စီရော်နယ်လ်ဒိုဟာ နောက်ကျောကို ဓားနဲ့ထိုးခဲ့သူဖြစ်တယ်လို့ စွပ်စွဲလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုဟာ သူ့ကို နောက်ကျော

ဓားနဲ့ထိုးခဲ့ပြီး ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးပြောခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့
လတုန်းက ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ စီရော်နယ်လ်ဒိုက ယူနိုက်တက်ဟာ သူ့ကို
သစ္စာဖောက်ခဲ့တယ်လို့ ခံစားမိပြီး အဲရစ်တန်ဟက်အပေါ် လေးစားမှု မရှိဘူးလို့ ဖွင့်ဟ
ပြောဆိုခဲ့ပါတယ်။

အဲဒီအင်တာဗျူးရုပ်သံပေါ်ထွက်လာပြီး ရက်ပိုင်းမှာပဲ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ
စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့
အဲရစ်တန်ဟက်က ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ကလပ်ပွဲစဉ်တွေ ရပ်နားထားချိန်အတွင်း ယူနိုက်တက်အသင်းဟာ
စပိန်နိုင်ငံ၊ Jerez မြို့မှာ အခြေစိုက်နေထိုင်ပြီး လက်ကျန်ရာသီဝက်အတွက်

လေ့ကျင့်ခန်းဆင်းနေပြီး အဲဒီမှာ အဲရစ်တန်ဟက်က မီဒီယာတွေနဲ့ တစ်နာရီကြာ အင်တာဗျူး
လုပ်ခဲ့ပါတယ်။

အဲဒီအင်တာဗျူးမှာ အဲရစ်တန်ဟက်က “ပြီးခဲ့တဲ့နွေရာသီတုန်းက စီရော်နယ်လ်ဒိုနဲ့
ကျွန်တော် တစ်ခါလောက် တွေ့ဆုံစကားပြောခဲ့ပါတယ်။ အဲဒီတုန်းက စီရော်နယ်လ်ဒိုဟာ
အသင်းမှာ သူ ဆက်နေဖို့ ရှိ၊ မရှိကို (၇)ရက်အတွင်း အကြောင်းပြန်မယ်လို့ ကျွန်တော့်ကို
အသိပေးခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ စီရော်နယ်လ်ဒိုက အသင်းမှာ သူ
ဆက်နေမယ်ဆိုပြီး ပြောခဲ့ပါတယ်။

အင်တာဗျူးကိစ္စ မပေါ်လာခင်အထိ စီရော်နယ်လ်ဒိုဆီကနေ ဘာအသံမှ ကျွန်တော် မကြားခဲ့ပါဘူး။
အသင်းက ထွက်ချင်တယ်လို့ စီရော်နယ်လ်ဒို ကျွန်တော့်ကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။

ကလပ်အသင်းအနေနဲ့ ဒီလို အင်တာဗျူးကို လက်သင့်ခံမှာ မဟုတ်လောက်ဘူးလို့ ကျွန်တော်
ထင်ပါတယ်။ အဲဒီအတွက် အကျိုးရလဒ်တစ်ခုထွက်ပေါ်လာမှာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာလည်း
အဲဒါကို ကြိုသိခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က စီေရာ္နယ္လ္ဒိုဟာ သူ႔ကို ေနာက္ေက်ာ
ဓားနဲ႔ထိုးခဲ့ၿပီး ေရွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳးေျပာခဲ့တယ္လို႔ စြပ္စြဲလိုက္ပါတယ္။ ၿပီးခဲ့တဲ့
လတုန္းက ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ စီေရာ္နယ္လ္ဒိုက ယူႏိုက္တက္ဟာ သူ႔ကို
သစၥာေဖာက္ခဲ့တယ္လို႔ ခံစားမိၿပီး အဲရစ္တန္ဟက္အေပၚ ေလးစားမႈ မရွိဘူးလို႔ ဖြင့္ဟ

ေျပာဆိုခဲ့ပါတယ္။

အဲဒီအင္တာဗ်ဴး႐ုပ္သံေပၚထြက္လာၿပီး ရက္ပိုင္းမွာပဲ ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ

စီေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး အဲဒီကိစၥနဲ႔ပတ္သက္လို႔
အဲရစ္တန္ဟက္က ျပန္လည္ေျဖရွင္းခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ကလပ္ပြဲစဥ္ေတြ ရပ္နားထားခ်ိန္အတြင္း ယူႏိုက္တက္အသင္းဟာ
စပိန္ႏိုင္ငံ၊ Jerez ၿမိဳ႕မွာ အေျခစိုက္ေနထိုင္ၿပီး လက္က်န္ရာသီဝက္အတြက္
ေလ့က်င့္ခန္းဆင္းေနၿပီး အဲဒီမွာ အဲရစ္တန္ဟက္က မီဒီယာေတြနဲ႔ တစ္နာရီၾကာ အင္တာဗ်ဴး
လုပ္ခဲ့ပါတယ္။

အဲဒီအင္တာဗ်ဴးမွာ အဲရစ္တန္ဟက္က “ၿပီးခဲ့တဲ့ေႏြရာသီတုန္းက စီေရာ္နယ္လ္ဒိုနဲ႔
ကြၽန္ေတာ္ တစ္ခါေလာက္ ေတြ႕ဆုံစကားေျပာခဲ့ပါတယ္။ အဲဒီတုန္းက စီေရာ္နယ္လ္ဒိုဟာ
အသင္းမွာ သူ ဆက္ေနဖို႔ ရွိ၊ မရွိကို (၇)ရက္အတြင္း အေၾကာင္းျပန္မယ္လို႔ ကြၽန္ေတာ့္ကို

အသိေပးခဲ့ပါတယ္။ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ စီေရာ္နယ္လ္ဒိုက အသင္းမွာ သူ
ဆက္ေနမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

အင္တာဗ်ဴးကိစၥ မေပၚလာခင္အထိ စီေရာ္နယ္လ္ဒိုဆီကေန ဘာအသံမွ ကြၽန္ေတာ္ မၾကားခဲ့ပါဘူး။
အသင္းက ထြက္ခ်င္တယ္လို႔ စီေရာ္နယ္လ္ဒို ကြၽန္ေတာ့္ကို တစ္ခါမွ မေျပာခဲ့ဖူးပါဘူး။
ကလပ္အသင္းအေနနဲ႔ ဒီလို အင္တာဗ်ဴးကို လက္သင့္ခံမွာ မဟုတ္ေလာက္ဘူးလို႔ ကြၽန္ေတာ္
ထင္ပါတယ္။ အဲဒီအတြက္ အက်ိဳးရလဒ္တစ္ခုထြက္ေပၚလာမွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုဟာလည္း
အဲဒါကို ႀကိဳသိခဲ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။