စီရော်နယ်လ်ဒိုလိုပဲ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုရခဲ့ပေမယ့် ငြင်းဆန်ပြီး ဂရီမီယိုအသင်းကို ပြောင်းရွှေ့ခဲ့သူ ဆွာရက်ဇ်

အသင်းလက်မဲ့ဖြစ်နေတဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ

ဘရာဇီးလ် ထိပ်သီးကလပ် ဂရီမီယိုအသင်းနဲ့ (၂)နှစ်စာချုပ်,ချုပ်ဆိုလိုက်ပြီ
ဖြစ်ပါတယ်။

ဂရီမီယိုအသင်ဟာ ဆွာရက်ဇ်နဲ့အပြောင်းအရွှေ့သတင်းကို သူတို့ရဲ့ Twitter
မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့သလို ကျောနံပါတ်(၉)နဲ့အတူ အမှာစကား
ပြောနေတဲ့ ဆွာရက်ဇ်ရဲ့ ရုပ်သံဖိုင်ကိုလည်း Post တင်ခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဆွာရက်ဇ်ဟာ ၂၀၂၂၊ မေလက
အက်သလက်တီကိုနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဘောလုံးသမားဘဝစတင်ရာ
အသင်းဟောင်း နေစီယွန်နယ်ကို ကာလတို စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး
အသင်းနဲ့အတူ ဥရုဂွေးအမှတ်ပေးဖလား၊ Torneo Clausura ဆုဖလားတွေ

ရယူခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နေစီယွန်နယ်အသင်းနဲ့ စာချုပ်သက်တမ်း

ပြည့်သွားပြီး အခု ဂရီမီယိုအသင်းဆီ ဆွာရက်ဇ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဆွာရက်ဇ်ကို မေဂျာလိဂ်နဲ့ မက္ကဆီကို ကလပ်တွေသာမက ဆော်ဒီကလပ်တချို့က
မက်လောက်စရာ လစာငွေပေးပြီးတော့ ကမ်းလှမ်းခဲ့ပေမယ့် ဆွာရက်ဇ်က
ငြင်းဆန်ပြီး ဂရီမီယိုအသင်းနဲ့ စာချုပ်,ချုပ်ခဲ့ပါတယ်။

ဆွာရက်ဇ်နဲ့ ခေတ်ပြိုင်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုဟာ မကြာသေးခင်က ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို
မြင့်မားတဲ့လစာငွေနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီအတွက် ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။

ဆွာရက်ဇ်ကတော့ စီရော်နယ်လ်ဒို လမ်းစဉ် မလိုက်ဘဲ သူ့ရဲ့ ဘောလုံးသမားဘဝကို
ဘရာဇီးလ်မှာ ဆက်လက်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

[Zawgyi]

အသင္းလက္မဲ့ျဖစ္ေနတဲ့ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးႀကီး လူးဝစ္ဆြာရက္ဇ္ဟာ
ဘရာဇီးလ္ ထိပ္သီးကလပ္ ဂရီမီယိုအသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုလိုက္ၿပီ
ျဖစ္ပါတယ္။

ဂရီမီယိုအသင္ဟာ ဆြာရက္ဇ္နဲ႔အေျပာင္းအေ႐ႊ႕သတင္းကို သူတို႔ရဲ႕ Twitter
မွာ တရားဝင္ထုတ္ျပန္ေၾကညာခဲ့သလို ေက်ာနံပါတ္(၉)နဲ႔အတူ အမွာစကား
ေျပာေနတဲ့ ဆြာရက္ဇ္ရဲ႕ ႐ုပ္သံဖိုင္ကိုလည္း Post တင္ခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆြာရက္ဇ္ဟာ ၂၀၂၂၊ ေမလက
အက္သလက္တီကိုနဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ေဘာလုံးသမားဘဝစတင္ရာ
အသင္းေဟာင္း ေနစီယြန္နယ္ကို ကာလတို စာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး

အသင္းနဲ႔အတူ ဥ႐ုေဂြးအမွတ္ေပးဖလား၊ Torneo Clausura ဆုဖလားေတြ
ရယူခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနစီယြန္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း
ျပည့္သြားၿပီး အခု ဂရီမီယိုအသင္းဆီ ဆြာရက္ဇ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
ဆြာရက္ဇ္ကို ေမဂ်ာလိဂ္နဲ႔ မကၠဆီကို ကလပ္ေတြသာမက ေဆာ္ဒီကလပ္တခ်ိဳ႕က
မက္ေလာက္စရာ လစာေငြေပးၿပီးေတာ့ ကမ္းလွမ္းခဲ့ေပမယ့္ ဆြာရက္ဇ္က
ျငင္းဆန္ၿပီး ဂရီမီယိုအသင္းနဲ႔ စာခ်ဳပ္,ခ်ဳပ္ခဲ့ပါတယ္။

ဆြာရက္ဇ္နဲ႔ ေခတ္ၿပိဳင္ကစားသမားတစ္ဦးျဖစ္တဲ့ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္က ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းကို

ျမင့္မားတဲ့လစာေငြနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲဒီအတြက္ ေဝဖန္သံေတြထြက္ေပၚေနပါတယ္။
ဆြာရက္ဇ္ကေတာ့ စီေရာ္နယ္လ္ဒို လမ္းစဥ္ မလိုက္ဘဲ သူ႔ရဲ႕ ေဘာလုံးသမားဘဝကို
ဘရာဇီးလ္မွာ ဆက္လက္ျဖတ္သန္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။