စီရော်နယ်လ်ဒို ပြောင်းရွှေ့နိုင်ခြေရှိတဲ့ ကလပ်(၅)သင်းကို The Sun သတင်းစာ ဖော်ပြ

ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက်

အသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ကလပ်အသင်းသစ်
ရှာပုံတော်ဖွင့်ရတော့မှာဖြစ်ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လတုန်းက
ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးပြဿနာကြောင့် ယူနိုက်တက်အသင်းက သူနဲ့
နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့တဲ့အတွက် ကလပ်လက်မဲ့ဖြစ်နေတာပါ။

အခုလောလောဆယ် စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း ရီးယဲလ်အသင်းရဲ့
Valdebebas လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေပြီး ဒီကာလအတွင်း
ကလပ်အသင်းသစ် ရှာဖွေသွားမှာဖြစ်ပါတယ်။

ဗြိတိန်နာမည်ကျော် The Sun သတင်းစာ စီရော်နယ်လ်ဒို ပြောင်းရွှေ့နိုင်ခြေရှိတဲ့
ကလပ်(၅)သင်းကို ခန့်မှန်းဖော်ပြခဲ့ပြီး အဲဒီထဲမှာ နယူးကာဆယ်၊ အယ်လ်နာဆာ၊
LA ဂလက်ဆီ၊ စပို့တင်းလစ္စဘွန်းအပြင် ထူးထူးခြားခြားဆိုသလို အသင်းဟောင်း

ရီးယဲလ်လည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လတွေတုန်းက ရီးယဲလ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ဟာ စီရော်နယ်လ်ဒိုကို

ပြန်ခေါ်မှာ မဟုတ်ဘူးလို့ တရားဝင်ပြောခဲ့ဖူးတာကြောင့် ရီးယဲလ်နဲ့ စီရော်နယ်လ်ဒိုတို့ရဲ့
အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ မရှိပါဘူး။

[Zawgyi]

ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္
အသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ကလပ္အသင္းသစ္
ရွာပုံေတာ္ဖြင့္ရေတာ့မွာျဖစ္ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လတုန္းက
ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးျပႆနာေၾကာင့္ ယူႏိုက္တက္အသင္းက သူနဲ႔
ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့အတြက္ ကလပ္လက္မဲ့ျဖစ္ေနတာပါ။

အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္း ရီးယဲလ္အသင္းရဲ႕
Valdebebas ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ခန္းဆင္းေနၿပီး ဒီကာလအတြင္း
ကလပ္အသင္းသစ္ ရွာေဖြသြားမွာျဖစ္ပါတယ္။

ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာ စီေရာ္နယ္လ္ဒို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့
ကလပ္(၅)သင္းကို ခန႔္မွန္းေဖာ္ျပခဲ့ၿပီး အဲဒီထဲမွာ နယူးကာဆယ္၊ အယ္လ္နာဆာ၊

LA ဂလက္ဆီ၊ စပို႔တင္းလစၥဘြန္းအျပင္ ထူးထူးျခားျခားဆိုသလို အသင္းေဟာင္း
ရီးယဲလ္လည္း ပါဝင္ေနပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့လေတြတုန္းက ရီးယဲလ္ဥကၠ႒ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာ စီေရာ္နယ္လ္ဒိုကို
ျပန္ေခၚမွာ မဟုတ္ဘူးလို႔ တရားဝင္ေျပာခဲ့ဖူးတာေၾကာင့္ ရီးယဲလ္နဲ႔ စီေရာ္နယ္လ္ဒိုတို႔ရဲ႕
အေျပာင္းအေ႐ႊ႕က ျဖစ္ေပၚလာဖို႔ မရွိပါဘူး။