ဆန်းဒါးလန်းအသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ဒီယာလိုဟာ အန်တိုနီထက် ပိုကောင်းတယ်လို့ ပရိသတ်တွေ ချီးကျူး

လိဂ်ချန်ပီယံရှစ်ကလပ် ဆန်းဒါးအသင်းမှာ အငှားနဲ့သွားကစားနေတဲ့ မန်ချက်စတာ

ယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ဒီယာလိုဟာ မယုံနိုင်လောက်အောင်
ခြေစွမ်းပြဂိုးတွေသွင်းယူနေပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ အိုင်ဗရီကို့စ်လူငယ်ကြယ်ပွင့် ဒီယာလိုဟာ
နည်းပြဟောင်းဆိုးလ်ရှားရဲ့ ခေါ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်
အသင်းကို ရောက်ရှိခဲ့ပေမယ့် ပွဲထွက်ခွင့်မရဘဲ အမေ့လျော့ခံအဖြစ်နဲ့သာ
ရုန်းကန်ခဲ့ရပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဆီ အငှားချ
ခံခဲ့ရသလို ဒီရာသီအစမှာလည်း လိဂ်ချန်ပီယံရှစ်က ဆန်းဒါးလန်းအသင်းမှာ (၁)ရာသီ
အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ဆန်းဒါးလန်းကစားသမားဘ၀ အစပိုင်းမှာ ဒီယာလိုဟာ အသင်းသစ်နဲ့ အသားမကျ
သေးတာကြောင့် ခြေစွမ်းမပြနိုင်ဘဲ အသင်းနည်းပြတိုနီမိုဘရေးက ဒီယာလိုရဲ့

စွမ်းဆောင်ရည်အပေါ် ဝေဖန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အောက်တိုဘာလအတွင်း ဘန်လေနဲ့ကစားခဲ့တဲ့ပွဲမှာ ဆန်းဒါးလန်းကစားသမား

ဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ပြီးတဲ့နောက် ဒီယာလိုက ရပ်တန့်လို့ မရတော့တဲ့ ခြေစွမ်း
ပြသနေပြီး မနေ့က ဝီဂန်ကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ (၁)ဂိုးသွင်းယူခဲ့ပါတယ်။

အခုဆိုရင်ဆန်းဒါးလန်းအသင်းရဲ့ နောက်ဆုံး(၁၀)ပွဲမှာ ဒီယာလို (၆)ဂိုးအထိသွင်းယူ
ခဲ့ပြီး အသင်းကို အဆင့်(၄)နေရာရောက်အောင် ပို့ဆောင်ပေးထားပါတယ်။

[Zawgyi]

လိဂ္ခ်န္ပီယံရွစ္ကလပ္ ဆန္းဒါးအသင္းမွာ အငွားနဲ႔သြားကစားေနတဲ့ မန္ခ်က္စတာ
ယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမား ဒီယာလိုဟာ မယုံႏိုင္ေလာက္ေအာင္
ေျခစြမ္းျပဂိုးေတြသြင္းယူေနပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ အိုင္ဗရီကို႔စ္လူငယ္ၾကယ္ပြင့္ ဒီယာလိုဟာ
နည္းျပေဟာင္းဆိုးလ္ရွားရဲ႕ ေခၚေဆာင္မႈေၾကာင့္ ၂၀၂၁ ခုႏွစ္မွာ ယူႏိုက္တက္
အသင္းကို ေရာက္ရွိခဲ့ေပမယ့္ ပြဲထြက္ခြင့္မရဘဲ အေမ့ေလ်ာ့ခံအျဖစ္နဲ႔သာ
႐ုန္းကန္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ရာသီက စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းဆီ အငွားခ်
ခံခဲ့ရသလို ဒီရာသီအစမွာလည္း လိဂ္ခ်န္ပီယံရွစ္က ဆန္းဒါးလန္းအသင္းမွာ (၁)ရာသီ

အငွားနဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။

ဆန္းဒါးလန္းကစားသမားဘ၀ အစပိုင္းမွာ ဒီယာလိုဟာ အသင္းသစ္နဲ႔ အသားမက်

ေသးတာေၾကာင့္ ေျခစြမ္းမျပႏိုင္ဘဲ အသင္းနည္းျပတိုနီမိုဘေရးက ဒီယာလိုရဲ႕
စြမ္းေဆာင္ရည္အေပၚ ေဝဖန္ခဲ့ဖူးပါတယ္။

ဒါေပမဲ့ ေအာက္တိုဘာလအတြင္း ဘန္ေလနဲ႔ကစားခဲ့တဲ့ပြဲမွာ ဆန္းဒါးလန္းကစားသမား
ဘ၀ ပထမဆုံးဂိုးသြင္းယူႏိုင္ၿပီးတဲ့ေနာက္ ဒီယာလိုက ရပ္တန႔္လို႔ မရေတာ့တဲ့ ေျခစြမ္း
ျပသေနၿပီး မေန႔က ဝီဂန္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ (၁)ဂိုးသြင္းယူခဲ့ပါတယ္။

အခုဆိုရင္ဆန္းဒါးလန္းအသင္းရဲ႕ ေနာက္ဆုံး(၁၀)ပြဲမွာ ဒီယာလို (၆)ဂိုးအထိသြင္းယူ
ခဲ့ၿပီး အသင္းကို အဆင့္(၄)ေနရာေရာက္ေအာင္ ပို႔ေဆာင္ေပးထားပါတယ္။