
သေချာပေါက် (၃)မှတ်အပြည့်ယူရမယ့် ဒီလိုပွဲမျိုးမှာ ယူနိုက်တက်
သရေကျခဲ့တာက တော်တော်လေး နစ်နာပါတယ်။ တစ်ပွဲလုံး
ဂိုးသွင်းခွင့်အကြိမ်ပေါင်း (၂၀)ကျော်အထိရခဲ့ပေမယ့် ပွဲအစပိုင်းတွေမှာ
အထလေးနေမှုကြောင့် မပေးသင့်တဲ့ဂိုးတွေ ပေးလိုက်ရတာက
တော်တော်စိတ်ပျက်စရာကောင်းတယ်လို့ပဲ ပြောရမယ်။
ပွဲစလို့ (၅၅)စက္ကန့်အကြာမှာပဲ ဖာနန်ဒက်စ်ဆီကနေ ပျက်သွားတာကနေ
ဘမ်းဖို့ဒ် ပေးလိုက်တာကို တောင်ပံတိုက်စစ်ကစားသမားနွန်တိုက
ဂိုးဧရိယာထိပ်က ကန်သွင်းခဲ့ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အခွင့်အရေးကောင်းတွေ
ရခဲ့ပြီး ဂါနာချို ဂိုးသွင်းခွင့်(၂)ကြိမ် လွဲချော်ခဲ့သလို ဆာဘစ်ဇာရဲ့
ကန်ချက်ကိုလည်း လိဒ်စ်ဂိုးသမား မယ်လီယေ ကာကွယ်နိုင်ခဲ့ပြန်တယ်။
ဒုတိယပိုင်းစ,စချင်းမှာပဲ လိဒ်စ်တို့ ခပ်မြန်မြန်တိုက်စစ်ဆင်ခဲ့ပြီး
(၄၈)မိနစ်မှာ ဘယ်ခြမ်းကနေ ဆမ်မာဗီးလ် ပယ်နယ်တီဧရိယာထဲကို
ဆွဲပြေးပြီးတော့ ချိုးပေးလိုက်တာကို ဗာရန်း ဖျက်ထုတ်ဖို့ကြိုးစားရင်း
OG ဖြစ်ခဲ့ပါတယ်။
(၂)ဂိုးပြတ်ရှုံးနေတာကြောင့် အဲရစ်တန်ဟက်က တိုက်စစ်မှာ ဘယ်လိုမှ
အဆင်မပြေတဲ့ တိုက်စစ်မှူး ဝက်ဟော့တ်နဲ့ ဂါနာချိုကို ထုတ်ပြီးတော့
ဆန်ချို၊ ပယ်လစ်စထရီကို လူစားဝင်ပြီး ရပ်ရှ်ဖို့ဒ်က အထောင်တိုက်စစ်
ပြောင်းလဲကစားခဲ့တယ်။
(၆၂)မိနစ်မှာ ဒါလော့တ်ရဲ့ ဖြတ်တင်ဘောကနေ ရပ်ရှ်ဖို့ဒ် ခေါင်းတိုက်ပြီးတော့
ချေပဂိုးသွင်းယူခဲ့သလို မိနစ်(၇၀)မှာ ဆန်ချိုက ပယ်နယ်တီဧရိယာထဲမှာ
အပိုင်ကန်သွင်းပြီး ဒုတိယ ချေပဂိုးသွင်းခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုသရေပွဲကြောင့် ပြိုင်ပွဲစုံအိမ်ကွင်း(၁၃)
ပွဲဆက် အနိုင်မှတ်တမ်းရပ်တန့်သွားသလို ဒီပွဲနိုင်ရင် မန်စီးတီးအသင်းနဲ့
အမှတ်တူညီသွားမယ့် အခွင့်အရေးကောင်းကိုလည်း လက်လွှတ်ခဲ့ရပါတယ်။
[Zawgyi]
