စီရော်နယ်လ်ဒို၊ ပေ့ါဘာတို့ကို ဥပမာပေးပြီး ဒီပိုင်းကို ပြန်မခေါ်ဖို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ စီရော်နယ်လ်ဒိုလို နောက်တစ်ကြိမ်

မဖြစ်အောင်လို့ ကစားသမားဟောင်း ဒီပိုင်းကို ပြန်မခေါ်သင့်ဘူးဆိုပြီး
တောင်းဆိုနေကြပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လက စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်
ဖျက်သိမ်းခဲ့ပြီးတဲ့နောက် တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် လာမယ့်ဇန်နဝါရီ
အပြောင်းအရွှေ့အတွင်း ကစားသမားသစ်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းနဲ့ သတင်းထွက်နေသူတွေထဲမှာ
ကစားသမားဟောင်း ဒီပိုင်းလည်း ပါဝင်နေပြီး ဒီပိုင်းဟာ ဘာစီလိုနာမှာ ပုံမှန်
ကစားခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိကစားခဲ့တဲ့ ဒီပိုင်းဟာ ဂန္ထဝင်
ကျောနံပါတ်(၇)ဝတ်ဆင်ခွင့်ရခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်ဘဲ (၅၃)ပွဲကစား၊
(၇)ဂိုးသာ သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပိုင်းကို ပြန်ခေါ်မယ်ဆိုတဲ့

သတင်းတွေထွက်ပေါ်နေပေမယ့် ပရိသတ်တွေကတော့ စီရော်နယ်လ်ဒို၊ ပေ့ါဘာတို့ကို
ဥပမာပေးပြီး ကန့်ကွက်နေကြပါတယ်။

ပရိသတ်တွေက ‘ပေ့ါဘာ၊ စီရော်နယ်လ်ဒိုတို့ကို ပြန်ခေါ်ခဲ့လို့ ဘာတွေဖြစ်ခဲ့လဲဆိုတာ
ကြည့်ပါဦးကွာ . . .’၊ ‘ဒီပိုင်းဟာ ယူနိုက်တက်မှာ ကစားခဲ့တုန်းက ခြေစွမ်းပြနိုင်လို့လား . .
No ပါပဲ။ ကစားသမားဟောင်းတွေကို ပြန်မခေါ်ပါနဲ့တော့’၊ ‘ငါတို့မှာ ဆန်ချို၊ အန်တိုနီတို့
ရှိနေပြီပဲ . .ဒီပိုင်း မလိုပါဘူး’လို့ အွန်လိုင်းပေါ်မှာ သူတို့အမြင်ကို ရေးသားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ စီေရာ္နယ္လ္ဒိုလို ေနာက္တစ္ႀကိမ္
မျဖစ္ေအာင္လို႔ ကစားသမားေဟာင္း ဒီပိုင္းကို ျပန္မေခၚသင့္ဘူးဆိုၿပီး
ေတာင္းဆိုေနၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့လက စီေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္
ဖ်က္သိမ္းခဲ့ၿပီးတဲ့ေနာက္ တိုက္စစ္ပိုင္းအားျဖည့္ဖို႔အတြက္ လာမယ့္ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕အတြင္း ကစားသမားသစ္ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းနဲ႔ သတင္းထြက္ေနသူေတြထဲမွာ

ကစားသမားေဟာင္း ဒီပိုင္းလည္း ပါဝင္ေနၿပီး ဒီပိုင္းဟာ ဘာစီလိုနာမွာ ပုံမွန္
ကစားခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္ အသင္းနဲ႔ လမ္းခြဲဖို႔ နီးစပ္ေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းမွာ ၂၀၁၅ ကေန ၂၀၁၇ ခုႏွစ္အထိကစားခဲ့တဲ့ ဒီပိုင္းဟာ ဂႏၴဝင္
ေက်ာနံပါတ္(၇)ဝတ္ဆင္ခြင့္ရခဲ့ေပမယ့္လည္း ေျခစြမ္းမျပႏိုင္ဘဲ (၅၃)ပြဲကစား၊
(၇)ဂိုးသာ သြင္းယူခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီပိုင္းကို ျပန္ေခၚမယ္ဆိုတဲ့
သတင္းေတြထြက္ေပၚေနေပမယ့္ ပရိသတ္ေတြကေတာ့ စီေရာ္နယ္လ္ဒို၊ ေပ့ါဘာတို႔ကို
ဥပမာေပးၿပီး ကန႔္ကြက္ေနၾကပါတယ္။

ပရိသတ္ေတြက ‘ေပ့ါဘာ၊ စီေရာ္နယ္လ္ဒိုတို႔ကို ျပန္ေခၚခဲ့လို႔ ဘာေတြျဖစ္ခဲ့လဲဆိုတာ
ၾကည့္ပါဦးကြာ . . .’၊ ‘ဒီပိုင္းဟာ ယူႏိုက္တက္မွာ ကစားခဲ့တုန္းက ေျခစြမ္းျပႏိုင္လို႔လား . .

No ပါပဲ။ ကစားသမားေဟာင္းေတြကို ျပန္မေခၚပါနဲ႔ေတာ့’၊ ‘ငါတို႔မွာ ဆန္ခ်ိဳ၊ အန္တိုနီတို႔
ရွိေနၿပီပဲ . .ဒီပိုင္း မလိုပါဘူး’လို႔ အြန္လိုင္းေပၚမွာ သူတို႔အျမင္ကို ေရးသားခဲ့ပါတယ္။