





ဖီနာဘာချီနဲ့ ဘာဆာစပေါတို့ ကစားခဲ့တဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ ပွဲကြည့်စင်ပေါ်ကနေ
စီးကရက်ကို ဟန်ပါပါခဲနေတဲ့ကလေးတစ်ယောက်ရဲ့ အပြုအမူက လူမှုကွန်ရက်





အသုံးပြုသူတွေအကြား ပွက်လောရိုက်သွားခဲ့ဖူးပေမယ့် အခုအချိန်မှာတော့
သူဟာ ကလေးငယ်တစ်ယောက်မဟုတ်ဘဲ အသက် ၃၉ နှစ် ရှိနေတဲ့သက်ကြီးပု
တစ်ဦးဖြစ်တယ်ဆိုတာကို အားလုံးက သိရှိသွားကြပါပြီ။





၂၀၁၉ စက်တင်ဘာ ၈ က ဖီနာဘာချီ ၁-၂ ဘာဆာစပေါတို့ရဲ့ပွဲမှာ
ဘာဆာစပေါအင်္ကျီကို ဝတ်၊ လည်စီးပတ်ထားပြီး ဆေးလိပ်ခဲနေတဲ့ကလေးငယ်ရဲ့





ပုံရိပ်က အားလုံးကို စိတ်ရှုပ်ထွေးသွားစေခဲ့တာပါ။ မြင်ရသူူတိုင်းက ကလေးတစ်ဦး
ဆေးလိပ်သောက်နေတယ်လို့ပဲ ထင်ခဲ့ကြတာပါ။ အဲ့ဒိပွဲဟာ ကင်ဆာဝေဒနာရှင်တွေ၊
အော်တစ်ဆင်ဝေဒနာရှင်တွေ၊သွေးကင်ဆာဝေဒနာရှင်တွေအတွက်





ရန်ပုံငွေရှာပေးတဲ့ပွဲလည်း ဖြစ်ပြီးပွဲရဲ့ ရည်ရွယ်ချက်နဲ့ ကလေးငယ်ရဲ့ ဆေးလိပ်
သောက်နေတဲ့ပုံရိပ်က ဆီလျော်မှုမရှိဖြစ်ခဲ့လို့ ဝေဖန်၊ သုံးသပ်မှုမျိုးစုံထွက်ပေါ်ခဲ့တာပါ။





အဲ့ဒိလိုမျိုး ပရိသတ်တွေ၊ Youtube ကြည့်ရူသူ့တွေ၊ Twitter အသုံးပြုသူတွေကို
ထင်ယောင်ထင်မှားဖြစ်စေခဲ့သူကတော့ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Cocuk ကူကက်အမည်ရ
ဘာဆာစပေါ ပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာကို အခုချိန်မှာ အားလုံးက သိရှိသွားကြပါပြီ။





သူ့ဘေးနားက ပွဲကြည့်နေသူကလည်း သူ့ရဲ့သားဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြပါတယ်။
ကူကက်ဟာ အဲ့ဒိတုန်းကလည်း တူရကီအစိုးရက ပြဌာန်းထားတဲ့ အများပြည်သူတွေ





ရှိတဲ့နေရာမှာ ဆေးလိပ်မသောက်ရတဲ့ ဥပဒေကို ချိုးဖောက်ခဲ့လို့ ၁၃ ပေါင်
ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။ သက်ကြီးပု ဖြစ်တာကတော့ ပြသာနာမဟုတ်ပါဘူး။
ဒါပေမယ့် အများပြည်သူပိုင်နေရာမှာ ဆေးလိပ်သောက်ခဲ့တာနဲ့ အားလုံးကို





ဝေဝါးသွားစေခဲ့တာကတော့ ပြသာနာပဲ ဖြစ်ပါတယ်။
zawgyi





စီးကရက္ခဲေနတဲ့ ကေလးေၾကာင့္ ဂယက္ထသြားခဲ့တဲ့ ကင္ဆာ ရန္ပုံေငြပြဲ
ဖီနာဘာခ်ီနဲ႔ ဘာဆာစေပါတို႔ ကစားခဲ့တဲ့ ရန္ပုံေငြပြဲတစ္ပြဲမွာ ပြဲၾကည့္စင္ေပၚကေန
စီးကရက္ကို ဟန္ပါပါခဲေနတဲ့ကေလးတစ္ေယာက္ရဲ႕ အျပဳအမူက လူမႈကြန္ရက္





