စူပါလင်ဂတ်ကို ငွေစက္ကူအတုတွေနဲ့ပစ်ပေါက်ဖို့ ဝက်စ်ဟမ်းပရိသတ်တွေ စီစဉ်နေ

ပရီးမီးယားလိဂ်ကိုတန်းတက်လာတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဆီ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းပရိသတ်တွေ

ဒေါသထွက်နေကြပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ မန်ယူနဲ့စာချုပ်ပြည့်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ရာသီတုန်းက အငှားနဲ့ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းကို ပြန်မသွားဘဲ နော်တင်ဟမ်ကိုရွေးချယ်ခဲ့တာပါ။

တန်းတက်အသင်းမှာ အခြေခံလစာ တစ်ပတ် ပေါင် ၈၀၀၀၀ နဲ့ အပိုဆုကြေးတွေရမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ လင်ဂတ်ရဲ့ဆုံးဖြတ်ချက်ဟာ ဝက်စ်ဟမ်းပရိသတ်တွေအတွက်တော့

ဒေါသထွက်စရာဖြစ်ခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့ နော်တင်ဟမ်အတွက် အင်္ဂလန်သားရဲ့ပွဲဦးထွက်အိမ်ကွင်းပွဲစဉ်မှာ သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်ဖို့စီစဉ်နေကြတာပါ။

အဲဒါကတော့ အသက် ၂၉ နှစ်အရွယ်ကစားသမားကို ငွေစက္ကူအတုတွေနဲ့ ပစ်ပေါက်ဖို့ပါပဲ။ Whucentre လို့အမည်ရတဲ့ ဝက်စ်ဟမ်းပရိသတ်အဖွဲ့က သူတို့ရဲ့တွစ်တာမှာ ဒီအစီအစဉ်ကိုဖေါ်ပြထားပြီး

တခြားဟမ်းမားပရိသတ်တွေကိုလည်း ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအဖွဲ့ဟာ Amazon ရဲ့ငွေစက္ကူအတုအသေးစိတ်ပုံကို စခရင်ရှော့နဲ့မျှဝေခဲ့တာဖြစ်ပြီး

“ ဖောရက်စ်ကိုသွားတဲ့ ဘယ်သူ့ကိုမဆို ဘာလုပ်ရမယ်ဆိုတာ မင်းသိပါတယ် ” လို့လည်း ရေးသားထားပါတယ်။ လင်ဂတ်ဟာ ဖောရက်စ်ရဲ့နွေဈေးကွက် ၁၁ ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့တာပါ။

၂၀၂၀-၂၁ ရာသီတုန်းက သူတို့ဆီမှာ အငှားနဲ့လာရောက်ခြေစွမ်းပြနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းကလည်း ချဉ်းကပ်ခဲ့ပေမယ့် ဖောရက်စ်လို ကမ်းလှမ်းမှုမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။

(zawgyi)

ပရီးမီးယားလိဂ္ကိုတန္းတက္လာတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းဆီ တစ္ပတ္လုပ္ခ ေပါင္ ၁၂၀၀၀၀ နဲ႔ေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ခဲ့တဲ့ လင္ဂတ္ကို ဝက္စ္ဟမ္းပရိသတ္ေတြ ေဒါသထြက္ေနၾကပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဟာ မန္ယူနဲ႔စာခ်ဳပ္ျပည့္ခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့ရာသီတုန္းက အငွားနဲ႔ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းကို ျပန္မသြားဘဲ ေနာ္တင္ဟမ္ကိုေ႐ြးခ်ယ္ခဲ့တာပါ။

တန္းတက္အသင္းမွာ အေျခခံလစာ တစ္ပတ္ ေပါင္ ၈၀၀၀၀ နဲ႔ အပိုဆုေၾကးေတြရမယ့္ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ လင္ဂတ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ဝက္စ္ဟမ္းပရိသတ္ေတြအတြက္ေတာ့

ေဒါသထြက္စရာျဖစ္ခဲ့ၿပီး ၾသဂုတ္လ ၁၄ ရက္ေန႔ ေနာ္တင္ဟမ္အတြက္ အဂၤလန္သားရဲ႕ပြဲဦးထြက္အိမ္ကြင္းပြဲစဥ္မွာ သူတို႔ရဲ႕ခံစားခ်က္ကို ထုတ္ေဖာ္ဖို႔စီစဥ္ေနၾကတာပါ။ အဲဒါကေတာ့ အသက္ ၂၉ ႏွစ္အ႐ြယ္ကစားသမားကို

ေငြစကၠဴအတုေတြနဲ႔ ပစ္ေပါက္ဖို႔ပါပဲ။ Whucentre လို႔အမည္ရတဲ့ ဝက္စ္ဟမ္းပရိသတ္အဖြဲ႕က သူတို႔ရဲ႕တြစ္တာမွာ ဒီအစီအစဥ္ကိုေဖၚျပထားၿပီး တျခားဟမ္းမားပရိသတ္ေတြကိုလည္း

ပါဝင္ပူးေပါင္းၾကဖို႔ တိုက္တြန္းထားပါတယ္။ ဒီအဖြဲ႕ဟာ Amazon ရဲ႕ေငြစကၠဴအတုအေသးစိတ္ပုံကို စခရင္ေရွာ့နဲ႔မွ်ေဝခဲ့တာျဖစ္ၿပီး “ ေဖာရက္စ္ကိုသြားတဲ့ ဘယ္သူ႔ကိုမဆို

ဘာလုပ္ရမယ္ဆိုတာ မင္းသိပါတယ္ ” လို႔လည္း ေရးသားထားပါတယ္။ လင္ဂတ္ဟာ ေဖာရက္စ္ရဲ႕ေႏြေဈးကြက္ ၁၁ ဦးေျမာက္ ကစားသမားေခၚယူမႈျဖစ္ခဲ့တာပါ။

၂၀၂၀-၂၁ ရာသီတုန္းက သူတို႔ဆီမွာ အငွားနဲ႔လာေရာက္ေျခစြမ္းျပႏိုင္ခဲ့တဲ့ လင္ဂတ္ကို ဝက္စ္ဟမ္းကလည္း ခ်ဥ္းကပ္ခဲ့ေပမယ့္ ေဖာရက္စ္လို ကမ္းလွမ္းမႈမ်ိဳးေတာ့ မလုပ္ႏိုင္ခဲ့ပါဘူး။