စီရော်နယ်လ်ဒို ဝမ်းနည်းတကြီးငိုခဲ့တဲ့ မြင်ကွင်းအပေါ် ဂယ်ရီနဗီးလ် စိတ်မကောင်းဖြစ်နေ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က ပေါ်တူဂီအသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အချိန်မှာ စီရော်နယ်လ်ဒိုတစ်ယောက်
ဝမ်းနည်းတကြီးငိုနေတာကို မြင်တွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့
ဝန်ခံပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်ချက်ထားခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်ပွဲမှာ
မော်ရိုကိုအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

အဲဒီပွဲအပြီး အဝတ်လဲခန်းထဲသွားတဲ့လမ်းမှာ စီရော်နယ်လ်ဒိုဟာ ဟန်မဆောင်
နိုင်လောက်အောင် ဝမ်းနည်းတကြီးငိုကြွေးခဲ့ပြီး ဒီမြင်ကွင်းကို ဂယ်ရီနဗီးလ်က
စိတ်မကောင်းဖြစ်နေတာပါ။

ဂယ်ရီနဗီးလ်က “စီရော်နယ်လ်ဒိုဟာ အဝတ်လဲခန်းထဲမှာ ဝမ်းနည်းတကြီးငိုနေတဲ့ ဓာတ်ပုံကို
ကျွန်တော်မြင်တွေ့ခဲ့ရပြီး တကယ်စိတ်မကောင်းဖြစ်စရာ မြင်ကွင်းပါပဲ။ သူ မျှော်လင့်ခဲ့ရတဲ့

ကမ္ဘာ့ဖလားချန်ပီယံအိပ်မက် အဆုံးသတ်သွားပြီလို့ သိလိုက်ရချိန်မှာ စီရော်နယ်လ်ဒို
တော်တော်လေးစိတ်ထိခိုက်သွားမှာပါ။

ကိုယ်မျှော်လင့်ခဲ့တဲ့အရာတစ်ခုကို လက်လွှတ်လိုက်ရတဲ့အခြေအနေမျိုး ကျွန်တော်တို့လည်း
ဘောလုံးသမားဘ၀ အဆုံးသတ်ခါနီးမှာ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ စီရော်နယ်လ်ဒိုကို အဲဒီလိုပုံစံနဲ့
မြင်တွေ့လိုက်ရတာက တကယ်စိတ်မကောင်းဖြစ်ရသလို ပြီးခဲ့တဲ့လတွေအတွင်း သူဟာ
ခက်ခဲတဲ့အချိန်တွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူ ဂယ္ရီနဗီးလ္က ေပၚတူဂီအသင္း
ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒိုတစ္ေယာက္
ဝမ္းနည္းတႀကီးငိုေနတာကို ျမင္ေတြ႕ခဲ့ရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔

ဝန္ခံေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ

ခ်န္ပီယံဆုရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ထားခဲ့ေပမယ့္လည္း ကြာတားဖိုင္နယ္ပြဲမွာ
ေမာ္႐ိုကိုအသင္းကို မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

အဲဒီပြဲအၿပီး အဝတ္လဲခန္းထဲသြားတဲ့လမ္းမွာ စီေရာ္နယ္လ္ဒိုဟာ ဟန္မေဆာင္
ႏိုင္ေလာက္ေအာင္ ဝမ္းနည္းတႀကီးငိုေႂကြးခဲ့ၿပီး ဒီျမင္ကြင္းကို ဂယ္ရီနဗီးလ္က
စိတ္မေကာင္းျဖစ္ေနတာပါ။

ဂယ္ရီနဗီးလ္က “စီေရာ္နယ္လ္ဒိုဟာ အဝတ္လဲခန္းထဲမွာ ဝမ္းနည္းတႀကီးငိုေနတဲ့ ဓာတ္ပုံကို
ကြၽန္ေတာ္ျမင္ေတြ႕ခဲ့ရၿပီး တကယ္စိတ္မေကာင္းျဖစ္စရာ ျမင္ကြင္းပါပဲ။ သူ ေမွ်ာ္လင့္ခဲ့ရတဲ့
ကမာၻ႔ဖလားခ်န္ပီယံအိပ္မက္ အဆုံးသတ္သြားၿပီလို႔ သိလိုက္ရခ်ိန္မွာ စီေရာ္နယ္လ္ဒို
ေတာ္ေတာ္ေလးစိတ္ထိခိုက္သြားမွာပါ။

ကိုယ္ေမွ်ာ္လင့္ခဲ့တဲ့အရာတစ္ခုကို လက္လႊတ္လိုက္ရတဲ့အေျခအေနမ်ိဳး ကြၽန္ေတာ္တို႔လည္း
ေဘာလုံးသမားဘ၀ အဆုံးသတ္ခါနီးမွာ ရင္ဆိုင္ခဲ့ရဖူးပါတယ္။ စီေရာ္နယ္လ္ဒိုကို အဲဒီလိုပုံစံနဲ႔

ျမင္ေတြ႕လိုက္ရတာက တကယ္စိတ္မေကာင္းျဖစ္ရသလို ၿပီးခဲ့တဲ့လေတြအတြင္း သူဟာ
ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။