ေသခ်ာေပါက္ (၃)မွတ္အျပည့္ယူရမယ့္ ဒီလိုပြဲမ်ိဳးမွာ ယူႏိုက္တက္
သေရက်ခဲ့တာက ေတာ္ေတာ္ေလး နစ္နာပါတယ္။ တစ္ပြဲလုံး
ဂိုးသြင္းခြင့္အႀကိမ္ေပါင္း (၂၀)ေက်ာ္အထိရခဲ့ေပမယ့္ ပြဲအစပိုင္းေတြမွာ
အထေလးေနမႈေၾကာင့္ မေပးသင့္တဲ့ဂိုးေတြ ေပးလိုက္ရတာက
ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းတယ္လို႔ပဲ ေျပာရမယ္။
ပြဲစလို႔ (၅၅)စကၠန႔္အၾကာမွာပဲ ဖာနန္ဒက္စ္ဆီကေန ပ်က္သြားတာကေန
ဘမ္းဖို႔ဒ္ ေပးလိုက္တာကို ေတာင္ပံတိုက္စစ္ကစားသမားႏြန္တိုက
ဂိုးဧရိယာထိပ္က ကန္သြင္းခဲ့ပါတယ္။
ပထမပိုင္းမွာ ယူႏိုက္တက္တို႔ ေခ်ပဂိုးရဖို႔ အခြင့္အေရးေကာင္းေတြ
ရခဲ့ၿပီး ဂါနာခ်ိဳ ဂိုးသြင္းခြင့္(၂)ႀကိမ္ လြဲေခ်ာ္ခဲ့သလို ဆာဘစ္ဇာရဲ႕
ကန္ခ်က္ကိုလည္း လိဒ္စ္ဂိုးသမား မယ္လီေယ ကာကြယ္ႏိုင္ခဲ့ျပန္တယ္။
ဒုတိယပိုင္းစ,စခ်င္းမွာပဲ လိဒ္စ္တို႔ ခပ္ျမန္ျမန္တိုက္စစ္ဆင္ခဲ့ၿပီး
(၄၈)မိနစ္မွာ ဘယ္ျခမ္းကေန ဆမ္မာဗီးလ္ ပယ္နယ္တီဧရိယာထဲကို
ဆြဲေျပးၿပီးေတာ့ ခ်ိဳးေပးလိုက္တာကို ဗာရန္း ဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း
OG ျဖစ္ခဲ့ပါတယ္။
(၂)ဂိုးျပတ္ရႈံးေနတာေၾကာင့္ အဲရစ္တန္ဟက္က တိုက္စစ္မွာ ဘယ္လိုမွ
အဆင္မေျပတဲ့ တိုက္စစ္မႉး ဝက္ေဟာ့တ္နဲ႔ ဂါနာခ်ိဳကို ထုတ္ၿပီးေတာ့
ဆန္ခ်ိဳ၊ ပယ္လစ္စထရီကို လူစားဝင္ၿပီး ရပ္ရွ္ဖို႔ဒ္က အေထာင္တိုက္စစ္
ေျပာင္းလဲကစားခဲ့တယ္။
(၆၂)မိနစ္မွာ ဒါေလာ့တ္ရဲ႕ ျဖတ္တင္ေဘာကေန ရပ္ရွ္ဖို႔ဒ္ ေခါင္းတိုက္ၿပီးေတာ့
ေခ်ပဂိုးသြင္းယူခဲ့သလို မိနစ္(၇၀)မွာ ဆန္ခ်ိဳက ပယ္နယ္တီဧရိယာထဲမွာ
အပိုင္ကန္သြင္းၿပီး ဒုတိယ ေခ်ပဂိုးသြင္းခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ အခုသေရပြဲေၾကာင့္ ၿပိဳင္ပြဲစုံအိမ္ကြင္း(၁၃)
ပြဲဆက္ အႏိုင္မွတ္တမ္းရပ္တန႔္သြားသလို ဒီပြဲႏိုင္ရင္ မန္စီးတီးအသင္းနဲ႔
အမွတ္တူညီသြားမယ့္ အခြင့္အေရးေကာင္းကိုလည္း လက္လႊတ္ခဲ့ရပါတယ္။