စံချိန်တင်ဂိုးသွင်းပြီးနောက် ကိုလာဘူးကို volley ကန်ပြလိုက်တဲ့ ဟယ်ရီကိန်း

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်

တစ်ခုကိုရရှိခဲ့ပြီးနောက် လေထဲဝဲပျံလာတဲ့ကိုလာဘူးကို volley ကန်ချက်နဲ့

ကန်ပြပြီးအောင်ပွဲခံခဲ့ကြောင်းသိရပါတယ်။

ဘရိုက်တန်နဲ့အဝေးကွင်းကစားခဲ့တဲ့ပွဲမှာ ကိန်းဟာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့်

၅၇ မိနစ်မှာအသင်းအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူပေးခဲ့သူပါ။

ဒီဂိုးကြောင့် ကိန်းဟာ ပရီးမီးယားလိဂ်မှာအဝေးကွင်း ၅၉ ဂိုးမြောက်ကိုရရှိသွားခဲ့ပြီး

အရင်ကအများဆုံးဖြစ်တဲ့ ဝိန်းရူနီကိုကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့တာပါ။

ဒါပေမယ့်သူကအဝေးကွင်းမှာ ၂၄၃ ပွဲကစားခဲ့ပြီး ကိန်းကတော့ ၁၃၉ ပွဲသာ

ကစားခဲ့လို့ ရူနီထက် ၁၀၄ ပွဲပိုနည်းပြီး ဒီစံချိန်ကိုရရှိခဲ့တာပါ။

သူဟာပြိုင်ပွဲအရပ်ရပ်ကြည့်ရင် အိမ်ကွင်းရော အဝေးကွင်းမှာပါ

၁၂၁ ဂိုးစီသွင်းထားပြီး နောက်တစ်ဂိုးကိုတော့ကြားကွင်းမှာသွင်းခဲ့တာပါ။

ဘရိုက်တန်နဲ့ပွဲမှာသူဂိုးသွင်းပြီးနောက်အောင်ပွဲခံဖို့အတွက် ပြေးသွားချိန်မှာ

စပါးပရိသတ်ထဲကလို့ဘဲယူဆရသူတစ်ဦးက ကိုလာ ဘူးကိုပစ်ပေါက်ပြီး

အောင်ပွဲခံခဲ့ပါတယ်။ ဒီဘူးက ဝဲပျံလာပြီး သူ့အနားမှာကျတော့မယ့်အချိန်မှာ

ကိန်းက ဒါကိုဘယ်ဘက်ခြေထောက်နဲ့ ကရာတေးသမားတစ်ဦးလို ကန်ပြပြီး

အောင်ပွဲခံလိုက်လို့ ပရိသတ်တွေကအကြီးအကျယ်သဘောကျခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက” အိုး..ဟယ်ရီကိန်းဟာ စံချိန်တင်ဂိုးသွင်းပြီးနောက်

ငါ့ရဲ့ကိုလာဘူးကို volley ကန်ပြလိုက်တယ်လို့ ပြောနိုင်ပြီပေါ့” လို့ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း”ကိုလာဘူးကို လှပသွားစေခဲ့တဲ့ ကိန်းရဲ့လေထဲက

volley ကန်ချက်ကသဘောကျစရာဘဲ”၊ ” ကိုလာဘူးကို ကိန်းက

ကရာတေးကစ်နဲ့ကန်ခဲ့တာကို တွေ့လိုက်ကြတယ်မဟုတ်လား။

ဒီဘူးကိုတစ်စဆီ ဖြစ်အောင်သူမလုပ်နိုင်တာကိုတော့ နည်းနည်းအံဩရတယ်” လို့

ပြောသွားပါတယ်။ နောက်ထပ်တွစ်တာသုံးတဲ့သူတစ်ဦးကတော့

ကိန်းရဲ့ကန်ချက်ကို ၂၀၀၀ ပြည့်နှစ်တုန်းက ဝင်ဘယ်လ်ဒန်နဲ့ပွဲမှာ

ဝက်စ်ဟမ်းက ဒီကာနီယို ရဲ့ဂိုးကန်သွင်းချက်နဲ့နှိုင်းယှဉ်ခဲ့ပါတယ်။

zawgyi

စံခ်ိန္တင္ဂိုးသြင္းၿပီးေနာက္ ကိုလာဘူးကို volley ကန္ျပလိုက္တဲ့ ဟယ္ရီကိန္း

စပါးအသင္းတိုက္စစ္မႉး ဟာရီကိန္းဟာပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္

