စံချိန်တင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်သုံးစွဲမှုဆီ ဦးတည်နေတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ရဲ့လက်ရှိနွေဈေးကွက်အပြောင်းအရွှေ့ဟာ သမိုင်းတစ်လျှောက် ငွေကြေးသုံးစွဲမှုအများဆုံးအဖြစ် စံချိန်တင်ဖို့ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက

ဖေါ်ပြပါတယ်။ နွေဈေးကွက်ပိတ်ဖို့က သီတင်း ၃ ပတ်လောက် လိုပါသေးတယ်။ ပရီးမီးယားလိဂ်အသင်းတွေရဲ့လက်ရှိ ငွေကြေးသုံးစွဲမှုက ပေါင် ၁.၂၂ ဘီလီယံကျော်နေပါပြီ။ ဒါကြောင့် ၂၀၁၇ တုန်းက

စံချိန်တင်ထားတဲ့ ပေါင် ၁.၄၃ ပမာဏကို ကျော်ဖြတ်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ အထူးသဖြင့် မန်စီးတီး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ နွေဈေးကွက်အသုံးစရိတ်က ပေါင် သန်း ၁၀၀ ကျော်စီရှိနေတာပါ။

ဟာလန်း၊ ဒါဝင်နူနက်ဇ်နဲ့ ကူကူရယ်လာတို့အတွက် ပြောင်းရွှေ့ကြေးအမြောက်အများ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ ဘရိုက်တန်ကနေ ချဲလ်ဆီးခေါ်ယူလိုက်တဲ့ နောက်ခံလူကူကူရယ်လာဆိုရင် ၇ ဦးမြောက်

ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူဖြစ်လာသလို ဒီနွေမှာ ပရီးမီးယားလိဂ်ရဲ့ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့အထက် စတုတ္ထမြောက်ကစားသမားအပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကစားသမားသစ်အားဖြည့်ဖို့ လိုအပ်နေသေးတဲ့အသင်းတွေကြောင့် ဈေးကွက်သုံးစွဲမှုနှုန်းက ဆက်လက်မြင့်တက်လာဖို့ရှိနေပါတယ်။ နာမည်ကြီးမန်ယူဆိုရင် တိုက်စစ်နဲ့ကွင်းလယ်ကို

အားဖြည့်ဖို့ကြိုးစားနေပါတယ်။ ပေါင် သန်း ၄၀ တန်ဖိုးရှိတဲ့ ဘာစီလိုနာရဲ့ဒီဂျောင်ကို သရဲနီတွေလိုက်နေပြီး ချဲလ်ဆီးကလည်း လက်စတာနောက်ခံလူ ဖိုဖာနာကို ပေါင် ၈၅ သန်းနဲ့ခေါ်ယူဖို့ကြိုးစားနေတာကြောင့် စံချိန်ဟောင်းကိုကျော်ဖြတ်သွားနိုင်တယ်လို့ သုံးသပ်နေကြတာပါ။

(zawgyi)

ပရီးမီးယားလိဂ္ရဲ႕လက္ရွိေႏြေဈးကြက္အေျပာင္းအေ႐ႊ႕ဟာ သမိုင္းတစ္ေလွ်ာက္ ေငြေၾကးသုံးစြဲမႈအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ဖို႔ရွိေနတယ္လို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။

ေႏြေဈးကြက္ပိတ္ဖို႔က သီတင္း ၃ ပတ္ေလာက္ လိုပါေသးတယ္။ ပရီးမီးယားလိဂ္အသင္းေတြရဲ႕လက္ရွိ ေငြေၾကးသုံးစြဲမႈက ေပါင္ ၁.၂၂ ဘီလီယံေက်ာ္ေနပါၿပီ။ ဒါေၾကာင့္ ၂၀၁၇ တုန္းက စံခ်ိန္တင္ထားတဲ့

ေပါင္ ၁.၄၃ ပမာဏကို ေက်ာ္ျဖတ္သြားႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ အထူးသျဖင့္ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ရဲ႕ ေႏြေဈးကြက္အသုံးစရိတ္က ေပါင္ သန္း ၁၀၀ ေက်ာ္စီရွိေနတာပါ။

ဟာလန္း၊ ဒါဝင္ႏူနက္ဇ္နဲ႔ ကူကူရယ္လာတို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးအေျမာက္အမ်ား သုံးစြဲခဲ့ၾကတာျဖစ္ပါတယ္။ ဘ႐ိုက္တန္ကေန ခ်ဲလ္ဆီးေခၚယူလိုက္တဲ့ ေနာက္ခံလူကူကူရယ္လာဆိုရင္ ၇ ဦးေျမာက္

ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ေနာက္ခံလူျဖစ္လာသလို ဒီေႏြမွာ ပရီးမီးယားလိဂ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၆၀ နဲ႔အထက္ စတုတၳေျမာက္ကစားသမားအေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ကစားသမားသစ္အားျဖည့္ဖို႔ လိုအပ္ေနေသးတဲ့အသင္းေတြေၾကာင့္ ေဈးကြက္သုံးစြဲမႈႏႈန္းက ဆက္လက္ျမင့္တက္လာဖို႔ရွိေနပါတယ္။ နာမည္ႀကီးမန္ယူဆိုရင္ တိုက္စစ္နဲ႔ကြင္းလယ္ကို အားျဖည့္ဖို႔ႀကိဳးစားေနပါတယ္။

ေပါင္ သန္း ၄၀ တန္ဖိုးရွိတဲ့ ဘာစီလိုနာရဲ႕ဒီေဂ်ာင္ကို သရဲနီေတြလိုက္ေနၿပီး ခ်ဲလ္ဆီးကလည္း လက္စတာေနာက္ခံလူ ဖိုဖာနာကို ေပါင္ ၈၅ သန္းနဲ႔ေခၚယူဖို႔ႀကိဳးစားေနတာေၾကာင့္ စံခ်ိန္ေဟာင္းကိုေက်ာ္ျဖတ္သြားႏိုင္တယ္လို႔ သုံးသပ္ေနၾကတာပါ။