စီရော်နယ်လ်ဒို ရမယ့် လစာငွေထက် (၁၅)ဆအထိ ပိုချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ်

အယ်လ်နာဆာအသင်းကို (၂)နှစ်စာချုပ်နဲ့ ရောက်ရှိခဲ့ပြီး အသင်းမှာ စံချိန်တင်
လစာအဖြစ် (၁)နှစ်ကို ပေါင်(၆၂)သန်းအထိရရှိမှာဖြစ်သလို ပုံရိပ်အသုံးပြုခနဲ့
တခြားကြော်ငြာကဏ္ဍကနေ ရရှိမယ့်ဝင်ငွေအပါအဝင် ပေါင်(၁၇၃)သန်းအထိ
ပိုင်ဆိုင်မှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ လစာသီးသန့်ပဲ (၁)နှစ်ကို ပေါင်(၆၂)သန်းရမှာဖြစ်တာကြောင့်
ဒါက အားကစားသမားတွေထဲမှာ လစာငွေအကောင်းဆုံးအဖြစ် စံချိန်တင်နိုင်မှာ
ဖြစ်ပေမယ့် သူ့ထက် ပိုပြီး ဝင်ငွေများတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား

တစ်ဦးရှိနေပါသေးတယ်။

သူကတော့ ဘရူနိုင်းတော်ဝင်မိသားစုတစ်ဦးဖြစ်သူ ဖာအစ်ဘော်လ်ကီယာပဲ

ဖြစ်ပါတယ်။ အသက်(၂၄)နှစ်သာရှိသေးတဲ့ ဖာအစ်ဘော်လ်ကီယာဟာ ဘရူနိုင်း
တော်ဝင်မင်းသား ဂျက်ဖရီဘော်လ်ကီယာရဲ့ သားဖြစ်ပြီး လက်ရှိ ဘရူနိုင်းဘုရင်
ဖြစ်သူ ဟက်ဆန်နယ်လ်ဘောလ်ကီးယားရဲ့ ‘တူ’တော်စပ်ပါတယ်။

ဖာအစ်ဘော်လ်ကီယာရဲ့ ကြွယ်ဝချမ်းသာမှုက ပေါင်(၁၃)ဘီလီယံအထိရှိပြီး
ဒီပမာဏက အယ်လ်နာဆာအသင်းမှာ စီရော်နယ်လ်ဒိုရရှိမယ့် (၁)နှစ်လစာထက်
(၁၅)ဆအထိ ပိုများနေတာပါ။

ဘော်လ်ကီယာ တော်ဝင်မိသားစုဟာ ဘယ်လောက်အထိ ချမ်းသာကြွယ်ဝလဲဆိုရင်
ဖာအစ်ဘော်လ်ကီယာ အသက်(၇)နှစ်ပြည့်မွေးနေ့တုန်းက သူ့ဖခင်ဟာ နာမည်ကျော်
Pop အဆိုတော် မိုက်ကယ်ဂျက်ဆင်ကို သားဖြစ်သူရဲ့ မွေးနေ့မှာ သီးသန့်ငှားရမ်း

ဖျော်ဖြေခိုင်းခဲ့ပါတယ်။ ဖာအစ်ဘော်လ်ကီယာ ဇိမ်ခံကားတွေ၊ တန်ဖိုးကြီးနာရီတွေ
အပါအဝင် သူ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် (၁)လကို ပေါင်(၃၅)သန်းအထိ
အကုန်အကျခံ သုံးစွဲလေ့ရှိတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

ပရော်ဖက်ရှင်ဘောလုံးသမားတစ်ဦးအဖြစ် ရပ်တည်နေသူ ဖာအစ်ဘော်လ်ကီယာဟာ
စီရော်နယ်လ်ဒိုထက် ပိုချမ်းသာပေမယ့် တစ်ဦးချင်းအောင်မြင်မှုအပိုင်းမှာတော့
မိုးနဲ့မြေလို ကွာခြားနေပါတယ်။ ငယ်စဉ်ဘဝတုန်းက ဆောက်သမ်တန်၊ ချယ်လ်ဆီး၊
လက်စတာစတဲ့ ပရီးမီးယားလိဂ်နာမည်ကျော်ကလပ်တွေရဲ့ အကယ်ဒမီအသင်းတွေမှာ

လူငယ်ကစားသမားဘဝဖြတ်သန်းခဲ့ပြီး စီနီယာကစားသမားဘဝကိုတော့ ပေါ်တူဂီ
ကလပ် မာရီတီမိုအသင်းနဲ့အတူ စတင်ခဲ့ပါတယ်။

၂၀၂၁၊ ဒီဇင်ဘာလမှာတော့ ထိုင်း လိဂ်-၁ ကလပ် ချောင်ဘူရီအသင်းဆီပြောင်းရွှေ့ခဲ့ပြီး
ထိုင်းကလပ်အသင်းတစ်သင်းမှာ ကစားခွင့်ရတဲ့ ပထမဆုံး ဘရူနိုင်းဘောလုံးသမား
အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖာအစ်ဘော်လ်ကီယာဟာ ဘရူနိုင်းလက်ရွေးစင်
အသင်းအတွက် ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့ပြီး (၆)ပွဲကစား၊ (၁)ဂိုး
သွင်းခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီထိပ္သီးကလပ္
အယ္လ္နာဆာအသင္းကို (၂)ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိခဲ့ၿပီး အသင္းမွာ စံခ်ိန္တင္

