စီရော်နယ်လ်ဒို မပါနိုင်ပေမယ့် လူငယ်ကြယ်ပွင့် ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့ ပေါ်တူဂီ ဂိုးပြတ်အနိုင်ရ

ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပေါ်တူဂီအသင်းဟာ အဓိက

ကစားသမား စီရော်နယ်လ်ဒို ပွဲထွက်မပါဝင်ပေမယ့် လူငယ်တိုက်စစ်မှူး
ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့အတူ (၆-၁)ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး
ကွာတားဖိုင်နယ်တက်ရောက်သွားပါတယ်။

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲအတွက် ပွဲထွက်
လူစာရင်းမှာ စီရော်နယ်လ်ဒိုကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ပြီး အသက်
(၂၁)နှစ်သာရှိသေးတဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ယုံယုံကြည်ကြည်
နေရာပေးခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

အုပ်စုတွင်းပွဲတွေဖြစ်တဲ့ ဂါနာ၊ ဥရုဂွေးတို့နဲ့ပွဲတွေမှာ ပွဲပြီးခါနီးမှ ဂွန်ကာလိုရာမို့စ်
ပါဝင် ကစားခဲ့ရပေမယ့် အခု ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး

ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း(၁၇)မိနစ်မှာပဲ ယာအိုဖိလစ် ထိုးပေးလိုက်တာက ဂွန်ကာလိုရာမို့စ်က ပြင်းထန်

အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းယူခဲ့ပြီး (၅၁)မိနစ်မှာ ညာခြမ်းကနေ ဒါလော့တ်
ဂိုးရှေ့ ချိုးပေးလိုက်တာကို ဂွန်ကာလိုရာမို့စ် ပိတ်သွင်းယူခဲ့ပါတယ်။ ဟက်ထရစ်ဖြစ်မယ့်
ဂိုးကိုတော့ (၆၇)မိနစ်မှာ ယာအိုဖိလစ်ပေးတာကနေပဲ ဂွန်ကာလိုရာမို့စ်က ဂိုးသမားဆွမ်မာကို
အသာလေးကျော်ပြီး ပါးပါးနပ်နပ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီဟက်ထရစ်ကြောင့် ဂွန်ကာလိုရာမို့စ်ဟာ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးဟက်ထရစ်
သွင်းနိုင်တဲ့သူဖြစ်လာသလို ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ကလိုဆေး (၂၀၀၂)နောက်ပိုင်း
ကမ္ဘာ့ဖလားပွဲဦးထွက်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။

[Zawgyi]

ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ေပၚတူဂီအသင္းဟာ အဓိက

ကစားသမား စီေရာ္နယ္လ္ဒို ပြဲထြက္မပါဝင္ေပမယ့္ လူငယ္တိုက္စစ္မႉး
ဂြန္ကာလိုရာမို႔စ္ရဲ႕ ဟက္ထရစ္နဲ႔အတူ (၆-၁)ဂိုးရလဒ္နဲ႔ ဂိုးျပတ္အႏိုင္ယူၿပီး
ကြာတားဖိုင္နယ္တက္ေရာက္သြားပါတယ္။

ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ ဆြစ္ဇာလန္နဲ႔ကစားမယ့္ပြဲအတြက္ ပြဲထြက္
လူစာရင္းမွာ စီေရာ္နယ္လ္ဒိုကို အံ့အားသင့္စရာေကာင္းေအာင္ ခ်န္လွပ္ၿပီး အသက္
(၂၁)ႏွစ္သာရွိေသးတဲ့ ဘင္ဖီကာတိုက္စစ္မႉး ဂြန္ကာလိုရာမို႔စ္ကို ယုံယုံၾကည္ၾကည္
ေနရာေပးခဲ့တာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။

အုပ္စုတြင္းပြဲေတြျဖစ္တဲ့ ဂါနာ၊ ဥ႐ုေဂြးတို႔နဲ႔ပြဲေတြမွာ ပြဲၿပီးခါနီးမွ ဂြန္ကာလိုရာမို႔စ္
ပါဝင္ ကစားခဲ့ရေပမယ့္ အခု ဆြစ္ဇာလန္နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး

ဟက္ထရစ္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း(၁၇)မိနစ္မွာပဲ ယာအိုဖိလစ္ ထိုးေပးလိုက္တာက ဂြန္ကာလိုရာမို႔စ္က ျပင္းထန္

အားပါတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး (၅၁)မိနစ္မွာ ညာျခမ္းကေန ဒါေလာ့တ္
ဂိုးေရွ႕ ခ်ိဳးေပးလိုက္တာကို ဂြန္ကာလိုရာမို႔စ္ ပိတ္သြင္းယူခဲ့ပါတယ္။ ဟက္ထရစ္ျဖစ္မယ့္
ဂိုးကိုေတာ့ (၆၇)မိနစ္မွာ ယာအိုဖိလစ္ေပးတာကေနပဲ ဂြန္ကာလိုရာမို႔စ္က ဂိုးသမားဆြမ္မာကို
အသာေလးေက်ာ္ၿပီး ပါးပါးနပ္နပ္နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ဒီဟက္ထရစ္ေၾကာင့္ ဂြန္ကာလိုရာမို႔စ္ဟာ လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးဟက္ထရစ္
သြင္းႏိုင္တဲ့သူျဖစ္လာသလို ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးႀကီး ကလိုေဆး (၂၀၀၂)ေနာက္ပိုင္း
ကမာၻ႔ဖလားပြဲဦးထြက္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္

မွတ္တမ္းဝင္ခဲ့ပါတယ္။