တစ္ခုကိုရရွိခဲ့ၿပီးေနာက္ ေလထဲဝဲပ်ံလာတဲ့ကိုလာဘူးကို volley ကန္ခ်က္နဲ႔

ကန္ျပၿပီးေအာင္ပြဲခံခဲ့ေၾကာင္းသိရပါတယ္။

ဘ႐ိုက္တန္နဲ႔အေဝးကြင္းကစားခဲ့တဲ့ပြဲမွာ ကိန္းဟာ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္

၅၇ မိနစ္မွာအသင္းအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူေပးခဲ့သူပါ။

ဒီဂိုးေၾကာင့္ ကိန္းဟာ ပရီးမီးယားလိဂ္မွာအေဝးကြင္း ၅၉ ဂိုးေျမာက္ကိုရရွိသြားခဲ့ၿပီး

အရင္ကအမ်ားဆုံးျဖစ္တဲ့ ဝိန္း႐ူနီကိုေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္ခဲ့တာပါ။

ဒါေပမယ့္သူကအေဝးကြင္းမွာ ၂၄၃ ပြဲကစားခဲ့ၿပီး ကိန္းကေတာ့ ၁၃၉ ပြဲသာ

ကစားခဲ့လို႔ ႐ူနီထက္ ၁၀၄ ပြဲပိုနည္းၿပီး ဒီစံခ်ိန္ကိုရရွိခဲ့တာပါ။

သူဟာၿပိဳင္ပြဲအရပ္ရပ္ၾကည့္ရင္ အိမ္ကြင္းေရာ အေဝးကြင္းမွာပါ

၁၂၁ ဂိုးစီသြင္းထားၿပီး ေနာက္တစ္ဂိုးကိုေတာ့ၾကားကြင္းမွာသြင္းခဲ့တာပါ။

ဘ႐ိုက္တန္နဲ႔ပြဲမွာသူဂိုးသြင္းၿပီးေနာက္ေအာင္ပြဲခံဖို႔အတြက္ ေျပးသြားခ်ိန္မွာ

စပါးပရိသတ္ထဲကလို႔ဘဲယူဆရသူတစ္ဦးက ကိုလာ ဘူးကိုပစ္ေပါက္ၿပီး

ေအာင္ပြဲခံခဲ့ပါတယ္။ ဒီဘူးက ဝဲပ်ံလာၿပီး သူ႔အနားမွာက်ေတာ့မယ့္အခ်ိန္မွာ

ကိန္းက ဒါကိုဘယ္ဘက္ေျခေထာက္နဲ႔ ကရာေတးသမားတစ္ဦးလို ကန္ျပၿပီး

ေအာင္ပြဲခံလိုက္လို႔ ပရိသတ္ေတြကအႀကီးအက်ယ္သေဘာက်ခဲ့ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက” အိုး..ဟယ္ရီကိန္းဟာ စံခ်ိန္တင္ဂိုးသြင္းၿပီးေနာက္

ငါ့ရဲ႕ကိုလာဘူးကို volley ကန္ျပလိုက္တယ္လို႔ ေျပာႏိုင္ၿပီေပါ့” လို႔ဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း”ကိုလာဘူးကို လွပသြားေစခဲ့တဲ့ ကိန္းရဲ႕ေလထဲက

volley ကန္ခ်က္ကသေဘာက်စရာဘဲ”၊ ” ကိုလာဘူးကို ကိန္းက

ကရာေတးကစ္နဲ႔ကန္ခဲ့တာကို ေတြ႕လိုက္ၾကတယ္မဟုတ္လား။

ဒီဘူးကိုတစ္စဆီ ျဖစ္ေအာင္သူမလုပ္ႏိုင္တာကိုေတာ့ နည္းနည္းအံဩရတယ္” လို႔

ေျပာသြားပါတယ္။ ေနာက္ထပ္တြစ္တာသုံးတဲ့သူတစ္ဦးကေတာ့

ကိန္းရဲ႕ကန္ခ်က္ကို ၂၀၀၀ ျပည့္ႏွစ္တုန္းက ဝင္ဘယ္လ္ဒန္နဲ႔ပြဲမွာ

ဝက္စ္ဟမ္းက ဒီကာနီယို ရဲ႕ဂိုးကန္သြင္းခ်က္နဲ႔ႏႈိင္းယွဥ္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*