စီရော်နယ်လ်ဒို မရှိပေမယ့် ယူနိုက်တက် အဆင့်(၄)အတွင်း ဝင်နိုင်မယ်လို့ မာစီယဲလ် ကြုံးဝါး

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်က သူတို့အသင်းဟာ

ပရီးမီးယားလိဂ်အဆင့်(၄)အတွင်း ဝင်နိုင်တဲ့အနေအထားမျိုးရှိနေပြီလို့ ကြုံးဝါး
ပြောဆိုခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး
ပြန်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် အင်္ဂါနေ့ကျရင် နော်တင်ဟမ်ဖော်ရက်စ်ကို
အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပြီး ရာသီကုန်ကျရင် အဆင့်(၄)အတွင်းဝင်ဖို့
ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် ပြိုင်ပွဲစုံ နောက်ဆုံး(၁၂)ပွဲမှာ
(၁)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး အခုလောလောဆယ် အဆင့်(၄)နေရာက စပါးအသင်းထက်
(၂)ပွဲလျော့၊ (၄)မှတ်အကွာနဲ့ အဆင့်(၅)နေရာ ရပ်တည်နေပါတယ်။

MUTV နဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်းအနေနဲ့ အဆင့်(၄)အတွင်း
ဝင်နိုင်မလားဆိုပြီး မေးခွန်းထုတ်ခဲ့တော့ မာစီယဲလ်က “ဟုတ်တယ်လေ . .ဘာလို့

မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေရှိနေသလို
စုစည်းမှုအပြည့်ရှိပြီး နိုင်ပွဲတွေလည်း အများကြီးရယူနိုင်ခဲ့ပါတယ်။ လာမယ့်
ပွဲတွေကျရင်လည်း အခု ပုံစံကောင်းကို ဆက်လက်ပြသနိုင်ဖို့ ကြိုးစားရမှာ
ဖြစ်ပါတယ်။

ရှေ့မှာ ပွဲတွေအများကြီး ကစားရမှာဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့တဲ့
ကစားသမားတွေကလွဲလို့ ကျန်တဲ့သူဟာ နားချိန်အလုံအလောက်ရခဲ့ကြပါတယ်။
ကမ္ဘာ့ဖလားကစားခဲ့တဲ့သူတွေလည်း နားရက်တချို့ရခဲ့တာကြောင့် ကျွန်တော်တို့

အားလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်အတွက်အကောင်းဆုံးပုံစံ ပြသပြီးတော့
နိုင်ပွဲတွေ ရသလောက်ယူသွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဆိုပြီး
ဖြေကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား မာစီယဲလ္က သူတို႔အသင္းဟာ
ပရီးမီးယားလိဂ္အဆင့္(၄)အတြင္း ဝင္ႏိုင္တဲ့အေနအထားမ်ိဳးရွိေနၿပီလို႔ ႀကဳံးဝါး
ေျပာဆိုခဲ့ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ ယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံး
ျပန္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲအျဖစ္ အဂၤါေန႔က်ရင္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို
အိမ္ကြင္းပြဲလက္ခံကစားရမွာျဖစ္ၿပီး ရာသီကုန္က်ရင္ အဆင့္(၄)အတြင္းဝင္ဖို႔

ပစ္မွတ္ထားေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားမတိုင္ခင္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၁၂)ပြဲမွာ

(၁)ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး အခုေလာေလာဆယ္ အဆင့္(၄)ေနရာက စပါးအသင္းထက္
(၂)ပြဲေလ်ာ့၊ (၄)မွတ္အကြာနဲ႔ အဆင့္(၅)ေနရာ ရပ္တည္ေနပါတယ္။

MUTV နဲ႔ အင္တာဗ်ဴးမွာ ယူႏိုက္တက္အသင္းအေနနဲ႔ အဆင့္(၄)အတြင္း
ဝင္ႏိုင္မလားဆိုၿပီး ေမးခြန္းထုတ္ခဲ့ေတာ့ မာစီယဲလ္က “ဟုတ္တယ္ေလ . .ဘာလို႔
မျဖစ္ႏိုင္ရမွာလဲ။ ကြၽန္ေတာ္တို႔အသင္းမွာ ကစားသမားေကာင္းေတြရွိေနသလို
စုစည္းမႈအျပည့္ရွိၿပီး ႏိုင္ပြဲေတြလည္း အမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္။ လာမယ့္
ပြဲေတြက်ရင္လည္း အခု ပုံစံေကာင္းကို ဆက္လက္ျပသႏိုင္ဖို႔ ႀကိဳးစားရမွာ

ျဖစ္ပါတယ္။

ေရွ႕မွာ ပြဲေတြအမ်ားႀကီး ကစားရမွာျဖစ္ေပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲ ဆင္ႏႊဲခဲ့တဲ့

ကစားသမားေတြကလြဲလို႔ က်န္တဲ့သူဟာ နားခ်ိန္အလုံအေလာက္ရခဲ့ၾကပါတယ္။
ကမာၻ႔ဖလားကစားခဲ့တဲ့သူေတြလည္း နားရက္တခ်ိဳ႕ရခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔
အားလုံးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ပစ္မွတ္အတြက္အေကာင္းဆုံးပုံစံ ျပသၿပီးေတာ့
ႏိုင္ပြဲေတြ ရသေလာက္ယူသြားႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္”ဆိုၿပီး
ေျဖၾကားခဲ့ပါတယ္။