လစာအျဖစ္ (၁)ႏွစ္ကို ေပါင္(၆၂)သန္းအထိရရွိမွာျဖစ္သလို ပုံရိပ္အသုံးျပဳခနဲ႔
တျခားေၾကာ္ျငာက႑ကေန ရရွိမယ့္ဝင္ေငြအပါအဝင္ ေပါင္(၁၇၃)သန္းအထိ
ပိုင္ဆိုင္မွာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ လစာသီးသန႔္ပဲ (၁)ႏွစ္ကို ေပါင္(၆၂)သန္းရမွာျဖစ္တာေၾကာင့္
ဒါက အားကစားသမားေတြထဲမွာ လစာေငြအေကာင္းဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္မွာ
ျဖစ္ေပမယ့္ သူ႔ထက္ ပိုၿပီး ဝင္ေငြမ်ားတဲ့ ကမာၻ႔အခ်မ္းသာဆုံး ေဘာလုံးသမား
တစ္ဦးရွိေနပါေသးတယ္။

သူကေတာ့ ဘ႐ူႏိုင္းေတာ္ဝင္မိသားစုတစ္ဦးျဖစ္သူ ဖာအစ္ေဘာ္လ္ကီယာပဲ
ျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္သာရွိေသးတဲ့ ဖာအစ္ေဘာ္လ္ကီယာဟာ ဘ႐ူႏိုင္း

ေတာ္ဝင္မင္းသား ဂ်က္ဖရီေဘာ္လ္ကီယာရဲ႕ သားျဖစ္ၿပီး လက္ရွိ ဘ႐ူႏိုင္းဘုရင္
ျဖစ္သူ ဟက္ဆန္နယ္လ္ေဘာလ္ကီးယားရဲ႕ ‘တူ’ေတာ္စပ္ပါတယ္။

ဖာအစ္ေဘာ္လ္ကီယာရဲ႕ ႂကြယ္ဝခ်မ္းသာမႈက ေပါင္(၁၃)ဘီလီယံအထိရွိၿပီး
ဒီပမာဏက အယ္လ္နာဆာအသင္းမွာ စီေရာ္နယ္လ္ဒိုရရွိမယ့္ (၁)ႏွစ္လစာထက္
(၁၅)ဆအထိ ပိုမ်ားေနတာပါ။

ေဘာ္လ္ကီယာ ေတာ္ဝင္မိသားစုဟာ ဘယ္ေလာက္အထိ ခ်မ္းသာႂကြယ္ဝလဲဆိုရင္
ဖာအစ္ေဘာ္လ္ကီယာ အသက္(၇)ႏွစ္ျပည့္ေမြးေန႔တုန္းက သူ႔ဖခင္ဟာ နာမည္ေက်ာ္
Pop အဆိုေတာ္ မိုက္ကယ္ဂ်က္ဆင္ကို သားျဖစ္သူရဲ႕ ေမြးေန႔မွာ သီးသန႔္ငွားရမ္း
ေဖ်ာ္ေျဖခိုင္းခဲ့ပါတယ္။ ဖာအစ္ေဘာ္လ္ကီယာ ဇိမ္ခံကားေတြ၊ တန္ဖိုးႀကီးနာရီေတြ

အပါအဝင္ သူ႔ရဲ႕ အသုံးအေဆာင္ပစၥည္းေတြအတြက္ (၁)လကို ေပါင္(၃၅)သန္းအထိ
အကုန္အက်ခံ သုံးစြဲေလ့ရွိတယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။

ပေရာ္ဖက္ရွင္ေဘာလုံးသမားတစ္ဦးအျဖစ္ ရပ္တည္ေနသူ ဖာအစ္ေဘာ္လ္ကီယာဟာ
စီေရာ္နယ္လ္ဒိုထက္ ပိုခ်မ္းသာေပမယ့္ တစ္ဦးခ်င္းေအာင္ျမင္မႈအပိုင္းမွာေတာ့
မိုးနဲ႔ေျမလို ကြာျခားေနပါတယ္။ ငယ္စဥ္ဘဝတုန္းက ေဆာက္သမ္တန္၊ ခ်ယ္လ္ဆီး၊
လက္စတာစတဲ့ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကလပ္ေတြရဲ႕ အကယ္ဒမီအသင္းေတြမွာ
လူငယ္ကစားသမားဘဝျဖတ္သန္းခဲ့ၿပီး စီနီယာကစားသမားဘဝကိုေတာ့ ေပၚတူဂီ

ကလပ္ မာရီတီမိုအသင္းနဲ႔အတူ စတင္ခဲ့ပါတယ္။

၂၀၂၁၊ ဒီဇင္ဘာလမွာေတာ့ ထိုင္း လိဂ္-၁ ကလပ္ ေခ်ာင္ဘူရီအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

ထိုင္းကလပ္အသင္းတစ္သင္းမွာ ကစားခြင့္ရတဲ့ ပထမဆုံး ဘ႐ူႏိုင္းေဘာလုံးသမား
အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဖာအစ္ေဘာ္လ္ကီယာဟာ ဘ႐ူႏိုင္းလက္ေ႐ြးစင္
အသင္းအတြက္ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အထိကစားခဲ့ၿပီး (၆)ပြဲကစား၊ (၁)ဂိုး
သြင္းခဲ့ပါတယ္။