင္းမွာလည္း တတိယဂိုးရဖို႔ ပါရီကလပ္ပဲ ဖိအားေပးႏိုင္ခဲ့တာပါ။ မက္ဆီထိုးေပးလိုက္တာကေန အမ္ဘာပီ ညာျခမ္းကေဘာလုံးရလာခဲ့တယ္။ ဘယ္ျခမ္းမွာ ေနမာ ေျပးတက္လာတယ္။ ဘရာဇီးလ္တိုက္စစ္မႉးကို ကပ္မယ့္သူမရွိပါဘူး။

ဒါေပမဲ့ အမ္ဘာပီဟာ တစ္ကိုယ္ေကာင္းဆန္စြာပဲ ေနမာကိုမေပးဘဲ ကန္လိုက္ရာမွာ ဂိုးေပါက္လြဲသြားခဲ့ပါတယ္။ ေနမာဟာ လုံးဝမေပ်ာ္ႏိုင္ျဖစ္သြားၿပီး အသင္းေဖာ္ကို ေအာ္ဟစ္ေနခဲ့တယ္။ ဒါဟာ အိမ္ရွင္အတြက္ အထူးအခြင့္အေရးပါ။

ဒီဂိုးဝင္ရင္ ႏိုင္ပြဲရဖို႔ေသခ်ာသေလာက္ျဖစ္သြားမွာပါ။ တနည္းအားျဖင့္ ဒီဂိုးမဝင္တာေၾကာင့္ ဂ်ဴဗင္တပ္ ေခ်ပဂိုးတစ္ဂိုးသြင္းသြားတဲ့ေနာက္ ပီအက္စ္ဂ်ီ သတိႀကီးစြာထားၿပီး ႐ုန္းကန္ခဲ့ရတာပါ။ အမ္ဘာပီ ဂိုးသြင္းႏိုင္ဖို႔

ေနမာ ဖန္တီးမႈေတြလုပ္ေပးေနေပမယ့္ ျပင္သစ္တိုက္စစ္မႉးရဲ႕သေဘာထားေၾကာင့္ သူတို႔ႏွစ္ဦးၾကား ေကာလာဟလေတြျပန္ထြက္လာသလို ပီအက္စ္ဂ်ီရဲ႕ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ကိုပါ ထိခိုက္သြားႏိုင္မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။