စံချိန်မှတ်တမ်းကောင်းတွေနဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဘာပေ

ပြင်သစ်နာမည်ကျော်ကစားသမား ဘာပေဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ

အာဂျင်တီးနားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့
လွဲချော်ခဲ့ပေမယ့် သွင်းဂိုးစံချိန်မှတ်တမ်းတွေနဲ့အတူ ရွှေဖိနပ်ဆုကိုလည်း
ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မိနစ်(၈၀)မှာ ပယ်နယ်တီကနေ ပထမချေပဂိုး၊ စက္ကန့်အပိုင်းအကြာမှာပဲ သူရမ်ရဲ့
ဖန်တီးမှုကနေ ဘာပေ ဒုတိယချေပဂိုးသွင်းခဲ့ပြီး (၉၇)စက္ကန့်အတွင်း (၂)ဂိုး
သွင်းယူခဲ့တာဖြစ်သလို ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို(၂၀၀၂ – ဂျာမနီ)
နောက်ပိုင်း ကမ္ဘ့ာဖလားဗိုလ်လုပွဲတစ်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်တဲ့ ကစားသမား

အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒ့ါအပြင် ဘာပေဟာ အချိန်ပို (၁၁၈)မိနစ်မှာလည်း ဟက်ထရစ်ဖြစ်မယ့်ဂိုးကို

ပယ်နယ်တီကနေ သွင်းယူခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အင်္ဂလန်ဂန္ထဝင်
တိုက်စစ်မှူး ဂျော့ချ်ဟတ်စ် (၁၉၆၆)နဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်
သွင်းနိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဘာပေဟာ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ(၂)ပွဲမှာ (၄)ဂိုးအထိ
သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ သွင်းဂိုးအများဆုံး
ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ နာမည်ကျော်ကစားသမား
မက်ဆီကို (၁)ဂိုးအသာနဲ့ကျော်ဖြတ်ပြီး ဘာပေက သွင်းဂိုးအများဆုံး
ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား(၂)ကြိမ်သာ ကစားအပြီးမှာပဲ ဘာပေဟာ
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ

ဘရာဇီးလ်ဂန္ထဝင်ကြီးပီလီနဲ့အတူ (၁၂)ဂိုးနဲ့ အဆင့်(၆)နေရာ ပူးတွဲရပ်တည်နေပြီး
သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျာမနီဂန္ထဝင်တိုက်စစ်မှူး
ကလိုဆေးရဲ့ (၁၆)ဂိုးစံချိန်ကို အနာဂတ်မှာ ချိုးဖျက်နိုင်ဖို့ရှိနေပါပြီ။

[Zawgyi]

ျပင္သစ္နာမည္ေက်ာ္ကစားသမား ဘာေပဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ
အာဂ်င္တီးနားကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ၿပီး ခ်န္ပီယံဆုနဲ႔
လြဲေခ်ာ္ခဲ့ေပမယ့္ သြင္းဂိုးစံခ်ိန္မွတ္တမ္းေတြနဲ႔အတူ ေ႐ႊဖိနပ္ဆုကိုလည္း
ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မိနစ္(၈၀)မွာ ပယ္နယ္တီကေန ပထမေခ်ပဂိုး၊ စကၠန႔္အပိုင္းအၾကာမွာပဲ သူရမ္ရဲ႕
ဖန္တီးမႈကေန ဘာေပ ဒုတိယေခ်ပဂိုးသြင္းခဲ့ၿပီး (၉၇)စကၠန႔္အတြင္း (၂)ဂိုး

သြင္းယူခဲ့တာျဖစ္သလို ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉး ေရာ္နယ္လ္ဒို(၂၀၀၂ – ဂ်ာမနီ)
ေနာက္ပိုင္း ကမၻ့ာဖလားဗိုလ္လုပြဲတစ္ပြဲမွာ (၂)ဂိုးသြင္းယူႏိုင္တဲ့ ကစားသမား
အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒ့ါအျပင္ ဘာေပဟာ အခ်ိန္ပို (၁၁၈)မိနစ္မွာလည္း ဟက္ထရစ္ျဖစ္မယ့္ဂိုးကို
ပယ္နယ္တီကေန သြင္းယူခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အဂၤလန္ဂႏၴဝင္
တိုက္စစ္မႉး ေဂ်ာ့ခ်္ဟတ္စ္ (၁၉၆၆)နဲ႔အတူ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္
သြင္းႏိုင္တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္ ရပ္တည္ႏိုင္ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ဘာေပဟာ ၂၀၁၈၊ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲ(၂)ပြဲမွာ (၄)ဂိုးအထိ
သြင္းယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ သြင္းဂိုးအမ်ားဆုံး

ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့လို႔ နာမည္ေက်ာ္ကစားသမား

မက္ဆီကို (၁)ဂိုးအသာနဲ႔ေက်ာ္ျဖတ္ၿပီး ဘာေပက သြင္းဂိုးအမ်ားဆုံး
ေ႐ႊဖိနပ္ဆုကို ပထမဆုံးအႀကိမ္ ပိုင္ဆိုင္ခဲ့ပါတယ္။

ျပင္သစ္အသင္းနဲ႔အတူ ကမာၻ႔ဖလား(၂)ႀကိမ္သာ ကစားအၿပီးမွာပဲ ဘာေပဟာ
ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ
ဘရာဇီးလ္ဂႏၴဝင္ႀကီးပီလီနဲ႔အတူ (၁၂)ဂိုးနဲ႔ အဆင့္(၆)ေနရာ ပူးတြဲရပ္တည္ေနၿပီး
သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားတဲ့ ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉး
ကလိုေဆးရဲ႕ (၁၆)ဂိုးစံခ်ိန္ကို အနာဂတ္မွာ ခ်ိဳးဖ်က္ႏိုင္ဖို႔ရွိေနပါၿပီ။