အသုံးျပဳသူေတြအၾကား ပြက္ေလာ႐ိုက္သြားခဲ့ဖူးေပမယ့္ အခုအခ်ိန္မွာေတာ့
သူဟာ ကေလးငယ္တစ္ေယာက္မဟုတ္ဘဲ အသက္ ၃၉ ႏွစ္ ရွိေနတဲ့သက္ႀကီးပု





တစ္ဦးျဖစ္တယ္ဆိုတာကို အားလုံးက သိရွိသြားၾကပါၿပီ။
၂၀၁၉ စက္တင္ဘာ ၈ က ဖီနာဘာခ်ီ ၁-၂ ဘာဆာစေပါတို႔ရဲ႕ပြဲမွာ
ဘာဆာစေပါအက်ႌကို ဝတ္၊ လည္စီးပတ္ထားၿပီး ေဆးလိပ္ခဲေနတဲ့ကေလးငယ္ရဲ႕





ပုံရိပ္က အားလုံးကို စိတ္ရႈပ္ေထြးသြားေစခဲ့တာပါ။ ျမင္ရသူူတိုင္းက ကေလးတစ္ဦး
ေဆးလိပ္ေသာက္ေနတယ္လို႔ပဲ ထင္ခဲ့ၾကတာပါ။ အဲ့ဒိပြဲဟာ ကင္ဆာေဝဒနာရွင္ေတြ၊





ေအာ္တစ္ဆင္ေဝဒနာရွင္ေတြ၊ေသြးကင္ဆာေဝဒနာရွင္ေတြအတြက္
ရန္ပုံေငြရွာေပးတဲ့ပြဲလည္း ျဖစ္ၿပီးပြဲရဲ႕ ရည္႐ြယ္ခ်က္နဲ႔ ကေလးငယ္ရဲ႕ ေဆးလိပ္
ေသာက္ေနတဲ့ပုံရိပ္က ဆီေလ်ာ္မႈမရွိျဖစ္ခဲ့လို႔ ေဝဖန္၊ သုံးသပ္မႈမ်ိဳးစုံထြက္ေပၚခဲ့တာပါ။





အဲ့ဒိလိုမ်ိဳး ပရိသတ္ေတြ၊ Youtube ၾကည့္႐ူသူ႔ေတြ၊ Twitter အသုံးျပဳသူေတြကို
ထင္ေယာင္ထင္မွားျဖစ္ေစခဲ့သူကေတာ့ အသက္ ၃၉ ႏွစ္ရွိၿပီျဖစ္တဲ့ Cocuk ကူကက္အမည္ရ





ဘာဆာစေပါ ပရိသတ္တစ္ဦးျဖစ္တယ္ဆိုတာကို အခုခ်ိန္မွာ အားလုံးက သိရွိသြားၾကပါၿပီ။
သူ႔ေဘးနားက ပြဲၾကည့္ေနသူကလည္း သူ႔ရဲ႕သားျဖစ္တယ္လို႔ အတည္ျပဳႏိုင္ခဲ့ၾကပါတယ္။
ကူကက္ဟာ အဲ့ဒိတုန္းကလည္း တူရကီအစိုးရက ျပဌာန္းထားတဲ့ အမ်ားျပည္သူေတြ





ရွိတဲ့ေနရာမွာ ေဆးလိပ္မေသာက္ရတဲ့ ဥပေဒကို ခ်ိဳးေဖာက္ခဲ့လို႔ ၁၃ ေပါင္
ဒဏ္႐ိုက္ခံခဲ့ရပါေသးတယ္။ သက္ႀကီးပု ျဖစ္တာကေတာ့ ျပသာနာမဟုတ္ပါဘူး။





ဒါေပမယ့္ အမ်ားျပည္သူပိုင္ေနရာမွာ ေဆးလိပ္ေသာက္ခဲ့တာနဲ႔ အားလုံးကို
ေဝဝါးသြားေစခဲ့တာကေတာ့ ျပသာနာပဲ ျဖစ္ပါတယ္။
Leave a Reply