စွမ်းအင်အတူရဖို့ လက်ဖဝါးတွေပွတ်ခိုင်းခဲ့ပြန်တဲ့ မှော်ဆရာကြီးအာတီတာ

အာဆင်နယ်အသင်းရဲ့ မြက်ခင်းစိမ်းနောက်ကွယ်က အကြောင်းအရာတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ Amazon က တင်ဆက်နေတဲ့

‘All or Nothing’ မှတ်တမ်းရုပ်ရှင် အပိုင်းအစတွေပါ။ တနည်းအားဖြင့် ၂၀၂၁-၂၂ ရာသီတုန်းက ဂန်းနားတွေရဲ့လှုပ်ရှားမှုတွေကို ကင်မရာတွေနဲ့ရိုက်ကူးယူထားတာဖြစ်ပါတယ်။

ပရိသတ်တွေကို ပထမဆုံးဖမ်းစားခဲ့တာက သူငယ်ငယ်က နှလုံးခွဲစိတ်မှုခံယူခဲ့တဲ့အကြောင်း အသင်းသားတွေကို နည်းပြအာတီတာ ရှင်းပြနေတဲ့ဗွီဒီယိုဖိုင်ပါ။ နောက်တစ်ပိုင်းဖြစ်တဲ့

လီဗာပူးလ်ရဲ့ ‘You’ll Never Walk Alone’ သီချင်းကို လေ့ကျင့်ကွင်းမှာ ဆောင်းဘောက်စ်တွေနဲ့ဖွင့်ပြီး အန်ဖီးလ်ရောက်နေသလို လေ့ကျင့်စေတာလည်း ပရိသတ်တွေ သဘောကျခဲ့ကြပါတယ်။

အခု တတိယပိုင်း ထွက်လာတော့လည်း အထူးအဆန်းဖြစ်ရပြန်တာပါပဲ။ အာတီတာက အသင်းသားတွေကို စွမ်းအင်တွေ အားလုံးအတူတကွရစေဖို့ လက်ဖဝါးတွေကိုပွတ်ခိုင်းခဲ့တာပါ။

အောက်တိုဘာလတုန်းက လက်စတာနဲ့မကစားခင် ကင်းပါဝါကွင်း အဝတ်လဲခန်းထဲမှာ လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေကို ဝိုင်းပြီးရပ်ခိုင်းတဲ့နောက် အာတီတာက

“ ငါတို့ တစ်ခုခုလုပ်တော့မယ် .. ကောင်လေးတွေ။ ငါတို့ ဒီအခန်းထဲက စွမ်းအင်တွေကို အားလုံးအတူတူ ရအောင်ယူမယ်။ မင်းတို့ လက်ဖဝါးတွေကို ပွတ်ကြ။ မျက်လုံးတွေကိုမှိတ်ထား။

ပွဲမှာဘာဖြစ်မယ်ဆိုတာ မင်းတို့ကို ငါပြောပြမယ်။ ပြီးရင် မင်းတို့အချင်းချင်း လက်တွေကိုဆုပ်ကိုင်လိုက်။ ပူဖောင်းထဲမှာ ငါတို့စွမ်းအင်တွေကို ဖန်တီးကြမယ်။

ပြီးရင် အဲဒီမှာ( ကွင်းကိုလက်ညှိုးညွှန်ပြီး )ကစားကြမယ်။ မျက်လုံးတွေမှိတ်ထားကြ ” လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ အဲဒီပွဲမှာ ပထမပိုင်း မိနစ် ၂၀ အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

(zawgyi)

အာဆင္နယ္အသင္းရဲ႕ ျမက္ခင္းစိမ္းေနာက္ကြယ္က အေၾကာင္းအရာေတြဟာ ဆိုရွယ္မီဒီယာေတြေပၚမွာ ေရပန္းစားေနပါတယ္။ Amazon က တင္ဆက္ေနတဲ့

‘All or Nothing’ မွတ္တမ္း႐ုပ္ရွင္ အပိုင္းအစေတြပါ။ တနည္းအားျဖင့္ ၂၀၂၁-၂၂ ရာသီတုန္းက ဂန္းနားေတြရဲ႕လႈပ္ရွားမႈေတြကို ကင္မရာေတြနဲ႔႐ိုက္ကူးယူထားတာျဖစ္ပါတယ္။

ပရိသတ္ေတြကို ပထမဆုံးဖမ္းစားခဲ့တာက သူငယ္ငယ္က ႏွလုံးခြဲစိတ္မႈခံယူခဲ့တဲ့အေၾကာင္း အသင္းသားေတြကို နည္းျပအာတီတာ ရွင္းျပေနတဲ့ဗြီဒီယိုဖိုင္ပါ။ ေနာက္တစ္ပိုင္းျဖစ္တဲ့

လီဗာပူးလ္ရဲ႕ ‘You’ll Never Walk Alone’ သီခ်င္းကို ေလ့က်င့္ကြင္းမွာ ေဆာင္းေဘာက္စ္ေတြနဲ႔ဖြင့္ၿပီး အန္ဖီးလ္ေရာက္ေနသလို ေလ့က်င့္ေစတာလည္း ပရိသတ္ေတြ သေဘာက်ခဲ့ၾကပါတယ္။

အခု တတိယပိုင္း ထြက္လာေတာ့လည္း အထူးအဆန္းျဖစ္ရျပန္တာပါပဲ။ အာတီတာက အသင္းသားေတြကို စြမ္းအင္ေတြ အားလုံးအတူတကြရေစဖို႔ လက္ဖဝါးေတြကိုပြတ္ခိုင္းခဲ့တာပါ။

ေအာက္တိုဘာလတုန္းက လက္စတာနဲ႔မကစားခင္ ကင္းပါဝါကြင္း အဝတ္လဲခန္းထဲမွာ လုပ္ခိုင္းခဲ့တာျဖစ္ပါတယ္။ ကစားသမားေတြကို ဝိုင္းၿပီးရပ္ခိုင္းတဲ့ေနာက္ အာတီတာက

“ ငါတို႔ တစ္ခုခုလုပ္ေတာ့မယ္ .. ေကာင္ေလးေတြ။ ငါတို႔ ဒီအခန္းထဲက စြမ္းအင္ေတြကို အားလုံးအတူတူ ရေအာင္ယူမယ္။ မင္းတို႔ လက္ဖဝါးေတြကို ပြတ္ၾက။ မ်က္လုံးေတြကိုမွိတ္ထား။

ပြဲမွာဘာျဖစ္မယ္ဆိုတာ မင္းတို႔ကို ငါေျပာျပမယ္။ ၿပီးရင္ မင္းတို႔အခ်င္းခ်င္း လက္ေတြကိုဆုပ္ကိုင္လိုက္။ ပူေဖာင္းထဲမွာ ငါတို႔စြမ္းအင္ေတြကို ဖန္တီးၾကမယ္။

ၿပီးရင္ အဲဒီမွာ( ကြင္းကိုလက္ညႇိဳးၫႊန္ၿပီး )ကစားၾကမယ္။ မ်က္လုံးေတြမွိတ္ထားၾက ” လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ အဲဒီပြဲမွာ ပထမပိုင္း မိနစ္ ၂၀ အတြင္း သြင္းယူခဲ့တဲ့ ၂ ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။