စူပါဟက်ထရစ်ရှင် ဒါဝင်နူနက်ဇ်ကို ဖာနန်ဒိုတောရက်စ်နဲ့နှိုင်းပြီး လီဗာပူးလ်ပရိသတ်တွေ ချီးကျူးနေကြ

လီဗာပူးလ်ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲတွေမှာ အပိုင်အခွင့်အရေးတွေဖြုန်းတီးခဲ့တာကြောင့် ဝေဖန်ခဲ့ကြတဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်အပေါ်

အမြင်တွေပြောင်းကုန်ကြပြီဖြစ်ပါတယ်။ လေ့ကျင့်ကွင်းကစပြီး မိုးပေါ်ချည်းပဲထောင်ကန်နေတဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ တီမိုဝါနာနဲ့နှိုင်းပြီး နောက်ပြောင်ခံခဲ့ရသလို ဒါမဝင်နူနက်ဇ်လို့လည်း

နာမည်ပြောင်ပေးတာခံခဲ့ရတာပါ။ ဒါပေမဲ့ မနေ့ညက လစ်ပ်ဇစ်ကို ၅ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာတော့ နူနက်ဇ်ဟာ တစ်ဦးတည်း ၄ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တာဖြစ်ပေမယ့်

မိနစ် ၂၀ အတွင်း ဟက်ထရစ်သွင်းနိုင်ခဲ့သလို ပွဲပြီးကာနီးမှာ သူ့ရဲ့စတုတ္ထမြောက်ဂိုးကို သွင်းနိုင်ခဲ့တာပါ။ တနည်းအားဖြင့် ပေါင် ၈၅ သန်းတန်တိုက်စစ်မှူးဆိုတဲ့ ဖိအားတွေကို

အသက် ၂၃ နှစ်သားနူနက်ဇ် လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ ကြိုးကြာနီပရိသတ်တွေကတော့ “ သူက စစ်မှန်တဲ့ အဆုံးသတ်သမားပါ ” ၊

“ သူကစားပုံကို ဒီနေ့ အတော်လေး သဘောကျခဲ့ပါတယ်။ တကယ် အလုပ်လုပ်တဲ့သူပါ ” ၊ “ တောရက်စ်ပြန်ရောက်လာသလိုမျိုး ခံစားရတယ် ” ၊ “ မစ္စတာတောရက်စ်ပါပဲ ”

စတဲ့ မှတ်ချက်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဂုဏ်ပြုရေးသားနေကြပါတယ်။ နည်းပြဂျာဂင်ကလော့ပ်ကလည်း ဆိုရှယ်မီဒီယာတွေဟာ ကစားသမားသစ်တွေအတွက် အဆင်မပြေစေကြောင်း၊

အလျင်စလိုနိုင်ကြောင်း၊ အခုလို ခြေစွမ်းမျိုးကသာ ဒါတွေကိုရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ နူနက်ဇ်ဟာ တခြားတိုက်စစ်မှူးတွေနဲ့မတူဘဲ တကယ်တော်တဲ့သူဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

လီဗာပူးလ္ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ အပိုင္အခြင့္အေရးေတြျဖဳန္းတီးခဲ့တာေၾကာင့္ ေဝဖန္ခဲ့ၾကတဲ့ တိုက္စစ္မႉးဒါဝင္ႏူနက္ဇ္အေပၚ

အျမင္ေတြေျပာင္းကုန္ၾကၿပီျဖစ္ပါတယ္။ ေလ့က်င့္ကြင္းကစၿပီး မိုးေပၚခ်ည္းပဲေထာင္ကန္ေနတဲ့ ဥ႐ုေဂြးတိုက္စစ္မႉးဟာ တီမိုဝါနာနဲ႔ႏႈိင္းၿပီး ေနာက္ေျပာင္ခံခဲ့ရသလို ဒါမဝင္ႏူနက္ဇ္လို႔လည္း

နာမည္ေျပာင္ေပးတာခံခဲ့ရတာပါ။ ဒါေပမဲ့ မေန႔ညက လစ္ပ္ဇစ္ကို ၅ ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာေတာ့ ႏူနက္ဇ္ဟာ တစ္ဦးတည္း ၄ ဂိုး သြင္းေပးႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွ လူစားဝင္လာခဲ့တာျဖစ္ေပမယ့္

မိနစ္ ၂၀ အတြင္း ဟက္ထရစ္သြင္းႏိုင္ခဲ့သလို ပြဲၿပီးကာနီးမွာ သူ႔ရဲ႕စတုတၳေျမာက္ဂိုးကို သြင္းႏိုင္ခဲ့တာပါ။ တနည္းအားျဖင့္ ေပါင္ ၈၅ သန္းတန္တိုက္စစ္မႉးဆိုတဲ့ ဖိအားေတြကို

အသက္ ၂၃ ႏွစ္သားႏူနက္ဇ္ ေလွ်ာ့ခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ ႀကိဳးၾကာနီပရိသတ္ေတြကေတာ့ “ သူက စစ္မွန္တဲ့ အဆုံးသတ္သမားပါ ” ၊ “ သူကစားပုံကို ဒီေန႔ အေတာ္ေလး သေဘာက်ခဲ့ပါတယ္။

တကယ္ အလုပ္လုပ္တဲ့သူပါ ” ၊ “ ေတာရက္စ္ျပန္ေရာက္လာသလိုမ်ိဳး ခံစားရတယ္ ” ၊ “ မစၥတာေတာရက္စ္ပါပဲ ” စတဲ့ မွတ္ခ်က္ေတြနဲ႔ ဆိုရွယ္မီဒီယာေပၚမွာ ဂုဏ္ျပဳေရးသားေနၾကပါတယ္။

နည္းျပဂ်ာဂင္ကေလာ့ပ္ကလည္း ဆိုရွယ္မီဒီယာေတြဟာ ကစားသမားသစ္ေတြအတြက္ အဆင္မေျပေစေၾကာင္း၊ အလ်င္စလိုႏိုင္ေၾကာင္း၊ အခုလို ေျခစြမ္းမ်ိဳးကသာ

ဒါေတြကိုရပ္တန႔္ဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ေၾကာင္း၊ ႏူနက္ဇ္ဟာ တျခားတိုက္စစ္မႉးေတြနဲ႔မတူဘဲ တကယ္ေတာ္တဲ့သူျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။