စံချိန်ရှင် ပီပီအပါအဝင် ကစားသမား ၁၁ ယောက် ထုတ်ရောင်းပြီး အာဆင်နယ်ရုံခါတော့မယ်

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ် အမေရိကခရီးစဉ်မှာလိုက်ပါခဲ့သူတွေ အပါအဝင် ကစားသမား ၁၁ ယောက်ကို ရောင်းထုတ်ဖို့ကြိုးစားနေတယ်လို့

ဗြိတိန်သတင်းစာ The Sun က ဖေါ်ပြပါတယ်။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ မလိုချင်တဲ့ကစားသမားတွေကို ရောင်းချင်နေတဲ့ နည်းစနစ်ဒါရိုက်တာအီဒူးရဲ့မှတ်ချက်ကြောင့်

မလိုလားအပ်တဲ့ရှုပ်ထွေးမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ကစားသမားတွေကို မြင့်မားတဲ့လစာပေးချေရတာဟာ ရင်းနှီးမြှုပ်နှံမှုဖြစ်ပေမယ့် စွမ်းဆောင်ရည်နိမ့်ပါးသူတွေကတော့

အသင်းကနေထွက်ရလိမ့်မယ်လို့ အီဒူးက ပြောခဲ့တာပါ။ အာဆင်နယ်ရဲ့ရုံခါမယ့်သတင်းကြောင့် ဥရောပအသင်းအတော်များများကလည်း အခြေအနေစောင့်ကြည့်နေကြပါတယ်။

တန်းတက်ဖူလ်ဟမ်ကို ပေါင် ၈ သန်းနဲ့ပြောင်းရွှေ့ဖို့သဘောတူထားတဲ့ ဂိုးသမားလန်နိုဟာ အမ်းမရိတ်စ်တံခါးကထွက်ခွာမယ့် နောက်ထပ်ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပါ။

တာဗာရက်စ်နဲ့ လူငယ်ဂိုးသမားအိုကွန်ကိုတို့ကိုလည်း မာဆေးလ်နဲ့ခရူဝီကို အငှားချပြီးပါပြီ။ ဘာလိုဂန်ကိုလည်း ရိမ်းစ်မှာနောက်တစ်ရာသီ ဆက်ထားဦးမှာပါ။

ဒါပေမဲ့ အာဆင်နယ်ဟာ ပွဲထွက်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဘယ်လာရင်၊ ပါဘလိုမာရီ၊ တော်ရဲရား၊ မစ်လန်းနိုင်းစ်နဲ့ နယ်လ်ဆင်တို့အတွက် ကမ်းလှမ်းမှု ဘာမှမရသေးပါဘူး။

အာတီတာက သူတို့မလိုချင်တဲ့ ကစားသမားတွေရောင်းချမှုကနေ ပေါင် သန်း ၅၀ လောက်ရဖို့ မျှော်လင့်ထားတာပါ။ ဒီအထဲမှာ ဂန်းနားတွေစံချိန်တင်ခေါ်ယူထားတဲ့

ပီပီလည်းပါနေပါတယ်။ ရာဖင်ဟာနဲ့လွဲခဲ့ပေမယ့် နောက်ထပ် သင့်တော်တဲ့တောင်ပံလူတစ်ယောက်ရရင် ပီပီကိုရောင်းထုတ်လိမ့်မယ်လို့ ရေးသားထားပါတယ်။

(zawgyi)

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္ အေမရိကခရီးစဥ္မွာလိုက္ပါခဲ့သူေတြ အပါအဝင္ ကစားသမား ၁၁ ေယာက္ကို ေရာင္းထုတ္ဖို႔ႀကိဳးစားေနတယ္လို႔ ၿဗိတိန္သတင္းစာ

The Sun က ေဖၚျပပါတယ္။ ဒါေပမဲ့ အသင္းတာဝန္ရွိသူေတြကေတာ့ မလိုခ်င္တဲ့ကစားသမားေတြကို ေရာင္းခ်င္ေနတဲ့ နည္းစနစ္ဒါ႐ိုက္တာအီဒူးရဲ႕မွတ္ခ်က္ေၾကာင့္

မလိုလားအပ္တဲ့ရႈပ္ေထြးမႈေတြ ျဖစ္လာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။ ကစားသမားေတြကို ျမင့္မားတဲ့လစာေပးေခ်ရတာဟာ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ေပမယ့္ စြမ္းေဆာင္ရည္နိမ့္ပါးသူေတြကေတာ့

အသင္းကေနထြက္ရလိမ့္မယ္လို႔ အီဒူးက ေျပာခဲ့တာပါ။ အာဆင္နယ္ရဲ႕႐ုံခါမယ့္သတင္းေၾကာင့္ ဥေရာပအသင္းအေတာ္မ်ားမ်ားကလည္း အေျခအေနေစာင့္ၾကည့္ေနၾကပါတယ္။

တန္းတက္ဖူလ္ဟမ္ကို ေပါင္ ၈ သန္းနဲ႔ေျပာင္းေ႐ႊ႕ဖို႔သေဘာတူထားတဲ့ ဂိုးသမားလန္ႏိုဟာ အမ္းမရိတ္စ္တံခါးကထြက္ခြာမယ့္ ေနာက္ထပ္ကစားသမားတစ္ေယာက္ ျဖစ္လာေတာ့မွာပါ။

တာဗာရက္စ္နဲ႔ လူငယ္ဂိုးသမားအိုကြန္ကိုတို႔ကိုလည္း မာေဆးလ္နဲ႔ခ႐ူဝီကို အငွားခ်ၿပီးပါၿပီ။ ဘာလိုဂန္ကိုလည္း ရိမ္းစ္မွာေနာက္တစ္ရာသီ ဆက္ထားဦးမွာပါ။

ဒါေပမဲ့ အာဆင္နယ္ဟာ ပြဲထြက္ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဘယ္လာရင္၊ ပါဘလိုမာရီ၊ ေတာ္ရဲရား၊ မစ္လန္းႏိုင္းစ္နဲ႔ နယ္လ္ဆင္တို႔အတြက္ ကမ္းလွမ္းမႈ ဘာမွမရေသးပါဘူး။

အာတီတာက သူတို႔မလိုခ်င္တဲ့ ကစားသမားေတြေရာင္းခ်မႈကေန ေပါင္ သန္း ၅၀ ေလာက္ရဖို႔ ေမွ်ာ္လင့္ထားတာပါ။ ဒီအထဲမွာ ဂန္းနားေတြစံခ်ိန္တင္ေခၚယူထားတဲ့

ပီပီလည္းပါေနပါတယ္။ ရာဖင္ဟာနဲ႔လြဲခဲ့ေပမယ့္ ေနာက္ထပ္ သင့္ေတာ္တဲ့ေတာင္ပံလူတစ္ေယာက္ရရင္ ပီပီကိုေရာင္းထုတ္လိမ့္မယ္လို႔ ေရးသားထားပါတယ္။